Wednesday, June 27, 2012
♫♥✿* လှတဲ့ ပန်းတိုင်း မွှေးစေချင် ♫♥✿*
                                ♫♥✿*  လှတဲ့ ပန်းတိုင်း မွှေးစေချင် ♫♥✿*
ကျွန်မတို့  ပတ်ဝန်းကျင်မှာ အရောင်အသွေးစုံပြီး လှပတဲ့ ပန်းကလေးများစွာ ရှိတဲ့အထဲမှာ
သင်ဘယ်ပန်းကိုအကြိုက်ဆုံးလဲ..ကျွန်မကတော့ မာနဆူးတွေ လွှမ်းခြုံထားတဲ့ နှင်းဆီပန်းကိုကြိုက်တယ်
ပန်းကလေးတိုင်းမှာ နှစ်သက်စရာ အဆင်းရနံ့ လေးတွေ တစ်မျိုးစီရှိကြပေမယ့် ကိုယ့်ကိုယ်ကိုယ်
ကာကွယ်နိုင်တဲ့ အရေအချင်းတော့ ပန်းကလေးတိုင်းမှာ မရှိပါဘူး..မရှိတဲ့အတွက် လေအဝှေ့ မှာ ကြွေချင်ကြွေ သွားတတ်သလို တန်ဖိုးမထားတတ်သူတွေ
ချွေချင်သလိုချွေပြီး နင်းခြေသွားတဲ့ပန်းလေးတစ်ပွင့်ရဲ့ နာကျင်ကြေကွဲစရာ ရာဇ၀င်ကိုလည်း စာမဖွဲ့ ခဲ့ကြပါဘူး..သူ့ မှာလည်း သဘာဝကပေးတဲ့ အလှတော့ ရှိခဲ့တာပါဘဲ...လူတွေကသာ သူ့ ကိုတန်ဖိုး
မထားကြတာပါ..တစ်ကယ်တော့ တန်ဖိုးဆိုတာ ပန်းကလေးရဲ့ ကိုယ်ပိုင်အရေအသွေးနဲ့ ပန်းလေးကို
ပိုင်ဆိုင်ခွင့်ရတဲ့ သူတစ်ယောက်ရဲ့ အလေးအနက်ထားမှုပါဘဲ..
ဒီပိုစ့်လေးက ကိုယ့်ကိုယ်ကိုယ် လှတယ် လို့ ထင်တဲ့သူတွေ ဖတ်ဖို့ ပါ..မလှတဲ့ သူတွေလဲ ဖတ်လို့ ရပါတယ်..
ဗဟုသုတပေါ့..တစ်နေ့ ကိုယ်သားသမီးရလာတဲ့အခါ ကိုယ့်သမီးလေးလှနေရင် သူ့ ကိုဘယ်လို
အသိလေးတွေပေးပြီး လမ်းပြရမလဲဆိုတာ သိသွားတာပေါ့..ကျွန်မ စိတ်ကူးယဉ်ပြီး ရေးတာတော့မဟုတ်ဘူး
ပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကို လေ့လာပြီး သင်ခန်းစာရလို့  မျှဝေပေးတာပါ..
ကိုယ်တိုင်လဲ မှုန်နေအောင်မလှတော့ လှတာလေးတွေမြင်ရင် အားကျပါတယ် လှတဲ့သူတွေကိုလဲ
ဘ၀တန်ဖိုး အလှတန်ဖိုး သိစေချင်ပါတယ်......:D
**က္ကိုထ္ထိရူပံ ဓနံ** မိန်းမတို့ အဆင်းဟာ စည်းစိမ်ဥစ္စာ လို့ေ၇ှးလူကြီးတွေက ပြောကြပါတယ်..ရုပ်ရည်ချောမောတဲ့ မိန်းကလေးဆိုရင်
ကတော်ရုပ်လို့ သတ်မှတ်ကြတယ်..လှတဲ့သူဆို လိုချင်တဲ့ ပုရိသတွေ ၀ိုင်းဝိုင်းလည်နေပါလိမ့်မယ်..
ချောတဲ့ လှတဲ့ မိန်းကလေးတိုင်း ကိုလူတိုင်းက မြတ်နိုးနှစ်သက်ကြပါလိမ့်မယ်..
ဒါက ယေဘုယ အနေနဲ့ ထင်မြင်ကြတာပါ...တစ်ကယ်တန်း.လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ.ရုပ်ရည်လှပတဲ့ မိန်းကလေးတိုင်း
 ဥစ္စာဓနပြည့်စုံပါသလား..
ရုပ်လေးလှတိုင်းကတော်ဖြစ်ပါသလား..ရုပ်ကလေးကလှလို့ လိုချင်တဲ့ ပုရိသတိုင်းက ရော တစ်ကယ် မြတ်နိုးတန်ဖိုးထားကြပါလား..
ကျွန်မ မြင်တွေ့ နေရတဲ့ ပတ်ဝန်းကျင်မှာတော့
၁၀ ယောက်မှာ ၅ ယောက်လောက် က အလှကြောင့် ဘ၀ပျက်ရတာ အလှကြောင့် သောက ဖြစ်ရတာ အလှကြောင့်
မကျုးလွန်သင့်တဲ့အပြစ်တွေကျူးလွန်ကြတာတအားများပါတယ်.ခေတ်ကာလကြောင့်လား အနောက်တိုင်း ယဉ်ကျေးမှု
ကို အားကျလို့ လားတော့မပြောတတ်ဘူး..ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှနဲ့ ဘ၀ကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်
ကိုယ် ထိန်းသိမ်းကြတာ တအားနည်းပါတယ်..မျက်မြင် ၂၀၁၂ သင်္ကြန် ရဲ့ ဝတ်စားဆင်ယင်မှု တွေ မူးရွဲနေတဲ့ စုံတွဲတွေက
သက်သေပြနေပါတယ်...ကိုယ်တိုင် တွေ့ ရမှာ ငါတို့ မြန်မာပြည်ကြီး ဒီလောက်တောင်ဖြစ်နေတာပါလား..
လူရှေ့ သူရှေ့ မှာ စုံတွဲတွေ မူးမူးရူးရူးနဲ့ ဖြစ်ချင်သလို ဖြစ်နေတာလဲ ရှိတာပါလားဆိုပြီး တအားစိတ်မကောင်းဖြစ်ရတယ်..
 ဗုဒ္ဓဘာသာမြန်မာလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေလဲ အနောက်တိုင်း ယဉ်ကျေးမှု ၀ါးမြိုလို့  သွားကုန်ပြီပဲ..
အခုခေတ် ဆယ်ကျော်သက်ညီမလေးတွေ တော်တော်များများ အပြင်အဆင် ကအစ အရမ်းခေတ်မှီပါတယ်.
အားလုံးလိုလို လှအောင်ပြင်တတ်ကြတယ်..တော်တော်လေးလန်းကြတယ်ဆိုပါတော့.လိုချင်တဲ့
အလှပြင်ပစ္စည်းတွေ အ၀တ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေဆိုလဲ များပါတယ်..
အဲ့ဒီအရာတွေ များလာလေ..လူငယ်တွေရဲ့ စိတ်ဓါတ်တွေ အသိတွေ ထိန်းချုပ်နိုင်မှု နည်းလာလေပါဘဲ..
သူတို့ လိုချင်တဲ့ အရာတွေရဖို့   မိဘက မ၀ယ်ပေးနိုင်တဲ့အခါ သူတို့ ဘာလုပ်မယ်ထင်သလဲ..တစ်ချို့ က
သူတို့ ကို ၀ယ်ပေးနိုင်မယ့်သူကို အားကိုးတတ်လာတယ်..သူတို့ မှာ ပင်ကို အလှလေးရှိတယ်ဆို၇င် သူတို့ လိုချင်တာရဖို့ 
ဘ၀ကိုမနှမြောကြတော့ဘူး..ဘ၀ကိုလွယ်လွယ်နဲ့ စတေးရဲတယ်..အလှကြောင့် ဘ၀ ပါ ပျက်မှန်းမသိ ပျက်ခဲ့ရတာပါဘဲ..
အသိညီမလေးတစ်ယောက်ဆိုရင် ၁၇ နှစ်ပဲ၇ှိသေးတယ်..I Phone လိုချင်လို့  Tom ကိုလည်း ရည်းစားအဖြစ်တွဲလိုက်တယ်..
ယောင်္ကျားလေးနဲ့ ရည်းစားထားရင် ကိုယ့်ဘက်က အရင်းများတယ်ထင်လို့ Tom နဲ့ တွဲတာတဲ့..Tom နဲ့ ဆို ကိုယ်ဝန်ရှိမှာလည်း
မပူရတော့ဘူးတဲ့..ကိုယ်လိုချင်တာလည်း ၀ယ်လို့ ရပြီတဲ့..တစ်ချို့ ကလည်း
ကိုယ့်အလှကို ယုံပြီး ငွေတွေနောက် စည်းစိမ်နောက် လိုက်ရင်း အလှကို ဗန်းပြ ဘ၀ကို ဓနနဲ့ လဲပြီး ကိုယ့်အလှ ကိုယ့်ခန္ဓာကို
ရောင်းစားတဲ့ သူတွေဖြစ်သွားကြပါတယ်.ဒီခေတ်မှာ အများကြီးမှ အများကြီးပါဘဲ...
အလှကိုဗန်းပြ ပြီး ကိုယ့်ဘ၀ကိုရောင်းရင် တစ်နေ့ အလှတွေကုန်တဲ့အခါ ကိုယ့်ကိုယ် ဘယ်သူကမှ
အရေးတယူခေါ်ကြမှာမဟုတ်တော့ဘူး...တစ်နေ့ ကိုယ် အိုမင်းတဲ့အခါ ကိုယ့်အနားမှာ ဘယ်သူများ ရှိနေချင်ကြမလဲ..ပတ်ဝန်းကျင်က
ရော အရေးတယူဆက်ဆံကြပါ့မလား..လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေးအတွက်တစ်ဝမ်းစားဖို့ တခါးလှဖို့ ရှာရ ဖွေရတာပါပဲ..ဒါပေမယ့်
်...သဘာဝ က ပေးလာတဲ့ ကုသိုလ်ကံကြောင့် ရလာတဲ့ အလှတရားနဲ့ ဘ၀ကို တန်ဖိုးမထားရင် အလှနဲ့ ရင်းပြီး ကိုယ့်ကိုယ့်ကိုယ်ရောင်းရင်
 နောက်ဆုံးဘ၀ရဲ့ ပန်းတိုင် နေ၀င်ချိန်မှာ လူတွေအထင်သေးအမြင်သေးနဲ့  အဆုံးသတ်ရမယ်ဆိုရင်တော့ လူဖြစ်
ရကျိုးမနပ်လောက်ဘူးနော်..
နောက်တစ်ချက်...
ကိုယ့်အလှကို သိပ်ယုံကြည်လွန်းရင် တစ်နေ့ မှာ မထင်မှတ်ထားတဲ့သောကတွေ ဒုက္ခတွေနဲ့ ကြုံတွေ့ ရတတ်ပါတယ်..
 မိန်းမတို့ အဆင်းလှပခြင်းဟာ စည်းစိမ်ဥစ္စာ မဖြစ်ဘဲ မိန်းမတစ်ယောက်ရဲ့ အဆင်းလှပခြင်းဟာ
အန္တရာယ်ဖြစ်စေတတ်ပါတယ်...
ချမ်းချမ်းတို့ မြို့ လေးမှာ
အရမ်းလှတဲ့ မမတစ်ယောက်၇ှိတယ်..လှတာတောင်မှ အပြစ်ကင်းပြီး ချစ်ဖို့ တော်တော်ကောင်းတာ.ကော်ပတ်ရုပ်လေးလိုပဲ
. မင်းသမီးတွေထက်ကို လှတယ်..လှသလောက် အရမ်းအေးချမ်းတယ်.အနေအထိုင်လဲ အရမ်းတည်ငြိမ်တယ်..
.အဖေကလဲ အရာရှိမို့ တော်တန်ရုံ မစရဲမနောက်ရဲဘူး..ချမ်းချမ်းတို့ 
ထင်တာက ဒီလောက်အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ မမကို ရတဲ့သူတော့ ဖူးဖူးမှုတ်ထားမှာပဲ ..တစ်နေကုန် ထိုင်ကြည့်ချင်စရာ
ကောင်းလောက်အောင်ကို အရမ်းဖြူစင်တယ်...ဒီမမတော့ အိမ်ထောင်ရေးကံကောင်းမှာဘဲလို့ ထင်ပါတယ်..အဲ့ဒီမမကျောင်းပြီးလို့ 
အိမ်ထောင်ကျသွားတာက ချမ်းချမ်းတို့ မြို့ ရဲ့  အချမ်းသာဆုံး ရွှေဆိုင်ပိုင်ရှင် ဆန်စက်ပိုင်ရှင်ရဲ့ သား နဲ့ ပါ..
 အစ်ကိုကြီးကလည်း
ချမ်းချမ်းတို့ ငယ်ငယ်တုန်းက နာမည်ကြီး မင်းသား ရဲကိုကို အတိုင်းပဲ..သူတို့ နှစ်ယောက်တွဲလိုက်ရင် နေနဲ့ လ ရွှေနဲ့ မြပါဘဲ..
ရုပ်ရည်ရော ပညာရော စည်းစိမ်ရော ပြည့်စုံနေလို့ သူတို့ လျှောက်မယ့်ဘ၀ခရီးဟာ သာသာယာယာရှိသင့်တယ်လို့ ထင်ပါတယ်.
ကံဆိုးတာက
အဲ့ဒီအကိုကြီးက အချစ်ကို တန်ဖိုးထားတဲ့သူ..ဘ၀ကိုအလေးအနက်ထားတဲ့သူ မဟုတ်ခဲ့ဘူး..ကျွန်မတို့ အထင် ဘယ်လောက်ပဲ
ဆိုးဆိုး ပွေပွေ အရမ်းလှတဲ့ မမကို ရရင်တော့ ခြေငြိမ်သွားမယ်လို့ ထင်ပါတယ်..အဲ့ဒီအကို တွဲသမျှ မိန်းကလေးတွေထဲမှာ ဒီမမ
 အလှဆုံးလေ..ဒါပေမယ့်
 အိမ်ထောင်သက် တစ်နှစ် လောက်မှဘဲ ကွဲသွားခဲ့ပါတယ်...ကွဲရတဲ့အကြောင်းအရင်းက  အဲ့ဒီအကိုကြီး နောက် ကောင်မလေး
တစ်ယောက်နဲ့ တွဲနေလို့ တော့ ပြောကြပါတယ်..
အစ်မကြီးဘက်က လျှော်ကြေး သိန်း၁၀၀ တောင်းတာ အစ်ကိုကြီး
ရဲ့ အမေက သူ့ သားမှာ ကိုယ်ပိုင်အလုပ်ဆိုတာ မရှိဘူး..မိဘရဲ့ အလုပ်ကို ကူလုပ်နေတာမို့   လျှော်ပေးစရာ ၁၀၀ တောင် မရှိဘူး
 လို့  ပြောလိုက်တော့ မိန်းကလေးဘက် ပဲ  လျှော်ကြေးတောင်မရလိုက်ပဲ ဒီအတိုင်း ကွာ၇ှင်း လိုက်ကြပါတယ်..
..ယောင်္ကျားလေးတွေအတွက်
လှေကားသုံးထစ် ဆင်းရင် လူပျိုလို့  သတ်မှတ်ရပေမယ့် မိန်းကလေး ရဲ့ ဘ၀ဟာ ဘယ်သွားသွား တစ်ခုလပ် တစ်လင်ကွာ
ဆိုပြီး နာမည်ကကျန်ခဲ့ပြီ...ဘယ်လောက်ပဲ လှလှ  အရင်အပျို ဘ၀နဲ့ တော့ မတူတော့ဘူးလေ...
ရုပ်အလှနဲ့ ချမ်းသာတဲ့ဘ၀တစ်ခု လွယ်လွယ်ရမယ်လို့  မိဘတွေထင်ခဲ့တာ အမှားကြီးမှားပြီလို့ သိတဲ့အချိန် ကိုယ့်သမီးမှာ အပျိုဘဝ
အရင်းပေးလိုက်ရပြီလေ...
ပြည့်စုံချမ်းသာတဲ့ ယောင်္ကျားလေးတော်တော်များများက အချစ်နဲ့ ဘ၀ ကိုတန်ဖိုးထားတာ တော်တော်၇ှားပါတယ်.
.ငွေဟာ သူတို့ အတွက်ရေလိုဖြစ်နေပြီမို့  မိသားစုဘ၀ အိမ်ဦးနတ်ဆိုတဲ့ ခင်ပွန်းကောင်းဘ၀ တန်ဖိုးကို မသိကြတာပါ..
တစ်ချို့  မိဘတွေတော်တော်များများက သားသမီးကို ဆင်စီးပြီး မြင်းရံစေချင်လို့ ကိုယ့်သမီးလှနေရင်
ကတော်ရုပ်..သူဌေးချွေးမ ရုပ် ဆိုပြီး.ချမ်းသာရင်ပြီးရော ဆိုပြီး သမီးကို သူဌေးသားကိုချိုင်ဖို့ 
ချုဖို့  လမ်းမှားတွေပို့ ခိုင်းကြတာများတယ်..တစ်ချို့ လဲ ကံကောင်းတော့
ရသွားပါတယ်..တစ်ချို့ က ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်..တစ်ချို့ ကလည်း သူဌေးရဲ့  အငယ် ဘ၀ရောက်သွားတယ်..  
မိန်းကလေးတစ်ယောက်အနေနဲ့ တစ်သက်တာ လက်တွဲရမယ့် ဘ၀ခရီးဖော်ကို ရွေးချယ်တဲ့ နေရာမျာ လွယ်လွယ်လေး
အချိန်အတိုင်းအတာတစ်ခုထိ သူ့ အကြောင်း သူ့ စိတ်ဓါတ် သူ့ စရိုက်ကို အရင်လေ့လာကြည့်ပါဦး..ေ၇ှးခေတ်တုန်းက
မိန်းကလေးတစ်ယောက် သူ ချစ်နေတဲ့ သူကို အဖြေပေးဖို့  ၃ နှစ်လောက် လေ့လာစောင့်ကြည့်ခဲ့ရတာနော်..
ကျောင်းတက်တုန်းက
..ကျွန်မတို့ မေဂျာတူသူငယ်ချင်း တွေထဲက တစ်ယောက်သောသူက သူ့ ကိုကြိုက်နေတဲ့ ကောင်လေးကို အဖြေပေးတော့
မယ်လို့ ကျွန်မတို့ ကို အရင်လာပြောပြတော့ ***နင်ကလဲ အခုမှ သိကြတာ တစ်နှစ်ပဲ ၇ှိသေးတယ်..
အဖြေပေးတာတမစောလွန်းဘူးလား
ဟိုးအရင်ခေတ်ကလို သုံးနှစ်စောင့်ခိုင်းပါဦးလား နင် သူ့ ကိုချစ်နေတာလည်း သူသိနေတာပဲ.. အရေးကြီးဆုံးက
သူချစ်ကိုယ်ချစ် ဆိုပေမယ့် တစ်ကယ်အဖြေပေးပြီး ရည်းစားအဖြစ် လူသိရှင်ကြားအတည်သတ်မှတ်ဖို့ 
စောသေးတယ်..ဘ၀လက်တွဲဖော်အဖြစ် သတ်မှတ်ဖို့ စောသေးတယ်
တစ်ကယ်လို့ ကွဲသွားခဲ့ရင်  ကိုယ်ကမိန်းကလေး လေ..ကိုပဲ ပိုအရှက်ရမှာ***လို့  သူ့ ကို ၀ိုင်းပြောတော့
*** ဒီခေတ်မှာ အဲ့လိုစောင့်ခိုင်းရင် သူများနောက် ပါသွားမယ်တဲ့ ငါကအဖြေမပေးရင်   သူများက အဖြေအရင်ပေးလို့  သူများ
နောက်ပါသွားမှာပေါ့တဲ့ ဒီခေတ်မှာ မျက်စိဒေါက်ထောက်ပြီး ကြည့်ရင်တောင် နင်မျက်တောင်ခတ်လိုက်တာနဲ့ တခြားတစ်ယောက်ကို
သူတို့  ချိတ်ပီးသားတဲ့..ကိုယ်က မူနေရင် မမူတဲ့သူက ဦးသွားမယ်တဲ့ ဖူးစားဆိုတာ ဦးရာလူပဲတဲ့..  ***
အချစ်လမ်းလျှောက်ဖို့  အချိန်အတိုင်းအတာ မလိုဘူးဆိုပေမယ့် ဘ၀ခရီးလမ်းလျှောက်ဖို့ တော့ အချိန်လေးပေးစဉ်းစားသင့်
တယ်လို့ မထင်မိကြဘူးလားမသိဘူးနော်..စောစောစီးစီး
အိမ်ထောင်ကျသွားတဲ့  သူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေးပြဿနာတွေ ကိုမြင်ရတော့ သူတို့ တွေ
စဉ်းစားဆင်ခြင်လေ့လာဖို့  အချိန်မပေးကြဘဲ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ချခဲ့လို့  သူတို့ ရဲ့ အလှဟာ အမြဲတည်နေမယ်လို့ 
ထင်ကြလို့ ပါ....အခုယူလဲယူပြီးရောကလေးတန်းလန်းနဲ့ ကိုယ်လုံးကလဲ စည်ပိုင်းနီးနီးဖြစ်လာတော့ သူတို့ ကို ချစ်ပါတယ်ဆိုတဲ့
သူက အငယ်လေးတွေ ရှိလာတဲ့အခါ သောက်တတ် ကစားတတ်လာတဲ့အခါ..တစ်ချိန်တုန်းက အချစ်တွေဟာ အခုတော့
သောကဖြစ်ရပြီလေ...
ဒါ့ကြောင့် ကိုယ့်ကို ချစ်တယ်လို့ ပြောလာတဲ့ သူတိုင်း အချစ်စစ် အချစ်မှန် ဖြစ်နေလိမ့်မယ် လို့ 
လွယ်လွယ်နဲ့ မယုံကြည်ပါနဲ့ ..ငါကတော့ သူများထက်လှလို့  သူများထက်ကံကောင်းလိမ့်မယ်လို့ မထင်ပါနဲ့ .
ပန်းလေးတစ်ပွင့်လှတာမြင်တိုင်း လူတိုင်းက ခူးချင် နမ်းချင်ပေမယ့် လူတိုင်းက တယုတယနဲ့ တန်ဖိုးမထားတတ်ဘူး..
တစ်ချို့ ကျတော့ မွှေးရနံ့ ပြယ်သွားရင် လွှတ်ပစ်လိုက်တယ်..တစ်ချို့ ကျတော့ မခူးရင် မနမ်းရက် အလှကြည့်ချင်ကြတယ်..
တစ်ချို့ ကျတော့ရ နံ့ ပြယ်လို့  ခြောက်သွေ့ သွားလဲ မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားတတ်ကြတယ်...လူအမျိုးမျိုး စိတ်အထွေ
ထွေပါဘဲ..လူတွေရဲ့ အတွင်းစိတ်ကို လွယ်လွယ်နဲ့ မသိနိုင်ပါဘူး..
မိန်းကလေးတွေရဲ့ ဘ၀ဟာလည်း ပန်းလိုပဲ..တစ်ချို့ ကျတော့ ကိုယ့်အလှကို မက်လို့  ချစ်ကြတယ် အလှပျက်လို့ ဖက်တီးလို
ဝသွားရင် အသစ်၇ှာပြီး အငယ်လေးတွေနဲ့ ပျော်ကြတယ်..တစ်ချို့ ကျတော့...ကိုယ့်ကိုမြတ်မြတ်နိုးနိုးနဲ့  ထာဝရ ချစ်ကြတယ်..
တစ်စုံတစ်ယောက်သောသူရဲ့ အချစ်ဆိုတာ ကိုယ့်ဘ၀အတွက် ၅၀% လောက်ပဲ အာမခံချက်၇ှိပါတယ်..
ဒါ့ကြောင့်.
အခုချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက် ဟာ နောင်တစ်ချိန်မှာ နောင်တရစရာ မဖြစ်လာပါစေနဲ့ ..ရီးစားထားမယ်ဆို၇င်တောင်
ကောင်းကျိုး ဆိုးကျိုး ကိုအရင်တွေးကြည့်ပါ..ဒီလူကို တစ်သက်လုံး လက်တွဲဖို့ ဆုံးဖြတ်ပြီပြီလား..
ချမ်းသာတာဆင်းရဲတာ သိပ်အရေးမကြီးဘူး..စီးပွါးဥစ္စာဆိုတာ လူကြိုးစား
ရှာဖွေမှ ဖြစ်လာတဲ့အရာတွေပါ..အဓိက..
ကိုယ့်မိဘတွေကရောသဘောတူသလား..သူ့ စိတ်ဓါတ်နဲ့ ကိုယ်ကျင့်တရားရော ကောင်းရဲ့ လား
သူဟာကိုယ့်အတွက် Excellent Choice ဖြစ်ပြီလား 
ကျွန်မ ဆယ်ကျော်သက်ဘ၀တုန်းက ကျွန်မဖေဖေက အသိလေးတစ်ခုပေးတယ်..ငါ့သမီး တက္ကသိုလ်မတက်ခင်မှာ
တက္ကသိုလ်အကြောင်း..လူတွေအကြောင်း သင်ခန်းစာအကြောင်းသေချာလေ့လာပြီးမှ တက်ရသလို ချစ်သူထားမယ်
ရည်းစားထားမယ်
ဆိုရင်လည်း အချစ်အကြောင်း ဘ၀အကြောင်း ကို ပတ်ဝန်းကျင်က ချစ်ကြတဲ့သူတွေ ချစ်ခဲ့ဖူးတဲ့သူတွေကို အရင်ကြည့်ပါ.
အချစ်ကြောင့် သူတို့ ဘယ်လို တွေ့ ကြုံခံစားရလဲဆိုတာ သင်ခန်းစာယူပါ..သူတို့ မှားနေရင် သူတို့ လို မမှားအောင် ကိုယ့်ကိုယ်
ကိုယ် အသိလေးနဲ့ ထိန်းပါ..ကိုယ်တိုင်က အချစ်နဲ့ ပက်သက်ပြီးရလာမယ့် အဆိုးအကောင်း ကို ခံနိုင်ရည်ရှိပြီလို့  ယုံကြည်မှ
ရည်းစားထားပါ...စာမေးပွဲရှုံးရင် ပြန်ဖြေလို့ အောင်နိုင်ပေမယ့် အချစ်နဲ့ ပက်သက်ပြီး ဘ၀ရှုံးသွားရင် ပြန်အောင်ဖို့ မလွယ်ဘူးတဲ့..
ဖေဖေအဲ့လိုအသိပေးပြီး ကတည်းက ကျွန်မ ပတ်ဝန်းကျင်က လူတွေကို လေ့လာတတ်ခဲ့တယ် သင်ခန်းစာ ယူတတ်ခဲ့တယ်..
သူတို့ အဲ့လိုဖြစ်လို့ သူတို့ အကြောင်းမကောင်းတာအတင်းအဖျင်းအနေနဲ့ မမြင်ဘဲ သူတို့ နေရာမှာငါသာဆိုရင် ဘယ်လို နေမလဲ..ငါကိုယ်တိုင်က
အဲ့ဒီလို မျိုး မှားခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သေချာတွေးတတ်လာခဲ့ပါတယ်...ကိုယ်လဲ လူသားတစ်ယောက်မို့ သူတို့ လို မမှားနိုင်ဘူးလို့ 
မပြောနိုင်ဘူးလေ.....
စကားပုံလားစကားပြောင်လားမသိဘူး ရယ်စရာတစ်ခု ကြားဖူးတယ်...
 ****မိန်းကလေးတွေ ၁၆နှစ်အရွယ်မှာ သနပ်ခါးသွေးတာ...ငါတော့ ဆရာဝန်ကတော် စစ်ဗိုလ်ကတော်..လုပ်မှာ လို့ ပြောပြီး
သွေးတယ်တဲ့..သွေးရင်းသွေးရင်း မရတော့
၂၀ လဲကျော်လာရော  တစ်ဆင့်လျှော့ပြီး ကျောင်းဆရာကတော်...ကျောင်းဆရာကတော် လို့ ပြောပြီးသွေးရင်း
သွေးရင်း.. မရပြန်တော့ ၂၅ လဲကျော်လာရော ရတာယူမယ် ရတာယူမယ် ဖြစ်သွားပါလေရောတဲ့*****
ဒီခေတ်မှာ ရုပ်ကလေး အားကိုးပြီး ငါတော့ ဆရာဝန်ကတော်...စစ်ဗိုလ်ကတော်. သူဌေးကတော်
.အရာရှိကတော် ဖြစ်မှာဘဲလို့ မှန်းနေကြတဲ့သူ..တွေ အသိလေးတစ်ခုထားပါ..
ဘ၀ဆိုတာ ကိုယ်ဖြစ်ချစ်သလို ကိုယ်လုပ်ချင်သလို ဖြစ်နိုင်ဖို့ ဆိုတာ..ကံတရားရယ် စိတ်ထားရယ် အရမ်းအရေးကြီးတယ်..
ဥပမာ..ဆရာဝန်ကတော် မှန်းတယ်ဆိုပါစို့ ..ကိုယ့်မှာ ကတော်ဖြစ်ဖို့ အတိတ်ဘ၀ကပြုခဲ့ဖူးတဲ့
ကြင်နာစာနာတတ်တဲ့ စိတ်ဓါတ်လေးရယ်..အသပြာထက် မေတ္တာ ကို အဓိကထားတဲ့ စိတ်လေးရှိနေမှ ဆရာဝန်ကတော်မှန်းပါ..
ကံဆိုတာက ရှေးဘ၀က ပြုခဲ့ဖူးတဲ့ကုသိုလ်ကံ..စိတ်ထားဆိုတာက လက်ရှိ စိတ်ဓါတ်က တစ်ကယ် မှန်ကန်နေမှ.
 ကိုယ်လိုချင်တာ ကိုယ်မှန်းတာ ကိုယ်ဖြစ်ချင်တာ ဖြစ်နိုင်တာပါ..
ဆရာဝန်တစ်ယောက်ရဲ့ ပြန်ပြောပြချက်ကို မဂ္ဂဇင်းတစ်ခုမှ ဖတ်လိုက်ရတဲ့ဖြစ်ရပ်မှန်လေးတစ်ခုပါ..
သူငယ်ချင်းဆရာဝန်နှစ်ယောက် ရှိပါတယ်.သူတို့ နှစ်ယောက် အိမ်ထောင်ကျတော့ တစ်ယောက်က အရမ်းလှတဲ့ သူနဲ့ ရပါတယ်..
သူတို့ နှစ်ယောက်တွဲသွားလိုက်ရင် နေနဲ့ လ ရွှေနဲ့ မြလို့  လိုက်ဖက်တဲ့အတွဲလို့  အများက ချီးကျူးကြပါတယ်..
နောက်တစ်ယောက်က သာမန်ရုပ်ရည် ရှိတဲ့ သူနဲ့  ရပါတယ်..သူတို့ အတွဲ ကိုကျတော့
ဆရာဝန်က ဖြူဖြူချောချော ဆရာဝန်ကတော်ကအသားညိုညိုနဲ့ ရွက်ကြမ်းရေကျို ဘယ်လိုမှ ကတော်ရုပ်မပေါက်တာ မင်းမို့ 
ယူတယ်ကွာဆိုပြီး လူတွေက နှာခေါင်းရှုံ့ ကြပါတယ်...
နှစ်ယောက်လုံး ဆရာဝန်ကတော် ဖြစ်သွားတာချင်းတူပေမယ့် ရုပ်ရည်နဲ့ စိတ်ဓါတ်က ဘာကွာလဲဆိုတော့..ရုပ်ချောတဲ့ သူက
မာနကြီးပါတယ်..လူတွေကို စကားပြောရင်လဲ အထက်စီးက မတူသလို မတန်သလို ပြောပါတယ်..လူနာတွေကိုလဲ ကြင်ကြင်နာနာ
မရှိပါဘူး..အိမ်၇ှင်မတာဝန်နဲ့ သားသမီးတွေ ကိုလဲ ဂရုမစိုက်ပါဘူး..ငါ့ လို လှတဲ့သူကို ငါ့ယောက်ျား ဘယ်တော့မှ မပြစ်သွားနိုင်ဘူး
လို့ ထင်ထားပါတယ်...
သာမန်ရွက်ကြမ်းရေကျို ကတော့ အပြောအဆို အနေအထိုင်ကအစ အေးချမ်းတယ် ခင်ပွန်းနဲ့ သားသမီးအပေါ်လဲ တာဝန်ကျေတယ်.
..စိတ်ကောင်း၇ှိပြီး လူနာတွေကိုလဲ မေတ္တာထားတယ်..
တစ်နေ့ ဆရာဝန်နှစ်ယောက်လုံး နယ်ကို အလုပ်ပြောင်းရတော့ ဆရာဝန်ကတော်တွေက ကလေးတွေ ကျောင်းတစ်ဖက်နဲ့ 
ချက်ခြင်း လိုက်မပြောင်းနိုင်သေးလို့  ဆရာဝန်နှစ်ယောက်ပဲ နယ်ကို ပြောင်းသွားပါတယ်..
ဖြစ်ချင်တော့ နှစ်ယောက်လုံးက မိန်းမနဲ့ ကလေးတွေ မပါသွားတော့ နယ်က မမတွေက လူပျိုမှတ်ပြီး ဆရာဝန်ကတော် ဖြစ်ဖို့ အတင်း
ကပ်တာပေါ့....ဇနီးအလှလေးရထားတဲ့ဆရာဝန်က အပြောအဆို နဲ့ 
အယုအယ ကောင်းတဲ့သာမန်မိန်းကလေး
နဲ့ ငြိပြီး ၇ွက်ကြမ်းရေကျို ရထားတဲ့ဆရာဝန်က သူများလိုမျိုး နေနဲ့ လ ရွှေနဲ့ မြ ချီးကျူးတာ
ခံချင်လို့  အိမ်က မိန်းမထက် လှတဲ့သူနဲ့ ပါသွားပါတယ်...ဘာမှတော့
မဖြစ်သေးပါဘူး...သူတို့ ဘ၀မှာ မရခဲ့ဖူးတာလေးကို ရတော့ စိတ်ထဲက သာယာသွားတာပါ..
အဲ့ဒီသတင်းကို မြို့ က မိန်းမနှစ်ယောက် သတင်းကြားပြီး လိုက်လာတော့ ..ရုပ်လှတဲ့ ကတော်က     ယောက်ျားကို ချိုချိုသာသာနဲ့ 
မပြောဘဲ..ရိုင်းရိုင်းစိုင်းစိုင်းစွပ်စွဲပြီး ပြဿနာ၇ှာတော့....ဆရာဝန်လဲ စိတ်ကုန်ပြီး တစ်ခါတည်း ကွာ၇ှင်းလိုက်ပါတယ်..
ရွက်ကြမ်းရေကျို အမျိုးသမီးက.သားသမီးတွေကိုငဲ့ပြီး မလုပ်သင့်တာ မလုပ်ပါနဲ့ ..မိဘဆိုတာ
သားသမီးတွေအတွက် စံပြအဖြစ်နေရမယ်လို့  ချိုချိုသာသာနဲ့ ပြောပါတယ်.အဲ့ဒီအခါ တဒင်္ဂ အလှမှာ သာယာမိတဲ့ ဆရာဝန်က
အသိလေး ၀င်လာပြီး သူ့ ဇနီးရဲ့ အေးချမ်းတဲ့ စိတ်ဓါတ်ဖြူစင်တဲ့ စိတ်ထားတွေကိုသိမြင်လာလို့ ..ကွာရှင်းခွင့်မတောင်းတော့ပဲ
အရင်ကထက် မိန်းမ နဲ့ သားသမီးကိုပိုပြီး ဂရုစိုက်တတ်လာပါတယ်တဲ့..
တစ်ကယ်တော့ ရုပ်အလှထက် စိတ်အလှက အစစအရာရာ
သာလွန်တယ်ဆိုတာ သိသွားပြီလေ...လောကကြီးမှာ ရုပ်ရည်တစ်ခုတည်းနဲ့ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာဘူး..စိတ်ဓါတ်က အရေးကြီး
သေးတယ်..
နောက်ထပ်ဖြစ်ရပ်မှန်က.ကျောင်းထဲက ရပ်ကွက်ထဲက မြို့ ထဲက အလှဘုရင်မဘွဲ့ ရည်းစားတစ်ထောင်
 လင်ကောင်တစ်ယောက် သတ်မှတ်ပြီး ရည်းစားအများကြီးထားတဲ့  ညီမလေးတွေ သတိထားဖို့ ပါ...
 တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်...အရမ်းလှတော့ ကြိုက်တဲ့သူ များသလို ရည်းစားလဲ
များပါတယ်..သူ့ အနေနဲ့  ရည်းစားထားတယ်ဆိုတာ ယောက်ျားလေးတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ အရည်အချင်းကို
အနီးကပ်လေ့လာခွင့်ရဖို့  ရည်းစားအဖြစ် လက်ခံလိုက်တယ်..စိတ်သဘောထား မတိုက်ဆိုင်ရင် လမ်းခွဲလိုက်တယ်..
ဘာမှမထူးဆန်းဘူးလို့ ထင်ပေမယ့် သူတွဲပြီး ဖြတ်ခဲ့တဲ့ သူတွေက  အညိုးကြီးတဲ့သူဆိုရင် မစားရတဲ့ အမဲ သဲနဲ့ ပက်တတ်ပါတယ်.
တစ်နေ့ အခန်းထဲမှာ တစ်ယောက်တည်းရှိနေတုန်း သူမချစ်သူဟောင်းက  အခန်းထဲဝင်လာပြီး
်..ဒီလောက် မျက်နှာများတဲ့ မိန်းမ မင်းရုပ်ဆိုးသွားမှ မင်းသစ္စာမဖောက်မှာ ဆိုပြီး မျက်နှာကို အက်ဆစ်ရည်နဲ  ပက်ပြီး
ထွက်ပြေးသွားပါတယ်..ပတ်ဝန်းကျင်ကလည်း အဲ့ဒီကောင်လေးနဲ့  ကောင်မလေး သမီးရည်းစားဖြစ်နေတာ သိကြတော့
ရိုးရိုးတန်းတန်းလာတွေ့ တယ်ထင်ကြတာပေါ့...ကောင်မလေးရဲ့  အော်သံကြားလို့  ပြေးကြည့်တော့မှ မျက်နှာတစ်ခုလုံး
ရစရာ မ၇ှိတော့ပါဘူး...ပတ်ဝန်းကျင်က ဆေးရုံတင်ပေးပြီး ရဲစခန်းကိုအကြောင်းကြားတော့ တရားခံကောင်လေးကို ဖမ်းပြီး
စစ်ဆေးတော့ ကောင်လေးက ကောင်မလေးနဲ့ သူနဲ့ ချစ်သူတွေပါ...ကောင်မလေးက သူကိုသစ္စာ
ဖောက်ပြီး တစ်ခြားတစ်ယောက်နဲ့ တွဲနေတာကို မခံချင်စိတ်နဲ့ ကောင်မလေးရုပ်ပျက်သွားအောင် လက်စားချေတာပါလို့ 
ပြောပါတယ်..
လူချင်းတူပေမယ့် စိတ်ဓါတ်ချင်း ခံယူချက်ခြင်း အတွေးအခေါ်အယူအဆခြင်းလုံးဝ မတူပါဘူး..
အချစ်နဲ့ ပက်သက်လာရင် ဘ၀နဲ့ ပက်သက်လာရင် ဘာပဲဖြစ်ဖြစ် တစ်ခုခု
ဆုံးဖြတ်ချက်မချခင်မှာ နောင်ဖြစ်လာမယ့် ကောင်းကျိုး  ဆိုးကျိုး ကိုအရင်တွေးကြည့်ပါ..အချစ်နဲ့ ဘ၀ နဲ့ ပက်သက်လာ ရင်
များများတွေးတွေးပြီး ဝေးဝေးကြည့်ပါ..များများတွေးဆိုတာက သင့်မသင့် ကောင်းမကောင်းမှန် မမှန်...အရင်တွေးပါ..
ဝေးဝေးကြည့်ဆိုတာ နောင်တစ်ချိန်မှာ ရလာမယ့် အကျိုးဆက် ကောင်းကျိုး ဆိုးကျိုးကို အရင်ကြည့်ပါ..
ဆရာတော်တစ်ပါးဆုံးမထားဘူးတယ်...
ပတ်ဝန်းကျင်မှာ တွေ့ ကြုံရမယ့် ကောင်းတဲ့သူ နဲ့ မကောင်းတဲ့သူတွေကို ကိုယ့်ရဲ့ ဆရာအဖြစ် ရိုရိုသေသေ သတ်မှတ်ရမယ်တဲ့..
ကောင်းတဲ့ သူနဲ့ တွေ့ တဲ့အခါ သူ့ လိုကောင်းအောင် ကိုယ့်လဲ ကြိုးစား ရမယ်..ဒါ့ကြောင့် သူဟာ ကိုယ်ကောင်းဖို့ အတွက် အတုယူသင့်တဲ့ဆရာ
ပါ..တစ်ကယ်လို့  မကောင်းတဲ့သူနဲ့ တွေ့ ရင်လည်း သူ့ လို အမှားမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိန်းနိုင်တဲ့အတွက်
သူဟာ ကိုယ့်ကိုယ် အမှားနည်းအောင် အသိပေးတဲ့ ဆရာအဖြစ် ကျေးဇူးတင်ရမယ်တဲ့...
ပြောပြချင်တာတွေအများကြီးရှိသေးတယ်...
အခုတလော သတင်းတွေကြောင့်တော်တော်လေးစိတ်ညစ်နေလို့ 
စာရှည်သွားရင်လဲ ဖတ်တဲ့သူတွေ စိတ်ညစ်မှာစိုးလို့ ...ဒီလောက်နဲ့ ပဲ တော်သင့်ပြီ...:D
Written...By...ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)..03:20 AM 28.6.2012
http://www.haymonchan.blogspot.com
https://www.facebook.com/yourthulay
3 comments:
eimon said...
ညီမလေးတို့လို့...
ဆယ်ကျော်သက်အရွယ်မိန်းကလေးတိုင်း
အတွက် သိထားသင့်တဲ့ အကြာင်းအရာလေးတွေပါ...
ဒီလိုမျိုးလေးတွေများများရေးပါဦးနော်....
အမြဲတမ်းအားပေးနေပါတယ်..
(ညီမလေးအိမွန်)
Anonymous said...
အခုလို အသိပညာပေးလေးတွေဖတ်ရတာကောင်းတယ်ဒွေးလေးရာ များများရေးပါနော်...အဆင်ပြေရင်ကူးတင်လိုက်ချင်တယ်..ကောင်းလွန်းလို့ 
Aeimt Kabyar Mon said...
များများရေးဖို့ ဒွေးလေးက စာရေးဆရာမဟုတ်ဘူးလေ..တူတော်မောင်..
စာချည်းပဲရေးနေလို့ ထမင်းမ၀ဘူးတော့..အလုပ်လဲတစ်ဖက် ကလေးကလဲတစ်ဖက်..နဲ့ အားဘူးရယ်..
:D