Monday, September 23, 2013
♫♥✿*စမ်းရေနဲ့ တူတဲ့ ဘ၀♫♥✿*
စိမ်းလန်းနေတဲ့ တောတောင်ထဲက ကြည်လင်အေးမြနေတဲ့စမ်းရေ
ကို ကျွန်မတို့ က အိုးငါးလုံးစာလောက် အိမ်ကို သယ်လာပြီဆိုပါစို့ ..
အဲ့ဒီစမ်းရေလေးကို
(၁) ဘုရားသောက်တော်ရေကပ်ဖို့  ဘုရားကျောင်းဆောင်မှာထားရင်
 စမ်းရေက နေ ဘုရားသောက်တော်ရေ ဖြစ်သွားတယ်...ကုသိုလ်လဲရတယ်.
 (၂) လူတွေသောက်ဖို့ ရေအိုးစင်မှာထားရင် သောက်ရေ ဖြစ်သွားတယ်..ကိုယ့်အတွက်လည်းအသုံးဝင်တယ်
အများကိုလျှုရင်လည်းရေအကျိုးဆယ်ပါး ရတယ်..
(၃)ကိုယ့်အိမ်ကမီးဖိုချောင် အိုးခွက်ပုဂံဆေးဖို့ နေရာမှာထားရင် ကိုယ့်အတွက်သုံးရေဖြစ်သွားတယ်.
(၄)အိမ်ရှေ့ လှေကားမှာထားရင် ခြေဆေးရေဖြစ်သွားတယ်..
(၅)အိမ်သာထဲမှာ သွားထားရင် အိမ်သာရေဖြစ်သွားတယ်...
ရေရဲ့ တန်ဖိုးက သူ့ နေရာနဲ့ သူ ၅ နေရာလုံး မရှိမဖြစ်လိုအပ်ပါတယ်.
ထမင်းအသက်တစ်ရက် ရေအသက်တစ်မနက်ဆိုသလို
တစ်ကယ့်တစ်ကယ်ရေငတ်တဲ့လူတွေအတွက် အသုံးဝင်တာကလူတွေသုံးတာက နံပါတ် ၁ ၂ ၃ ကရေပါ..
အခုနေ သင်ရေငတ်နေတယ်ဆိုပါစို့ သောက်ရေအိုးစင်မှာလဲရေကတစ်စက်မှမရှိဘူး.
ဘုရားသောက်တော်ရေကပ်ထားတဲ့ရေကလွဲလို့  တစ်အိမ်လုံး
ရေမရှိဘူးဆိုရင်တောင် ဘုရားရှင်ကို ခွင့်တောင်းပြီး သောက်တော်ရေစွန့် တော်မူပါလို့ ပြောပြီး ပြန်သောက်လို့ ရပါတယ်..
ဘုရားသောက်တော်ရေလဲမရှိဘူး...မီးဖိုချောင်က သုံးရေ ရှိနေရင်တောင် အဲ့ဒီသုံးရေကိုပဲ သောက်လို့ ရပါသေးတယ်..
သောက်ရေလဲမရှိ သုံးရေလဲမရှိ အိမ်ရှေ့ က ခြေဆေးအိုးထဲမှာ ထားတဲ့ ရေပဲ ရှိတယ်ဆိုပါစို့ ..ရေကလဲ တော်တော်ငတ်နေပြီ
သောက်သင့် မသောက်သင့် တော်တော်လေး တွေဝေနေပေလိမ့်မယ်...တစ်ချို့ မရွံတတ်တဲ့ သူတွေတော့
သောက်ချင်သောက်လိမ့်မယ်ထင်တယ်..နောက်ဆုံးခြေဆေးရေလဲမရှိဘူး...အိမ်သာရေပဲ ရှိတော့တယ်ဆိုရင်တော့ အဲ့ဒီအိမ်သာ
ရေကို သောက်နိုင်တဲ့သူတော်တော် ရှားပါလိမ့်မယ်...ရွံစရာရေလို့ သတ်မှတ်ထားကြလို့ ပါ..
ရေဆိုတာ နေရာတိုင်းအသုံးဝင်တယ်ဆိုတာ လူတိုင်းသိနေပေမယ့်...ထားတဲ့နေရာကိုလိုက်ပြီး နာမည်သတ်မှတ်ခံရပါတယ်..တန်ဖိုးဖြတ်
ခြင်းခံရပါတယ်..
ရခဲခြင်း (၅) မျိုးထဲမှာကျွန်မတို့ လူ့ ဘ၀ဆိုတာလည်း တော်တော်လေး ရခဲလို့  တော်တော်လေး တန်ဖိုးရှိပါတယ်
.. စမ်းရေကို အိမ်မှာ သုံးဖို့  ငါးနေရာ ထားသလို တန်ဖိုးရှိတဲ့ လူ့ ဘ၀ ကို ကျွန်မတို့ 
ကိုယ်တိုင် လူ့ လောက မှာ ငါးနေရာ ခွဲပြီး ထားကြည့်ရအောင်.
.(၁)သာသနာ့ဘောင်မှာ နေပြီး မြင့်မြတ်တဲ့ တရားရှာပြီး အေးချမ်းတဲ့ဘဝ
(၂) ကိုယ့်ကိုယ်လည်းတန်ဖိုးရှိအောင်နေပြီးအများတကာကျန်းမာချမ်းသာဖို့ အများအကျိုးဆောင်တဲ့ ပရဟိတ ဘဝ
(၃) သူများအကျိုးတော့မဆောင်နိုင်ဘူး..ကိုယ့်မိသားစုတာဝန် အိမ်တွင်းအကျိုးကိုသာ ရှာတဲ့ ဘဝ
(၄) ကိုယ့်မိသားစုတာဝန်လဲ မထမ်းနိုင် အများအကျိုးလဲ မသယ်နိုင် ကိုယ်ကောင်းဖို့ ပဲ ကြည့်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ဘဝ
(၅) ကိုယ့်မိသားစု ပတ်ဝန်းကျင် အတွက်လဲ အသုံးမ၀င်..ကိုယ့်ကိုယ်ကိုယ်လဲ ကောင်းအောင် တန်ဖိုးရှိအောင်မနေတတ်
စိတ်အလိုကိုသာလိုက်ပြီး မကောင်းမှုမှန်သမျှ လုပ်ရဲတဲ့ သူတစ်ပါးတံတွေးခွက်မှာ
ပက်လက်မျောနေရတဲ့ ဘဝ
အဲ့ဒီ ဘ၀တွေဟာ တစ်ကယ်တော့ သိပ်ကို တန်ဖိုးရှိတဲ့ လူ့ ဘ၀ပါ.
ကိုယ့်ကိုယ် ဘယ်လို လူမျိုးလဲဆိုတာ တန်ဖိုးဖြတ်ပြီး တန်ဖိုးသတ်မှတ်လိုက်တာပါ..
..မွေးကတည်းကလူကောင်းဖြစ်စေ သူယုတ်မာဖြစ်စေလို့  ပါလာတာမဟုတ်ပါဘူး.
ကိုယ့်ဘ၀ကို အလင်းပေးနိုင်တာ ကိုယ်တိုင်ပါပဲ..ကိုယ့်ဘ၀ကို အမှောင်ချနိုင်တာလဲ ကိုယ်တိုင်ပါပဲ..
.ကိုယ့်ဘ၀တန်ဖိုးတက်စေတာလဲ ကိုယ်တိုင်ပါပဲ.
.ကိုယ့်ဘ၀ တန်ဖိုးကျစေတာလဲကိုယ်တိုင်ပါပဲ...
ကိုယ့်ဘ၀ အေးမြစေတာလဲ ကိုယ်တိုင်ပါပဲ ကိုယ့်ဘ၀ ပူလောင်စေတာလဲ ကိုယ်တိုင်ပါပဲ..
"Every People have their own Price" လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုး ရှိပါတယ်..အဲ့ဒီတန်ဖိုးကို နေရာမှန်အောင်ကိုယ်တိုင်
ထားတတ်ဖို့ ပဲ လိုပါတယ်..နော်....
အားလုံး ကိုယ်ပိုင်အလင်းနဲ့ ကိုယ်ပိုင်တန်ဖိုးမြှင့်နိုင်ပြီး စမ်းရေလိုထာဝရအေးမြပါစေလို့ ဆုတောင်းလျှက်
Written By..ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်) 12:31PM(24.9.2013)
www.haymonchan.blogspot.com
www.facebook.com/yourthulay
No comments: