Wednesday, March 28, 2012

********နှစ်ပတ်လည်*******


၂၇.၃.၂၀၁၂ ရက်နေ့ မှာ ချမ်းချမ်း ရဲ့ Blogspot သက်တမ်းလေး တစ်နှစ်ပြည့်ခဲ့ပါပြီ။ ဘလောဒ့်ဂါတစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် တစ်ကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဆရာကြီးလင်းဦး စိတ်ရောဂါ အဲမှားလို့ လင်းဦး(စိတ်ပညာ) က စာပေတစ်ကယ်ဝါသနာပါရင် Blogspot ချိတ်ပြီး အိမ်မှာ အားတဲ့အချိန် စာတွေ ရေးပြီး တင်လို့ ရတာပဲလို့ ပြောတော့ ... လီယိုတော်စတွိုင်းရဲ့  ****သင်ကိုယ်တိုင်က စိတ်ဝင်စားခြင်းမရှိသောအကြောင်းအရာကို ဘယ်တော့မှ စာမရေးပါနှင့် စာတစ်အုပ်ရေးဖို့  အကြံရပေမယ့် မရေးရင် မဖြစ် ဟု သင်ကိုယ်တိုင်ခံစားမလာပဲ မရေးပါနှင့်*** ဆိုတဲ့ ဒဿနလေးကို သတိ၇တော့.... ကိုယ်တိုင်က စာပေတစ်ကယ်စိတ်ဝင်စားတော့ အွန်လိုင်းပေါ် အမြဲတမ်းမတက်ဖြစ်တော့ပေမယ့် ကိုယ်တွေ့ ကြုံမှတ်သား လေ့လာထားတွေကို ကိုယ်သိသလို သူတစ်ပါးသိရင် ဆင်ခြင်လေ့လာနိုင်ပါစေ။ အမှားတွေ ကင်းပါစေတဲ့ ဆန္ဒ နဲ့ Blogspot ချိတ်ပြီး စာတွေရေးဖြစ်သွားတာပါ။ ကိုယ်တိုင်က စာဖတ်တာဝါသနာပါပေမယ့် ရေးရမှာတော့ တော်တော်လေးပျင်းပါတယ်..ပျင်းရတဲ့အကြောင်းအရင်းက စာသီးသန့် ရေးဖို့ အချိန်မရှိပါဘူး။အလုပ်ကပြန်ချိန်လည်းနောက်ကျပါတယ်။ မြန်မာကီးဘုတ်ကလည်းမ၇ှိတော့ စာရေးတာလက်မသွက်ပြန်ဘူး။ ဒါ့ကြောင့် ပိုစ့်တွေ တစ်ပုဒ်နဲ့ တစ်ပုဒ်က လ နဲ့ ချီတောင်ကြာပါတယ်။ဘလောဒ့်ဂါတစ်ယောက်သာဖြစ်လာတာ ပိုစ့်တွေကိုအမြဲမတင်နိုင်တဲ့ သူပါ.ဘာပဲဖြစ်ဖြစ် ဒီနေရာလေးကို ရောက်လာတဲ့သူတွေကိုတော့ လေ့လာမှတ်သားစရာတစ်ခုခု ကျန်အောင်တော့ ရင်ထဲကလာတဲ့ခံစားချက်တွေနဲ့ ရေးတဲ့စာတွေပဲကြိုးစားမျှဝေသွားမှာပါ.. ချမ်းချမ်းကိုယ်တိုင် ဘ၀အကြောင်းကို စာပေတွေ ပတ်ဝန်းကျင်တွေကနေတဆင့် လေ့လာပီး ကိုယ့်ကိုယ်ကို ထိန်းကျောင်းလာခဲ့တာပါ။ တစ်ကယ်တော့စာအုပ်စာပေ ဆိုတာ လူ့ မိတ်ဆွေပါ။


စာပေနဲ့ ပက်သက်ပြီး ဆရာတော်အရှင်ဇ၀န(မေတ္တာရှင်ရွှေပြည်သာ)ရေးသားထားတဲ့  အစားသုံးမျိုး နဲ့ တူသောစာဆိုပြီးစာသုံးမျိုးရှိပါတယ်
 ၁။ ကွမ်းယာစားတာနဲ့တူသောစာ
၂။ကြံစားတာနဲ့တူသောစာ
 ၃။ပျားရည်စားတာနဲ့ တူသောစာ
 ဆိုပြီး သုံးမျိုး၇ှိပါတယ်

 ၁။ ကွမ်းယာစားတာ နဲ့ တူသောစာ... ကွမ်းယာကို လူတိုင်းမကြိုက်သလို လူတိုင်းလဲမစားပါဘူး စားတဲ့သူတွေအတွက်တော့..အပျင်းဖြေအနေနဲ့ သာစားတာ ကျန်းမာရေးနဲ့ လဲမညီညွတ်ဘူး စပြီးဝါးလိုက်တယ်..ပြီးတော့ အရည်လဲထွေးထုတ်ရတယ်.. အဖတ်တွေလဲပစ်လိုက်ရတယ်. မျိုချရင်လဲ ကျောက်ကပ်မှာ ကျောက်တည်ဦးမှာလေ။ ကဲ ကွမ်းယာစားတာဘာအကျိုးရလဲ..ကြိုက်တဲ့ သူတွေအတွက်တော့အပြင်းဖြေ၀ါးတာပေါ့ မကြိုက်တဲ့သူတွေအတွက်တော့..အလကားပိုက်ဆံဖြုန်းနေတာပေါ့ .. စာဖတ်တဲ့ နေရာမှာလဲ.ကွမ်းယာနဲ့တူသောစာ ဆိုတာက စိတ်ကူးယဉ် အချစ် အလွမ်း တွေ အပစ်အခတ်သိုင်းဝထ္ထုတွေ.က ကွမ်းယာနဲ့တူသောစာတွေပါ..ဖတ်လိုက်တော့ ကိုယ့်အတွက်ဘာအကျိုးရလဲ..အပြင်းဖြေဖတ်တာပေါ့။ ကောင်လေးနဲ့ ကောင်မလေးစတွေ့ တယ်ကြိုက်သွားတယ် ရည်းစားစကားပြောမယ်.နောက်ဆုံးညားရင်ညား မညားရင် ကွဲမယ်.အချစ်ဆိုတာ စိတ်ကူးယဉ်နဲ့ လက်တွေ့ မှာတစ်ခြားစီပါပဲ. အခုခေတ်ပေါ်နေတဲ့ အချစ်ဝတ္ထုတွေ တော်တော်များများဟာ လူငယ်တွေရဲ့ ကိုယ်ကျင့်တရားနဲ့ စိတ်ဓါတ်ပြုပြင်ဖို့ ရေးတာထက် လူငယ်အကြိုက် အချစ်အလွမ်းအနမ်းတွေကိုအဓိကထားတယ်။.။အချစ်ဝတ္ထုဖတ်ပြီးရည်းစားထားတဲ့ သူအိမ်ထောင်ပြုသွားတဲ့သူတိုင်း ကိုယ်ဖတ်လိုက်တဲ့ ဇာတ်လမ်းလေးထဲကလို ဘ၀ဟာ တစ်ကယ် ပဲသာယာဖြောင့်ဖြူးပါသလား။

 ၂။ ကြံစားတာနဲ့ တူသောစာ.. ကြံကိုစားလိုက်တဲအခါအရသာကချိုပြီးရင်အေးတာပေါ့.ဒါပေမယ့်အချိုဓါတ်ကုန်သွားရင်အရသာမ၇ှိတော့ပါဘူးအဖတ်တွေပဲကျန်တော.့ထွေးထုတ်လိုက်ရတာပေါ့.. စာမှာလဲ ဘ၀သရုပ်ဖော်.ဘ၀သင်ခန်းစာပေးတဲ့ စာတွေ.လေ့လာမှတ်သားစရာလေးတွေ ဆောင်ရန်ရှောင်ရန်လေးတွေ ကိုဖတ်လိုက်ရတော့.. ကိုယ့်ဘ၀အတွက်ဘယ်လိုကောင်းအောင် ဘယ်လိုမျိုးအမှားတွေမဖြစ်အောင်ကြိုတင်ပြီးအသိလေးနဲ့ ထိန်းနိုင်ပါတယ် အဲ့ဒီစာတွေက အချစ် အလွမ်းစာတွေထက်နည်းနည်းသာသွားပါပြီ.. .ဒါပေမယ့်..ဒီတစ်ဘ၀အတွက်ပဲကောင်းကျိုးပေးပါတယ် နောင်ဘ၀သံသရာအတွက်..တော့အကျိုးမပေးပါဘူး ဒီဘ၀ကျင့်ကြံရင်ဒီတစ်ဘ၀ပဲ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ နေနိုင်တာပါ ဒါကြောင့်မို့ လို့ ကြံနဲု့ တူတဲ့ စာအမျိုးအစာနဲ့ တူသွားတာပါ..

 ၃။ ပျားရည်နဲ့ တူတဲ့စာ.. ပျားရည်ကိုစားလိုက်ရင် အရသာလဲချိုပါတယ်..ဆေးဘက်လဲဝင်ပါတယ်..ပစ်စရာလဲမရှိပါဘူး အကုန်အသုံးဝင်သလို စာဖတ်တဲ့ နေရာမှာလဲ လောကီလောကုတ္တရာ အကျိုးပြုတရားစာတွေဟာ ပျားရည်နဲ့ တူတဲ့ စာပါ.စိတ်ညစ်ပူလောင်နေတဲ့ အချိန်မှာ တရားစာတွေဖတ်ကြည့်လိုက်ပါ.ပူလောင်မှုတွေလျှော့သွားပါလိမ့်မယ်. တစ်သက်လုံးကျင့်ကြံရင်လဲတစ်သက်လုံးစိတ်ချမ်းသာမယ် နောက်ဘ၀သံသရာအတွက်လဲအလွန်အကျိုးပေးပါတယ်.. ပစ်စရာလုံးဝမရှိအောင် အနှစ်တွေချည်းပဲမို့ ..ဆေးဘက်ဝင်တဲ့ ပျားရည်နဲ့ တူတဲ့ စာ အမျိုးအစားနဲ့ တူသွားတာပါ.. ဒါ့ကြောင့် စာရေးတိုင်း ကိုယ်ရေးလိုက်တဲ့ စာဘယ်အမျိုးအစားထဲမှာပါလဲ ဖတ်တဲ့သူအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာ ဆိုတာ စာရေးတဲ့သူတိုင်း သတိထားသင့်ပါတယ်. စာဆိုတာ နှလုံးသားရဲ့ အဟာရပါ။

 နောက်ထပ် မှတ်သားစရာတစ်ခုက သက်တန့် ၇ွာလေးထဲမှာ ဖတ်ခဲ့ရတဲ့ ပိုစ့်လေးတစ်ခုပါ. ပိုစ့်ခေါင်းစဉ်က.သူခိုးထက် ဆိုးတဲ့ ဘလော့ဂါများမ ဖြစ်အောင် စာရေးတဲ့သူတိုင်း ဆင်ခြင်သင့်တဲ့ ပိုစ့်လေးပါပဲ . မူရင်းပုံပြင်ဟာ Ralston ရဲ့  Krilof and His Fabble စာအုပ်ထဲကပါ ပုံပြင်အမည်က

                        ***စာရေးဆရာ နှင့် သူခိုး***ပါ

ရှေးတုန်းက ငရဲပြည်က ယမမင်းကြီး ရှေ့ သို့  စာရေးဆရာ တစ်ဦးနှင့် သူခိုးတစ်ယောက် တစ်ပြိုင်နက် ရောက်လာကြတယ်။ စာရေးဆရာ ဆိုသူဟာ ငရဲပြည်မရောက်မီ လူ့  ပြည်မှာတုန်းက အလွန်နာမည်ကြီး ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦး ဖြစ်ခဲ့တယ်။ သူခိုးဆိုသူကတော့ အလစ်သုတ် ဖောက်ထွင်းသူခိုး လမ်းဓားပြလုပ် ဆိုတဲ့  အဆိုးမှန်သမျှ အကုန်လုပ်လာတဲ့ လူပါ။ သူတို့ နှစ်ယောက် ယမမင်းကြီး ထံမှောက်မှာ အစစ်အဆေးခံပြီးတော့ ပြစ်ဒါဏ်အသီးသီး ချမှတ်ခံကြရပါတယ်။ ငရဲသားတွေက ငရဲအိုးကြီးနှစ်လုံးထဲမှာ တစ်ယောက်စီထည့်ပြီး ဒယ်အိုး အောက်မှာ ငရဲမီးတွေ ဖိုပေးလိုက်တယ်။ သူခိုးရဲ့  ဒယ်အိုးအောက်က ငရဲမီးတွေဟာ ၊ မီးတောက်မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့  ကျောက်သားအမိုးကြီးတောင် တဖျစ်ဖျစ်မြည် လာတဲ့အထိ ပူပြင်းတယ်လို့  ဆိုပါတယ်။ အဲ ... စာရေးဆရာရဲ့  ဒယ်အိုးအောက်ကျတော့ ငရဲသားတွေက ငရဲမီးသေးသေးကလေး ဖိုပေးထားလိုက်ပါတယ်။ အဲဒီ ငရဲမီးသေးသေးကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲ ထိန်လင်းနေပါသတဲ့ ။

 နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့ အခါမှာ သူခိုးရဲ့  ငရဲအိုးအောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန်လျော့ပြီး မီးငြိမ်းသွားပါတယ်။ နာမည်ကျော် စာရေးဆရာရဲ့  ငရဲအိုး အောက်က မီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်းလာလေ ဖြစ်ပြီး မီးတောက်မီးလျှံတွေ ပိုပြီး ကြီးမားလာပါတယ်။ ကြာလေပိုပြီး ပူလောင်လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့  ငရဲမီး ငြိမ်းသေသွားတာ မြင်ရပြီး သူ့ ငရဲမီးက အရှိန်ကောင်းလာတာ တွေ့ ရတဲ့  စာရေးဆရာ နာမည်ကျော်က ..... ငါဟာ ပိုက်ဆံမက်မောပြီး င့ါကလောင်ကို လွတ်လွတ်လပ်လပ် ရေးချင်ရာရာတွေ ရေးခဲ့တဲ့  အပြစ်ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတပါးပစ္စည်းကို မတရားလုယက် ခိုးယူနေတဲ့ သူခိုးနဲ့  နှိုင်းစာလျှင် ငါ့ အပြစ်က ဘာမှ မကြီးလှပါဘူး။ ဒီလို ငါ့မှာ အပြစ်ကြီးကြီး မရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒါဏ်ခံရတာတော့ မမျှတပါဘူး၊.... လို့ တွေးမိပြီး .... ဘုရားသခင် မတရားဘူး.... လို့  အော်ဟစ်ပါတော့တယ်။

.......................................... အဲဒီအခါ ငရဲသူမတစ်ယောက် ဗြုန်းကနဲ ပေါ်လာပြီး နာမည်ကျော်စာရေးဆရာကို ကြိမ်းမောင်းတော့တာပါပဲ။ ဟဲ့ ။။ လူယုတ်မာ ... ။ နင် ဘုရားသခင်ကို ဘာကြောင့်အပြစ်ဆိုနေရတာလဲ ။ နင့်က နင့်ကိုယ်ကို သူခိုးနဲ့  နှိုင်းနေရသလား ။ သူခိုးရဲ့ အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့  နှိုင်းစာလျှင် ဘာမှ မပြောပလောက်ဘူး။ သူခိုးဟာ လူ့ ဘဝတလျောက်လုံး တရားလက်လွတ် ဥပဒေမဲ့  ဆိုးပေခိုးတိုက်လာတဲ့  အပြစ်ကလေးပဲ ရှိတယ်။ နင့်အပြစ်တွေကို ကြည့်စမ်း။ နင်ရေးသားခဲ့တဲ့  စာပေအဆိပ်တွေဟာ လူတွေရဲ့  စိတ်ဓာတ် စာရိတ္တကို ချိနဲ့  သတ္တိကြောင်စေရုံသာမက ၊ ပတ်ဝန်းကျင် လူ့ လောကကြီး တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ၊ အဆိပ်အတောက်တွေ ပျံ့ နှံ့  လာလေလေ ဖြစ်နေတာပဲ။ ဟိုမှာကြည့်စမ်း။ နင့်အရေးအသားကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့  ဒုစရိုက်ရာဇဝတ်မှုတွေ ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတဲ့သူတွေ၊ မိဘစကားနားမထောင်ဘဲ မိဘကို အရှက်ကွဲ အကျိုးနည်းအောင် မိဘ စိတ်ဆင်းရဲအောင် ဆိုးပေပျက်ဆီးနေတဲ့ ကလေးတွေ ၊ အဲဒီကလေးတွေရဲ့  ဆင်ခြင်တုံတရားတွေ ၊ အကျင့်စာရိတ္တတွေကို ပျက်ဆီးအောင် လုပ်ခဲ့တာ ဘယ်သူလဲ ၊ နင်လုပ်ခဲ့တာ နင်ရေးခဲ့တာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သရော်လှောင်ပြောင်ပြီး လူ့ အသိုက်အမြုံကလေးတွေကို တစစီ ကွဲပြဲသွားအောင် တရားဥပဒေနဲ့  အိမ်ထောင်မှု စည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် ရေးခဲ့တာ ဘယ်သူလဲ ၊ နင် ရေးခဲ့တာ။ ကြည့်စမ်း။ နင်ရေးတဲ့ စာတွေ ဖတ်ပြီး တစ်တိုင်းပြည်လုံးက လူငယ်လူရွယ်တွေ လမ်းလွဲလိုက်မိတယ်၊ သူတစ်ပါးမယားကြာခိုမှု ၊ သောင်းကျန်းပုန်ကန်မှုတွေ ဖြစ်နေရတာတွေဟာ တိုင်းပြည်ပျက်လု မတတ်ပဲ ။အဲဒါ နင်လုပ်ခဲ့တာတွေ ၊ အဲဒီလူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ ရပြီး ကျဆင်းခဲ့ရတဲ့ ချွေးတွေ သွေးတွေ ၊ မျက်ရည်ပေါက်တွေအတွက် နင့်ကို အပြစ်တင်ရမှာပဲ။ လူယုတ်မာ။ နင်ရေးခဲ့တဲ့ စာတွေကြောင့် လူသားတွေ ဘယ်လောက် ပျက်စီးဒုက္ခရောက်ခဲ့ ၊ ခံစားခဲ့ရတာကို နင်မြင်ပြီလား၊ နင် ဘုရားသခင်ကို မထီမဲ့ မြင် ပြုဝံ့သေးသလား ။ ကဲ .. ။ အဲဒီအပြစ်တွေ ကျေအောင် နင်ဆက်ပြီး ငရဲခံပေအုံးတော့ ဆိုပြီး ငရဲသူမကလေးဟာ ငရဲအိုးကြီးရဲ့  အဖုံးကို ဂျိမ်းကနဲ ပိတ်ချလိုက်ပါသတဲ..။

ဒီပိုစ့်လေးကို ဖတ်ပြီး ချမ်းချမ်းလဲ စာရေးတိုင်းသတိလေးဝင်လာတယ်.ငါတော့ ငရဲကိုသွားမယ့် စာရေးသူအဖြစ် အရောက်တော့မခံဘူး ဆိုတဲ့အသိတွေ နဲ့သတိထားပြီးစာတွေရေးဖြစ်ပါတယ်။ ငါရေးတဲ့စာတိုင်း ဟာ ဖတ်တဲ့သူတွေ သတိသံဝေဂ ရစေမယ့် ဆောင်ရန်ရှောင်ရန် စာမျိုးလေးတွေပဲ ရွေးပြီး တင်ဖြစ်ပါတယ်။ဒါတောင် စိတ်ကူးယဉ်ပြီး ရေးတာမဟုတ်ပါဘူး။ လက်တွေ့ ပတ်ဝန်းကျင်မှာ မြင်တွေ့ နေတာတွေကို သင်ခန်းစာယူပြီး မှန်ကန်တဲ့ ဘ၀ လမ်းကြောင်းပေါ် လျှောက်နိုင်ဖို့ အတွက်ပါ။ ချမ်းချမ်းကိုယ်တိုင်လည်း စာဖတ်ရင်းနဲ့ ဘ၀ကို ထိန်းကျောင်းလာတဲ့သူမို့ စာပေတွေကို ထာဝရမြတ်နိုးတန်ဖိုးထားပါတယ်။ အားလုံးပျော်ရွှင်ကြည်နူးစရာ နေ့ သစ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလျှက် ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်) http://www.haymonchan.blogspot.com

3 comments:

လင်းဦး(စိတ်ပညာ) said...

သြော်.. ဘလောဂ်တောင် တစ်နှစ်သား ဖြစ်လာပါပြီကော... ဆက်လက် ရေးသား မျှဝေနိုင်ပါစေ ရွာသူလေးရေ...

သဒ္ဓါလှိုင်း said...

တစ်နှစ်ပြည့်ဘလော့လေးမှ စပြီး နောက်နှစ်များစွာအထိ စာပေတွေကို ဆက်လက် ရေးသား မျှဝေပေးနိုင်ခွင့်ရ ပါစေလို့ ဆန္ဒပြုပါတယ်.။
ခင်မင်လေးစားလျက်
သဒ္ဓါ

Anonymous said...
This comment has been removed by a blog administrator.