Sunday, March 27, 2011

သစ္စာဆိုတာ

*** သစ္စာ ဆိုတာ***

တစ်ခါတုန်းက ဟိမ၀န္တာ တောကြီးထဲမှာ..ရသေ့ကြီးတစ်ပါးသီတင်းသုံးနေထိုင်ပါတယ်..တောကြီးနဲ့ မနီးမဝေးရွာမှာတော့ပုဏ္ဏားလင်မယားရှိပါတယ် ရသေ့ကြီးကိုဥပုဒ်နေ့ တိုင်းဆွမ်းကွမ်းတွေ..အမြဲလာလှူတဲ့ဒကာရင်းပေါ့..တစ်နေ့ တော့ပုဏ္ဏားလင်မယားနဲ့ ၆နှစ်အရွယ်..တစ်ဦးတည်းသောသားငယ်လေး..ဆရာရသေ့ကြီးဆီဆွမ်းပို့ အလာသားငယ်လေးကကလေးသဘာဝဆော့နေရင်းနဲ့ .ကစားစရာလေးတွင်းတစ်တွင်းထဲကျသွားလို့ လက်နဲ့ အနှိုက်မှာတောကြီးမြွေဟောက်.ပေါက်ခံရပြီးမြွေဆိပ်တွေတက်လို့ တစ်ကိုယ်လုံးပြာနှမ်းပြီး..မေ့မြောနေပါတယ်..ပုဏ္ဏားလင်မယားဟာငိုကြီးချက်မနဲ့ ဆရာရသေ့ကြီးကိုအကူအညီတောင်းပါတယ်...ဆရာရသေ့ကြီးက.

..''ဆရာ့ဆီမှာတော့..ဘာဆေးမြီးတိုမှမရှိဘူးကွဲ့ ..ဆေးလဲမကုတတ်ဘူး''..ပုဏ္ဏားလင်မယားဟာ သားငယ်လေးကိုကြည့်လိုက်..ငိုလိုက်နဲ့ သောကမီးတွေတောက်လောင်နေတာပေါ့..အဲဒါနဲ့ ဆရာရသေ့ကြီးက ''ကဲ..ငိုမနေကြနဲ့ ..ဆေးမြီးတိုမရှိပေမယ့်..တို့ရဲ့ မှန်ကန်တဲ့သစ္စာနဲ့  ကုကြတာပေါ့...အဲ့ဒါနဲ ဆရာရသေ့ကြီး ဟာ ခွက်တစ်ခုထဲ ရေဖြည့်ပြီး..သစ္စာစပြုပါတယ် **ငါသည်..ရသေ့ဘ၀စရောက်သည့်နေ့ မှစပြီးဒီကနေ့အထိရသေ့ဘ၀မှာတစ်ရက်ကလေးမှမပျော်ခဲ့ပါ.ဖခင်ရဲ့ ဆန္ဒကိုမလွန်ဆန်နိုင်သောကြောင့်သာရသေ့ဝတ်ခဲ့ရပါသည်...ထိုသစ္စာစကားမှန်ကန်ပါက..သူငယ်လေးရဲ့ မြွေဆိပ်ကျပါစေသား**သစ္စာဆိုပြီးတာနဲ့ ဆရာရသေ့ကြီးဟာရေကိုသူငယ်လေးရဲ့ ခေါင်းကနေဖြန်းလိုက်တာနဲ့ တပြိုင်ထဲ သူငယ်လေးရဲ့ မြွေဆိပ်ဟာခေါင်းကနေ..ရင်ဘတ်ထိ ကျသွားပါတယ်..ဆရာရသေ့ကြီးကပုဏ္ဏားလင်မယားဘက်လှည့်ပြီးတော့.''ကဲ..ငါ့သစ္စာရဲ့  အစွမ်းကတော့ ဒီလောက်ပဲ ထက်တယ်ကွဲ့  ဒကာကြီးတို့ ပဲသစ္စာဆက်ပြုကြ"'အဲ့ဒါနဲ့ ရေခွက်ကို ပုဏ္ဏားကြီးဘက် လှမ်းပေးလိုက်ပါတယ် ပုဏ္ဏားကြီး ကရေခွက် ကိုကိုင်ပြီး သစ္စာပြုပါတယ်.**ငါသည်..ဃခုကိုးကွယ်နေသောရသေ့ကြီးကို နည်းနည်းလေးမှမကြည်ညိုပါ..ဆွမ်းကွမ်းကိစ္စလည်းမလှူချင်ပါ မိဘများလက်ထပ်ကတည်းကကိုးကွယ်ခဲ့သောကြောင့်သာ..ကိုးကွယ်ရပါသည်.ထိုမှန်ကန်သောသစ္စာစကားကြောင့်

..သားငယ်၏အဆိပ်များကျပါစေသား..**ဆိုပြီးရေနဲ့သားငယ်လေးရဲ့ ၇င်ဘတ်ကခြေမအထိဖြန်းလိုက်တာမြွေဆိပ် ဟာ ရင်ဘတ်ကနေ ခါးထိကျသွးပါတယ်..ပုဏ္ဏားကြီးက ငါ့သစ္စာရဲ့ အစွမ်းကဒီလောက်ပဲ ထက်တယ်ကွဲ့  ရေခွက်ကို ပုဏ္ဏေးမကြီးကိုလှမ်းပေးပါတယ်..ပုဏ္ဏေးမကြီး ဟာရေခွက်ကိုကိုင်ပြီး သစ္စာဆိုပါတယ်..**ငါသည်..ပုဏ္ဏားကြီးအားချစ်လို့ လက်ထပ်ခဲ့ခြင်းမဟုတ်ပါ..မေတ္တာလည်းတစ်စက်ကလေးမှမရှိခဲ့ပါ..မိဘများသဘောတူပေးစားလို့ သာ လက်ခံခဲ့ရပါသည်..ယခုအဆိပ်သင့်နေသော သားငယ်လေး၏အသက်နှင့်ပုဏ္ဏားကြီး၏အသက်လဲလို့ ရလျှင်လဲပါမည်..ထိုမှန်ကန်သောသစ္စာစကားကြောင့်သားငယ်လေး၏အဆိပ်များ အကုန်ကျပါစေသား* ဆိုပြီးတော့ သားလေးရဲ့ ခါးကနေ ခြေမအထိ ရေလေးနဲ့ ဖြန်လိုက်တာ မြွေဆိပ်ဟာ ချက်ချင်းလို အကုန်ကျသွားပါတယ်..သားငယ်လေးလဲ ပကတီအတိုင်းနေကောင်းသွားပါတယ်..

ကဲ..သူငယ်ချင်းတို့ ရေ..**သစ္စာ** ဆိုတဲ့ဝေါဟာရလေးကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ..ပုံပြင်ထဲကအတိုင်းဆိုရင်တော့.ရသေ့ကြီးရော.

.ပုဏ္ဏားကြီးရော..ပုဏ္ဏေးမရော...တစ်ဦးအပေါ်တစ်ဦး..မကောင်းကြပါဘူး.. ဘာဖြစ်လို့ သူတို့ ကြောင့် ကလးငယ်လေး အဆိပ်ကျသွားရတာလဲ.

တို့ ရဲ့ မြတ်စွာဘုရားရှင် ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရတဲ့ကာလတစ်လျှောက်မှာ ပါရမီနုတဲ့ဘ၀တွေမှာ..ကံငါးပါးမလုံခဲ့ပါဘူးမလုံခဲ့လို့ လဲ ငရဲကျခဲ့ရတဲ့ဘ၀တွေရှိခဲ့ပါတယ်.ဒါပေမယ့်တစ်ခုတည်းသောကံကိုတော့ အသက်အသေခံ.စည်းစီမ်အစွန့် ခံပြီးစောင့်ထိန်းခဲ့တယ် အဲဒီကံကတော့...မုသာဝါဒ ကံပါပဲ...သစ္စာလေးပါး မြတ်တရားကိုဟောဖို့ အတွက်..၄သင်္ချေ ကမ္ဘာတစ်သိန်းတိတိ သစ္စာပါရမီကိုမကျိုးမပေါက်အောင်ထိန်းနိုင်ခဲ့ပါတယ်

တကယ်တော့**သစ္စာ**ဆိုတာ ၀န်ခံခြင်းပါ ကုသိုလ် အကုသိုလ် နဲ့ မဆိုင်ဘူးအကောင်း အဆိုးနဲ့ လဲမဆိုင်ပါဘူး အမှား အမှန်နဲ့ လဲမဆိုင်ပါဘူး..မှန်မှန်ကန်ကန်ဝန်ခံခြင်းနဲ့ ပဲဆိုင်ပါတယ်...သူငယ်ချင်းတို့ ရော..အပြစ်တစ်စုံတစ်ရာ ကျုးလွန်ခဲ့တဲ့အခါ..မှန်မှန်ကန်ကန်ဝန်ခံတဲ့သူဆိုရင်တော့..သူငယ်ချင်းတို့ ဟာ **သစ္စာ**ရှင်တွေပေါ့နော်..

Smileကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏Smile


၁၀တန်းတုန်းက.ဆရာပြောပြတဲ့ ပုံပြင်လေးပါ

Post...By.....ချမ်းချမ်း


No comments: