Saturday, April 2, 2011

စံပြုထိုက်တဲ့ မိဘဖြစ်ဖို့ 


ချမ်းချမ်းတို့ ဗုဒ္ဓဘာဘာသာမြန်မာလူမျိုးတိုင်း အနန္တော..အန္တငါးပါး ဘုရားရှိခိုးကိုလူတိုင်းသိကြပါတယ် မာတာပိတုဂုဏောအနန္တော..လို့နေ့စဉ်ရှိခိုးနေတာ မိဘကျေးဇူးကြီးလို့ ပေါ့နော် မိဘမေတ္တာကြီးမားလွန်းလို့ လဲဘုရား၇ှင်နဲ့တစ်ဂိုဏ်းထဲထားပြီးပူဇော်တာပေါ့ မိဘတိုင်းသားသမီးအပေါ်မေတ္တာတရားကြီးမားကြပါသလား မိဘတိုင်းလေးစားအထင်ကြီးလောက်တဲ့ကိုယ်ကျင့်တရား၇ှိပါသလား မိဘတိုင်းအပြစ်ကင်းပါသလား ချမ်းချမ်းအခုလိုမေးတာဟာမိဘမေတ္တာစော်ကားလို့ မဟုတ်ဘူးနော် ရင်ထဲ၇ှိတာလေး သိချင်တာလေး ၇ှိလို့ ပါ။

သန္ဓေသားလေး ဖြစ်တည်ဖို့  လူ့ လောကထဲလူသားလေးတစ်ယောက်ရောက်ရှိဖို့  ဆန့် ကျင်ဘက် အဖိုနဲ့ အမ ပေါင်းစပ်ရတာသဘာဝမို့ လူတိုင်းနားလည်ထားပါတယ် ကိုယ်ဟာ လူသားလေးကို မွေးထုတ်ပေးနိုင်တယ်ဆိုရင်ပဲ ကျေးဇူးကြီးမာတဲ့မိခင်ဖခင်ဘ၀ ကြည်ညိုထိုက်တဲ့ မိဘ ၀ဘ၀ရောက်ပြီနော် ဘုရားနဲ့ တစ်ဂိုဏ်းထဲထားပြီးတော့တောင် ကန်တော့ခွင့်ရပြီတဲ့ ကဲ..ဘယ်လောက်များ ဂုဏ်ယူစရာကောင်းလဲ အဲ့ဒီလြိုမင့်မြတ်တဲ့ဘ၀နဲ့  မြင့်မြတ်တဲ့ ဂုဏ်နဲ့  မတန်တဲ့  မိဘ တွေ၇ှိတယ်ဆိုတာ ယုံလား
ချမ်းချမ်း တွေ့ မြင်ထားသမျှလေးခံစားရသမျှတွေပြန်လည်ဝေမျှပေးမယ်နော် .မှန်တယ်မှားတယ်ဆိုတာထက်ကို ချမ်းတင်ပြသွားတာလေးတစ်ကယ်ဟုတ်မဟုတ်ကိုယ့်အသိလေးနဲ့ ပြန်လည်ဆန်းစစ်ပါလို့ ပြောချင်ပါတယ်။

တစ်ချို့ သောမိခင်လောင်းတွေ ကိုယ့်သွေးကိုယ့်သားကိုလွယ်ထားပါရင်နဲ့ အရှက်အတွက် သိက္ခာအတွက် မမွေးရဲလို့ ဖျက်ချပစ်တာ တစ်ချို့ ကတော့ သေမှာကြောက်လို့  မွေးပါရဲ့ လင်ကောင်ဖော်မယ့်သူမ၇ှိလို့ အဖေခေါ်စရာမရှိလို့ အမှိုက်ပုံထဲမှာမိဘမဲ့ကျောင်းမှာစွန့်ပစ်ထားရက်တဲ့  မိခင်ဖခင်တွေရော မာတာပိတု ဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတယ်လို့ ခေါ်ပါသလား ဘုရားနဲ့ တန်းတူထားပြီးမြတ်နိုးစရာကောင်းပါသလား သူတို့ လဲ အဖေအမေ ဘ၀ ရောက်နေတဲ့သူ့တွေပဲလေ။
တစ်လောကသတင်းမှာကြည့်လိုက်ရတာက.အမေအရင်း အသက် ၃၇ လောက်၇ှိပြီ အလုပ်က .နိုင်ငံခြားသားတွေလာရင် ဖျော်ဖြေတဲ့ကြေးစားပါ..သမီးအကြီးက .၈နှစ် အငယ်က ၆နှစ် မူလတန်းတက်နေပြီ မွေးစားသမီးက ၄ နှစ်..
နိုင်ငံခြားသားက ငယ်ငယ်လေးလိုချင်တယ်ဆိုလို့ .သမီးအကြီးနဲ့ အိပ်ခိုင်းပါတယ်.
ကလေးကလဲငြင်းတာပေါ့.အမေကဘာပြောလဲဆိုတော့..နင့်ကိုကျောင်းထားဖို့ ပိုက်ဆံမရှိဘူးတဲ့ .
အလုပ်လုပ်မှကျောင်းပေးတတ်မယ်တဲ့ ကလေးကစာလဲတော်ကျောင်းလဲတက်ချင်လို့  အဲ့ဒီအလုပ်လုပ်ရတယ်တဲ့ ..သမီးအကြီးနဲ့ အဆင်ပြေလို့ အမေလုပ်တဲ့ သူက ၆ နှစ်အ၇ွယ်သမီးလေးနဲ့  ပေးအိပ်ခိုင်းပါတယ်..အိပ်ပြီးတိုင်း အမေက ပိုက်ဆံ၂၀ မုန့်ဖိုးပေးတယ်တဲ့ 
နောက်ဆုံး မွေးစားသမီးမှာတော့..ပတ်ဝန်းကျင်က သတိထားမိလို့ ရဲကိုတိုင်တာ ဖမ်းမိသွားပါတယ်..လောကမှာလူမဆန်တဲ့မိခင်တွေ ဖခင်တွေ ရှိတယ်ဆိုတာတစ်ကယ်ပါပဲ..


ချမ်းချမ်း အမြင်ကိုပြောပြမယ်နော် သားသမီးတွေကိုမွေးထုတ်ပေးတဲ့ မိဘ နှစ်ပါးဟာ ကျေးဇူးတော့အလွန်ကြီးပါတယ် ဘာလို့ လဲဆိုတော့သူတို့ ကြောင့် ကိုယ်လူဖြစ်ခွင့်ရလို့ ပါပဲ...ဒါပေမယ့် မိဘတိုင်းမှာတော့ ကြည်ညိုစရာ မြတ်နိုးစရာ လေးစားအထင်ကြီးစရာ ဂုဏ်ပုဒ်တွေမရှိပါဘူး ဘာလို့ လဲဆိုတော့ မိဘအမျိုးမျိုး၇ှိလို့ ပါပဲ။ ချမ်းချမ်း ပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့မိဘကို (၃)မျိုးခွဲပြီး ပြန်ရှင်းပြပါ့မယ်။

(၁) သာမန် မိဘ (ရိုးရိုးမိဘ)
(၂)မိဘကောင်း (သာလွန်မိဘ)
(၂)စံပြုထိုက်တဲ့ မိဘ(တော်ဝင် မိဘ)

(၁)
သာမန်မိဘဆိုတာ ....ကိုယ်မွေးထားတဲ့ သားသမီးအတွက် စံပြဖြစ်အောင် ရိုသေထိုက်အောင်မနေတဲ့ မိဘ တွေပါ။ ဆင်းရဲတာချမ်းသာတာကိုပြောတာမဟုတ်ဘူးနော် ကိုယ်ကျင့်တရား နဲ့ သိက္ခာ ကိုပြောတာပါ။
“လက်ဦးဆရာ မည်ထိုက်စွာပုပ္ဖာ စရိယ မိနှင့် ဖ” တဲ့ မိဘဆိုတာ သားသမီးတွေအတွက် အတုယူစရာ စံပြဖြစ်နေရပါ့မယ်။ သားသမီးတွေအတွက် ရှေ့ ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်နေရပါ့မယ် .သားသမီးတွေကို လိမ္မာယဉ်ကျေးအောင်ဆိုဆုံးမတတ်ရပါ့မယ်။အဖေကရက်ကွက်ထဲက ကြာကူလီနှာဘူး.အရက်သမားညနေအလုပ်ပြန်လာရင် အိမ်ကသားသမီးတွေကိုဆဲဆိုရိုက်နှက် .အမေကလဲလင်ကိုစိတ်ကုန်လို့ သားသမီးတွေဆိုဆုံးမ မှုမရှိ စီးပွါးရေးကလဲအဆင်မပြေ ကလေးတွေကလဲတစ်ပြုံတစ်ခေါင်း
သားသမီးတွေကလဲ ပညာမတတ် ဖြစ်သလိုခိုးစားဝှက်စားလမ်းဘေးစားဘ၀ရောက်နေရတဲ့  ကလေးတွေဟာ.ဘယ်သူ့အပြစ်လို့ ထင်ပါသလဲသားသမီးတွေကို တစ်ဝမ်းဝအောင်တစ်ခါးလှအောင်မကျွးနိုင်တဲ့ မိဘ လိမ္မာယဉ်ကျေးအောင် ဆိုဆုံးမ မှုမ၇ှိတဲ့ မိဘတွေဟာ သာမန်မိဘတွေပါ။မွေးထားတဲ့ ကျေးဇူးတရားပဲရှိပါတယ် မိဘတွေကိုယ်တိုင်မှာ စစ်မှန်တဲ့မေတ္တာတွေ စေတနာတွေ မရှိပါဘူး
.အခုခေတ်လူငယ်တွေအကျင့်စာရိတ္တပျက်စီးတယ်ဆိုတာ ၅၀ ရာခိုင်းနှုန်းဟာ မိဘတွေကြောင့်ပါ သားသမီးတွေကို ငယ်ငယ်ကတည်က နည်းမှန်လမ်းမှန်မဆုံးမတတ်လို့  သွန်သင်မှုမရှိလို့ ပါ။အစိုးရမကောင်းလို့  ခေတ်မကောင်းလို့ တော့ ၁၀၀% အပြစ်မတင်ပါနဲ့ ။ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်က ကျင့်ရတာပါ ။ကျင့်ဖို့ ဆိုတာကလဲ ကိုယ်ပိုင်အတွေးအခေါ်အယူအဆနဲ့ ဆိုင်ပါတယ်။

.............................................

(၂)မိဘကောင်း ..ဆိုတာက ကိုယ်မွေးထားတဲ့သားသမီးတွေကို ချစ်တော့ချစ်ပါတယ်။သားသမီးတွေ လူတန်းစေ့နေနိုင်အောင် .ပညာတတ်အောင် ထားပါတယ်။ဒါပေမယ့်ကိုယ်တိုင်က စီးပွါးရေးမှာ .ကတုံးပေါ်ထိပ်ကွက်နေတဲ့ သူ.အလုပ်မှာ လာဘ်စားနေတဲ့ သူ
ဟုတ်တာတွေရော မဟုတ်တာတွေရော သားသမီးနဲ့ ဇနီးအတွက် ကိုယ့်သိက္ခာ ကိုယ့်ဘ၀ ကို အကျခံတဲ့ သူတွေပေါ့။
ကိုယ်တိုင်ကမဟုတ်တာလုပ်နေတော့သားသမီးတွေကို နည်းမှန်လမ်းမှန် သွန်သင်ဖို့ ဆိုတာဆိုမဖြစ်နိုင်ပါဘူး။နည်းမှန်လမ်းမှန်မဆုံးမတတ်ရင် ဘာသာရေးအသိတွေ မပေးတတ်ရင် တစ်နေ့မှာကိုယ့်သားသမီးဟာ ကိုယ့်လို ဟုတ်တာရောမဟုတ်တာရောလုပ်တဲ့ သူဖြစ်နိုင်ပါတယ်။ အဖေအမေတွေကိုယ်တိုင်က လုပ်နေတာလေ သားသမီးတွေလဲ ပတ်ဝန်းကျင်မှာကိုယ့်ကြောင့်မျက်နှာငယ်ရပါတယ်။သူ့အဖေ.သူ့အမေက ချမ်းသာပေမယ့် လူလိမ်ကြီး အရာ၇ှိသာပြောတယ် စားသလားမ မမေးနဲ့ .လို့ အပြောခံရပါတယ်.ကိုယ်တိုင်ကလဲမဟုတ်တာလုပ်တော့ သေရင် ငရဲလဲရောက်ဦးမယ်နော်။သားသမီးအတွက် မှားယွင်းတဲ့ နည်းလမ်းနဲ့ ပြုစုပျိုးထောင်တဲ့ မိဘတွေဟာ..သာမန်မိဘထက်စာရင်တာ့ ကောင်းတယ်လို့ ပြောရမှာပေါ့
တစ်ချို့ သားသမီးတွေကမိဘကျေးဇူးသိပေမယ့် တစ်ချို့ ကမသိတာဟာ .ကိုယ်ပိုင်မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ကိုယ်ချင်းစာစိတ် စာနာစိတ်မရှိသေးလို့ ပါ။
မိဘအပေါ်မသိတတ်တဲ့ သားဆိုးသမီးဆိုး မိဘအရှက်ခွဲတဲ့ သားသမီးဆိုတာလေ..စံပြုထိုက်တဲ့ မိဘတွေမှာ မရှိသလောက်ပါဘဲ..တစ်ချို့ မိဘတွေ သားသမီး ၇ ယောက်မွေးထားပါရဲ့ မိဘကိုပြန်မကြည့်တဲ့ သားသမီးတွေအများကြီးပဲ။ဘာလို့ လဲဆိုတော့ သားသမီးကို လိမ္မာယဉ်ကျေးအောင် ကိုယ်ချင်းစာတတ်အောင် ငယ်ငယ်တုန်းကမသင်ခဲ့လို့ ပါ။တစ်ချို့ သားသမီးတွေက မသင်ပေမယ့်သူ့ ကိုယ်ပိုင်အသိလေး နဲ့ လိမ္မာတဲ့ သူရှိတော့၇ှိတယ် ..၇ှားတယ်ဆိုတာမျိုးလေ။
...................................................

(၃) တော်ဝင်မိဘ (စံပြုထိုက်တဲ့ မိဘ) ဆိုတာ...ကိုယ်တိုင်က သားသမီးတွေ အတုယူလေးစားရလောက်အောင် ကြည်ညိုရလောက်အောင် ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့မိဘ သားသမီးတွေကိုနည်းမှန်လမ်းမှန်နဲ့ သွန်သင်ဆုံးမနိုင်တဲ့မိဘ ဘာသာရေးအသိတွေကိုသားသမီးလေးတွေရင်ထဲမှာ
ထည့်ပေးနိုင်တဲ့ မိဘ မချမ်းသာပေမယ့် .သားသမီးတွေကိုတန်ဖိုး၇ှိတဲ့သူဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်တဲ့ မိဘတွေဟာ တော်ဝင်မိဘတွေပါ။ သားသမီးတွေကိုေ၇ွှပေါ်မြတင်ထားတိုင်းစံပြုထိုက်တဲ့ မိဘမဖြစ်သေးပါဘူး ။မိဘ၀တ္တရားမကျေပါဘူး။နှမချင်းစာနာစိတ် ကိုယ်ချင်းစာစိတ် မ၇ှိတဲ့ ပျက်စီးလေလွင့်နေတဲ့ လူ့ ချမ်းသာ သားသမီး အရာရှိ သားသမီးတွေ ဒီခေတ်မှာအများကြီးပါ။ လူချမ်းသာဖို့ ထက် အေးချမ်းတည်ငြိမ်တဲ့ ဘ၀ကိုတန်ဖိုးထားတတ်တဲ့သူဖြစ်အောင်.ပြုစုပေးနိုင်မှ လမ်းပြပေးနိုင်မှ စံပြုထိုက်တဲ့ မိဘ (တော်ဝင်မိဘ)ဖြစ်မှာပါ..

တစ်နေ့ မှာ သူငယ်ချင်းတို့ ကိုယ်တိုင် မိဘ ဘ၀ကိုမလွဲမသွေရောက်ကြမှာပဲနော်..ကိုယ်တိုင်က မိဘဖြစ်လာခဲ့ရင် ဘယ်လို မိဘမျိုးဖြစ်ချင်ကြလဲ..ချမ်းချမ်းတို့ ဆရာပေးတဲ့စကားလက်ဆောင်လေးက
““ဘ၀မှာ ဘာမဆိုအကောင်းဆုံးဖြစ်အောင်လုပ်ပါ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အကောင်းတော့ဖြစ်လာပါလိမ့်မယ်တဲ့ ””
ကိုယ်တိုင်က စံပြုထိုက်တဲ့ မိဘဖြစ်ဖို့ ကိုယ်တိုင်ဘယ်လိုနေရမလဲ သားသမီးတွေကို ဘယ်လိုပြုစု ပျိုးထောင်ရမလဲဆိုတာ
ဆက်လက်တင်ပြပေးသွားပါ့မယ်..

(၁) မိမိကိုယ်တိုင်က.တည်ငြိမ်ရင့်ကျက်တဲ့ အ၇ွယ် ရောက်မှ
မိဘကို.၁ နှစ် ၂နှစ် လောက်လုပ်ကျွေးပြီးမှ ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိနေမှ အိမ်ထောင်ပြုပါ။တစ်ချို့ကငယ်ငယ်၇ွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြပါတယ် ဒီခေတ်မှာ ၁၇ .၁၈.ကျောင်းမပြီးအလုပ်မရှိဘဲနဲ
ယူနေကြတာအများကြီးပဲ.မိသားစုတာဝန်ဆိုတာတစ်ကယ်ကြီးပါတယ်.မရင့်ကျက်သေးပဲနဲ့ အချစ်တစ်ခုကြည့်ပြီးယူရင်တော့..အတွေးအခေါ်နဲ့ အတွေ့ အကြုံမရင့်ကျက်လို့ ..
တစ်ကယ်တန်းအိမ်ထောင်ရေး စီးပွါးရေးသားသမီး သောကတွေ တွေ့ ခဲ့ရင် .မှန်ကန်တဲ့နည်းနဲ့မဖြေရှင်းတတ်ပါဘူး..သားသမီးကိုလဲမှန်ကန်တဲ့ အတွေးအခေါ်တွေဆုံးမှုတွေ မပေးတတ်ပါဘူးကိုယ်တိုင်က မရင့်ကျက်သေးလို့ ပါ။

(၂)သားသမီးကို .အမှန်တကယ် လို ချစ်စိတ်၇ှိမှ ယူပါ.တစ်ချို့ ကလေးတွေက မိဘမလိုချင်ပဲနဲ့ ရလာတဲ့ အတွက် မိဘရဲ့ ငြိုငြင်ခြင်းကို.ငယ်ငယ်ကတည်းကခံရလို့  သူတို့ လေးတွေရင်ထဲမှာအရာရာကိုဝမ်းနည်းစိတ် အားငယ်စိတ် မယုံကြည်တဲ့ စိတ်တွေ ဖြစ်နေတတ်ပါတယ်။တစ်ချို့အမေတွေက ဖျက်ချပစ်တယ် .ဖျက်လို့ မကျတဲ့ အဆုံးမှမွေတော့.ကလေးကရုပ်လေးကချစ်စရာလေး ခြေလေးခွင် .လက်ကလေးလိမ်လို့ တကယ်လူဖြစ်ရှုံးရတာတွေ ချမ်းချမ်းအများကြီးတွေ့ ဘူးတယ်။

(၃) မိဘကိုယ်တိုင်က သားသမီးအတွက်စံပြဖြစ်အောင်အတုယူစရာကောင်းအောင်နေပါ။အိမ်ထောင်မကျခင် သားသမီးမရခင်ဘယ်လိုပဲနေခဲ့နေခဲ့ မိဘ ဘ၀ရောက်လာရင်တော့ ကိုယ့်ကိုအားကိုးမယ့်သားသမီးတွေအတွက်
ကိုယ်တိုင်က အလုပ်ကို ရိုးရိုးသားသားနဲ့ ကြိုးစားသူ မသောက်မစား ခင်ပွန်းအပေါ် ဇနီးအပေါ်မိသားစုအပေါ်တာဝန်ကျေတဲ့သစ္စာ၇ှိတဲ့ သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။ဘာသာတရားကိုလဲရိုသေတတ်ပါစေ
။တစ်ချို့ကလူပျိုအပျိုဘ၀ပွေခဲ့ရှုတ်ခဲ့ပေမယ့် အိမ်ထောင်ကျပြီးတော့ကောင်းသွားတာရှိသလို ပိုဆိုးသွားတာလဲရှိပါတယ်။ကိုယ်ဟာအခုချိန်မှာ လေးစားထိုက်တဲ့မိဘ ဘ၀ကြည်ညိုထိုက်တဲ့ မိဘ ဘ၀နဲ့တန်လားမတန်ဘူးလားဆိုတာစဉ်းစားပါ။မိဘ ဘ၀ကို တန်ဖိုးထားပါ.ကိုယ်တစ်နေ့အိုမင်းမစွမ်းတဲ့အခါ.
ကိုယ့်သားသမီးဟာ ကိုယ့်ရဲ့ မှီခိုရာပါ။

(၄)သားသမီးတွေရှေ့ မှာ မိဘကိုယ်တိုင်ကရန်ဖြစ်တာ ရိုက်နှက်တာ တွေတတ်နိုင်သမျှရှောင်ပါ.မိဘတွေကိုယ်တိုင်ကတစ်ကျက်ကျက်ရန်ဖြစ်ပြီးရိုက်နှက်နေရင် သားသမီးတွေအိမ်ကိုငြီးငွေ့ပါတယ်။အိမ်မှာမနေချင်တော့အပြင်မှာသူငယ်ချင်းတွေနဲ့ အပျော်ရှာတတ်လာပါတယ်။သူငယ်ချင်းကောင်းရင်တော့ကိစ္စမရှိပေမယ့် မကောင်းခဲ့ရင်လမ်းမှားရောက်တတ်ပါတယ်။

(၅) မိဘကိုယ်တိုင် အမှားတစ်စုံတစ်၇ာပြုမိရင် သားသမီးတွေကို တောင်းပန်ပါ။မြန်မာလူကြီးတွေ တောင်းပန်ရင်သိက္ခာကျတယ် အောက်တယ်လို့ ထင်တာဟာမှားပါတယ်။.ထိုင်းလူမျိုးနဲ့ ဂျပန်လူမျိုးတွေလေ ကိုယ့်ထက်ငယ်တဲ့ သူ.ကိုယ့်သားသမီးအပေါ်မှာတောင်ရိုရိုသေသေနဲ့ တောင်းပန်တယ်။အမှားဆိုတာ လူကြီးလဲ ဖြစ်တတ်တာပဲ လူငယ်လဲဖြစ်တတ်တာာပဲ။ကိုယ့်ဘက်ကမှားရင်တော့ ကိုယ့်ထက်ငယ်လဲ.တောင်းပန်သင့်တယ်။

(၆) သားသမီးတွေကို .အမြဲပွေ့ ဖက်ပါ နမ်းပါ သားကိုချစ်တယ် သမီးကိုချစ်တယ်လို့ ခဏခဏပြောပါ။ မိဘ၇ဲ့ ယုယမှုနဲ့ အချစ်ကိုသားသမီးတိုင်း လိုချင်ပါတယ်..ချမ်းချမ်း မေမေလေ ချမ်းချမ်း သွားလည်ရင် တစ်ခါမှာမဖက်ဖူးဘူး.ချစ်တယ်လို့လဲမပြောဖူးဘူး ဒီနေ့ဒီအချိန်ထိပဲ..မေမေချစ်တာတော့သိနေပေမယ့် နှုတ်က ကြင်ကြင်နာနာနဲ့ ပြောတာတော့ ကြားချင်တာပေါ့။
..........................


သားသမီးလေးတွေကို ငယ်ငယ်လေးထဲက ပြုပြင်ဆုံးမဖို့ အတွက်ကတော့

ကလေးတွေကိုကိုယ့်အားကိုယ်ကိုးတတ်အောာင် ၂နှစ်သားအရွယ်ကတည်းကပုံစံပေးပါ။ ၂နှစ်ဆိုတော့စကားလဲမပီကလာပီကလာပြောတတ်နေပါပြီ ပြောသမျှနားလည်နေပြီမို့ ပုံစံသွင်းလို့ ရပါပြီ။

(၁) သူဆော့ထားတာတွေ .ဖွထားတာတွေကို ကိုယ်တိုင်သိမ်းခိုင်းပါ။ဖိနပ်ကိုနေရာတကျထားဖို့ 
ပစ္စည်းကိုနေရာတကျထားတတ်ဖို့ ပထမကိုယ်က၀ိုင်းကူတဲ့ သဘောနဲ့ အတူတူသိမ်းပါ။သူလုပ်နိုင်တာလေးခိုင်းပါ.စာအုပ်လေးယူပေးပါဦးသားရေ။ဘောပင်လေးယူပေးပါဦးကွယ်လို့ သူသိတာလေးလုပ်ခိုင်းပါ။
“အလေ့အကျင့်မှသည် အလေ့အထ အလေ့အထမှသည် ထာဝရတဲ့ ” ချမ်းချမ်းတို့ သမိုင်းဆရာ ဦးကြည်ဆိုင်၇ဲ့ စကားလက်ဆောင်လေးလိုပေါ့.ငယ်ငယ်ကအကျင့်ဖြစ်နေတော့ကြီးလာရင်အလုပ်နဲ့ ပက်သက်ပြီးတမင်ပြောနေစရာမလိုတော့ဘူးလေ.
သူ့အလုပ်ကိုယ်သူသိတယ်သူ့တာဝန်သူကျေအောင်လုပ်နိုင်ပါပြီ။အချောင်ခိုချင်တာတွေမရှိတော့ဘူးပေါ့။

(၂) ညအိပ်ရာဝင်ပုံပြင်လေးကို ညတိုင်းပြောပေးပါ။ပုံပြင်ဆိုတာကလေးတွေ၇ဲ့ စိတ်ကူးယဉ်ကမ္ဘာလေးပါ။၅၅၀ နိပါတ်တော်ပုံပြင်တွေဆိုရင်လေ သံဝေဂယူစရာအတုယူစရာတွေအများကြီးပဲ။မကောင်းတာလုပ်ရင်တော့ ဒုက္ခရောက်နိုင်တယ်။ကောင်းတာလုပ်ရင်တော့ ချမ်းသားတယ်။သူနားလည်သလိုလေးပြောပြပါ။ပုံပြင်ဆိုတာကလေးတွေအသိညဏ်တိုးဖို့ လိမ္မာဖို့ အတွက်အကော်းဆုံးဆရာပါ။
အခုခေတ်မှာ. မေမေတွေကလေ ညဘက်. ၈နာရီကိုးရီးယားဇာတ်လမ်းလေးကောင်းလို့ ကြည့်နေရတယ်။ဖေဖေကလဲ ဘော်လုံးပွဲလေးအားပေးနေရတယ်.သားသမီးတွေကို ပုံပြင်ပြောပြလို့ မအားရှာဘူးသိလား။နေ့ ဘက်လဲBusy နေတယ်။အားရင် Shopping ထွက်နေရတယ်။သားသမီးတွေအတွက်အချိန်မပေးနိုင်ကြပါဘူး။

(၃)ကိုယ်ကချမ်းသားလို့ သားသမီးတွေလိုချင်တာမှန်သမျှလွယ်လွယ်နဲ့ ဝယ်မပေးပါနဲ့ ။Easy Come Easy Go! တဲ့ အရာအရာတိုင်းလိုချင်တာရနေတဲ့ကလေးမှာ အရာရာကိုတန်ဖိုးမထားတတ်တာသဘာဝပါ။ သူလိုချင်တာဝယ်ပေးမယ်ဆိုရင်တောင်.နားလည်အောင်၇ှင်းပြပါ။ဒီအရုပ်လေးက မေမေအလကားမရဘူး။ပိုက်ဆံနဲ့ ဝယ်ရတယ်။
မေမေလဲပိုက်ဆံရဖို့ အလုပ်တွေလုပ်ရတယ်။သားလေးလိုချင်တယ်ဆိုရင် အလုပ်လုပ်ပါ.အိမ်အလုပ်ကူလုပ်ပါ။ဒါမှမဟုတ် စာတော်အောင်ကြိုးစားပါ။တစ်ခုခုသူလုပ်ပေးနိုင်မှသူလိုချင်တာဝယ်ပေးပါ။အလကားမရဘူးဆိုတဲ့အသိလေး
သူ့ရင်ထဲမှာစွဲသွားရင်သူဟာ.အချောင်လိုချင်တဲ့ စိတ်တွေနည်းသွားပါလိမ့်မယ်။အရာရာကိုတန်ဖိုးထားတတ်လာပါလိမ်မယ်။

(၄)ငယ်ငယ်ကတည်းက ဘာသာရေးအသိတွေ ပေးနိုင်အောင်ကြိုးစားပါ။အဲ့ဒါကအရေးကြီးဆုံးပါဘဲ။ချမ်းတို့  ၂ တန်းနှစ် ၁၉၈၈ မှာဗုဒ္ဓဘာသာအခြေခံသင်တန်း .ကျောင်းမှာတက်ရပါတယ်။ကလေးဆိုတော့နွေရာသီကျောင်းပိတ်ရက်မှာဆော့ချင်တာပေါ့ ။သင်တန်းလဲမသွားချင်ဘူးအိမ်ကလူကြီးတွေက သွားရင်မုန့် ဖိုး၁ ကျပ်ပေးမယ်တဲ့ ။ခါတိုင်း ၅ မူးရတာ အခု ၁ ကျပ်ဆိုတော့သွားပါတယ် ပိုက်ဆံလိုချင်လို့ ပေါ့။ ကျောင်းရောက်တော့ဗုဒ္ဓရဲ့ အကြောင်းကိုစသင်ပါတယ်.ဘုရားဘယ်မှာပွင့်တယ်နာမည်ဘယ်လို ခမည်းတော်တွေမယ်တော်တွေနာမည်ကပါဠိလိုဆိုတော့.ဖတ်ရရေးရလဲခက်.အဲ့ဒါနဲ့ “ချမ်းပြန်တော့မယ် အိမ်ကပေးတဲ့ ၁ ကျပ်လဲမလိုချင်တော့ဘူး” လို့ ဆရာမကိုပြောပါတယ်.ဆရာမကဘာပြောလဲဆိုတော့ “သမီးပြန်သွားရင် ကုသိုလ်မရဘူးပေါ့”တဲ့ ။
ချမ်းက “ဘယ်လိုကုသိုလ်မျိုးလဲဆရာမ ”လို့ ပြန်မေးပါတယ်.ဆရာမက “အခုနေ ကျောင်းပေါ်ကို ဂျပန်တွေဗုံးလာကျဲလို့ သေသွားရင်နတ်ပြည်တက်ရပြီတဲ့”။ချမ်းချမ်းက “နတ်ပြည်မှာဘာရှိလဲဆရာမ”လို့ ပြန်မေးပါတယ်.ဆရာမက “နတ်သားနတ်သမီးတွေဆိုတာ အရမ်းလှတယ်တဲ့လိုချင်တဲ့ အရုပ်တွေ.စားစရာတွေက တောင်းစရာမလိုဘူး ၀ယ်စရာမလိုဘူးတဲ့ ။သူ့အလိုလိုပြည့်တယ် ”တဲ့ ။အဲ့ဒါနဲ့ ငပျင်းမလေး ချမ်းချမ်း တစ်ယောက် နတ်ပြည်ရောက်ချင်လို့  သင်တန်းဆက်တက်ဖြစ်သွားတယ်.စတက်တုန်းကတော့နတ်ပြည်ရောက်ချင်လို့ ပေါ့နော်။နောက်တော့တဖြည်းဖြည်းဘုရားကိုပိုကြည်ညိုလာတယ်။၃၈ဖြာမင်္ဂလာသင်တော့လဲကုသိုဘ်အကုသိုလ်ကိုသိလာပါတယ်။
.ချမ်း ၂နှစ်ထဲမှာ ဖေဖေနဲ့ မေမေကွဲသွားပါတယ်။တစ်ဦးတည်းသောသမီး မိတဆိုးဆိုတော့ဖေဖေကအလိုလိုက်ပါတယ် ။
ချမ်းလဲငယ်ငယ်တုန်းက တော်တော်ဆိုးတာ။ မိန်းကလေးတန်မဲ့ဂျစ်ကန်ကန်နဲ့ အမျိုးတွေကိုမိုက်ကြည့်ကြည့်တာနော်။စကားပြောရင်လဲဘုနဲဘောက်ပဲ မှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမကြောက်ဘူး။စိတ်လဲတိုတယ်။
နောက်တော့မင်္ဂလာမောင်မယ်စာအုပ်တွေ ဖတ်တယ် ဘာသာရေးစာအုပ်တွေ ဗုဒ္ဓစာပန်းချီတွေဖတ်တယ်ကိုယ့်ကိုယ်ကိုပြင်တတ်လာတယ်။.ချမ်းချမ်းကို အသိတွေတိုးလာအောင် ဆုံးမပေးတာ မိဘ မဟုတ်ဘူး ဘာသာရေးစာအုပ်တွေပါ။တခြားဘာသာဝင်တွေမှာလေ သူတို့ သားသမီးကျောင်းစနေတာနဲ့ ငယ်ငယ်လေးထဲကဘာသာရေးအသိတွေ ကိုခေါင်းထဲ နှလုံးသားထဲထည့်ပေးကြတယ်နော်။ချမ်းချမ်းတို့ ဗုဒ္ဓဘာသာဝင်တွေမှာအဲ့ဒီလိုမျိုးမရှိလို ဘာသာပြောင်းတာတွေများလာတာပါ။မြန်မာနိုင်ငံဟာထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံပါ
.မြန်မာဘုန်းတော်ကြီးကျောင်းဆိုလည်းတစ်ကယ်များပါတယ်။နွေရာသီကျောင်းပိတ်ရက်မှာ ဘယ်ဘုန်းကြီးကျောင်းကများ ကလေးတွေကိုဗုဒ္ဓဘာာသာအခြေခံသင်တန်းလေးသင်တယ်လို့ ကြားဖူးပါလဲ။ မိဘတွေကစီးပွါးရေးတွေနဲ့ ရှုတ်နေလို့ မသင်ပေးနိုင်ရင်တောင် သံဃာတော်တွေ ဦးဆောင်သင်ပေးသင့်ပါတယ်။
၈၈ သပိတ်နောက်ပိုင်းမူလတန်းကျောင်းတွေမှာ ဗုဒ္ဓဘာသာသင်တန်းတွေတက်ခွင့်မပေးတော့ပါဘူး။ချမ်းတို့ အိမ်ကတောင်ခြေရင်းမှာပါ.တောင်ပေါ်မှာဘုန်းကြီးကျောင်း အိမ်ေ၇ှ့လမ်းမကြီးတဖက်မှာလဲဘုန်းကြီးကျောင်း .ညနေ ၂လုံးထီထွက်ရင် ဘယ်ကျောင်းကဘယ်ကိုယ်တော်ကဘယ်လောက်ပေါက်သွားတယ်တဲ့ ။ဘယ်ကိုယ်တော်လေးက ဘယ်ဒကာမနဲ့ ညိလို့ လူဝတ်လဲလိုက်တယ်တဲ့ .တစ်ကယ်ပါ.ကြားရတာစိတ်မသက်သာစရာကြီးပါပဲ။ ကလေးတွေရဲ့ “နှလုံးသားမှာ ဘုရားတည်ပါ” လို့ အရှင်ဇ၀န ပြောတဲ့စကားလေးအရမ်းကြိုက်တယ်။မိဘတိုင်းသားသမီးတွေနှလုံးသားးမျာ ဘုရားတည်ပေးနိုင်အောင်ကြိုးစားပါ။

(၅) ကလေးတွေကို ကိုယ်ချင်းစာတတ်အောင် ငယ်ငယ်လေးထဲကသင်ပေးပါ။ အကောင်ပလောင်လေးတွေ
ငါးလေးဖားလေးတွေသတ်တာမြင်ရင်.တားပါ။သူ့အသတ်သတ်ရင်ကိုယ်လဲအသတ်ခံရမယ်။ငါးလေးတွေဖားလေးတွေလဲ လူတွေလို နာကျင်တတ်တာပဲ။မသတ်ရဘုးလို့ သင်ပေးပါ။သူများပစ္စည်းခိုးရင် ကိုယ့်ပစ္စည်းလဲအခိုးခံတယ်နော်။အဓိက ကလေးတွေကိုကိုယ်ချင်းစာစိတ် သနားစိတ် စာနာစိတ်လေးရှိအောင်သင်ပေးဖို့ ပါဘဲ။ပုံပြင်လေးတစ်ပုဒ်၇ှိတယ်လေ။သေဒဏ်ကျမယ့်သူခိုးက အမေ့နားရွက်ကိုကိုက်ပြီး “ငယ်ငယ်တုန်းကအမေမဆုံးမခဲ့လို့ ကျွန်တော်သူခိုးဖြစ်ရတာအသတ်ခံရတာတဲ့” ။အဲ့ဒီပုံပြင်လေးကိုကြားဖူးကြပါလိမ့်မယ်။

(၆)ကလေးတွေကို ငယ်ငယ်လေးထဲကစာဖတ်ဝါသနာပါအောင်သင်ပေးပါ.ကာတွန်းရုပ်ပြောင် ..ရုပ်ပြ.ဗုဒ္ဓစာပန်းချီ.သူ့အ၇ွယ်အလိုက် စာတွေပေးဖတ်ပါ။အခုခေတ်မှာ .ကာတွန်းခွေတွေ ဂိမ်းတွေပေါတော့စာဖတ်တဲ့ ကလေးတွေနည်းသွားပါတယ်.ဂိမ်းဆော့ရင်တောင် အချိန်သတ်မှတ်ပေးပါ .ဂိမ်းဆော့တဲ့ကလေးတွေ ညဏ်ရည်ထက်လာပေမယ့်.စိတ်ခွန်အားတွေအားနည်းပါတယ်။သတ်တယ်ဖြတ်တယ် ပစ်မယ်ခတ်မယ်.ဆိုတော့.ဒေါသကြီးလာပါလိမ့်မယ်.တစ်ဖက်ကနိုင်သွားရင်လဲ မနာလိုတာဖြစ်ဦးမယ်။ဂိမ်းစွဲရင် အလုပ်လဲစိတ်မ၀င်စားတော့ပါဘူး။မိဘကိုယ်တိုင်က သားသမီး၇ဲ့ စိတ်အခြေအနေကို လေ့လာပါ။ဂရုစိုက်ပါ။


(၇) သားသမီးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့  ဆုံးဖြတ်တတ်အောင် ကတိတည်တတ်အောင်လေ့ကျင့်ပေးပါ..ကိုယ်တိုင်လဲ သားသမီးအပေါ်ကတိတည်အောင်ကြိုးစားပါ.ဥပမာ သားလေးကို ပြန်လာရင် အရုပ်ဝယ်ပေးမယ် .မုန့် ကျွေးမယ်လို ကတိပေးပြီးရင် ..
ဝယ်ဖြစ်အောင်ဝယ်ခဲ့ပါ.မ၀ယ်ပေးနိုင်သေးရင်လဲ .ကတိကြိုမပေးပါနဲ့ .ကတိခဏခဏပျက်ရင်..အဖေတို့ အမေတို့ ကညာတယ် ကတိလဲမတည်ဘူးဆိုပြီး
မိဘအပေါ်ယုံကြည်မှုတွေနည်းသွားပါလိမ့်မယ်။နောက်တစ်ချက်က.ဂိမ်းဆော့မယ်..ကာတွန်းဖတ် အပြင်သွားမယ်ဆိုပါစို့ ဘယ်နှစ်နာ ဆော့ချင်လဲ..လို့ မေးပါ..၂ နာရီ လို့ ကတိပေးပြီးရင် ၂နာရီပြည့်တာနဲ့ ရပ်ခိုင်းပါ.ကတိတည်တတ်အောင် ငယ်ငယ်လေးထဲက လေ့ကျင့်ပေးပါ.မတည်ရင်အပြစ်ပေးပါ။

(၈) သားသမီးတွေကို လူမှုရေးကျင့်ဝတ်တွေသင်ပေးပါ။ဧည့်သည်တွေရှေ့ မှာ .လမ်းမှာ .ရုံးမှာ လူတွေအများကြီး၇ှိတဲ့ နေရာမှာ ဘယ်လိုနေရမလဲဆိုတာ သင်ပေးပါ.ဂျပန်လူမျိုးတိုင်း.ကလေးတွေကို .လမ်းသွားရင် အမှိုက်မပစ်ဖို့ လူကြားထဲမှာမဆူညံဖို့ မငိုဖို့  .ပစ္စည်းဝယ်ရင် .တန်းစီတတ်ဖို့  ငယ်ငယ်လေးထဲက ပုံသွင်းထားတာ.မိဘတိုင်းအိမ်မှာသင်ထားတာနော်..ဒါ့ကြောင့် ဆူနာမီဖြစ်လို့ စားစရာမရှိတာတောင် တန်းစီတာ..လုယက်မှုမမရှိတာ . အချင်းချင်းရိုသေတာ..ကမ္ဘာကတောင်ချီးကျူးကြတယ်..
ချမ်းချမ်းတို့ ဆရာရဲ့ အသိ တစ်ယောက် ဂျပန်ပြည်သွားတာ..လမ်းမှာ အမှတ်မထင် သကြားလုံးအခွန်လေး ပစ်ချမိသွားတာကို ၄ နှစ်သားလေးကမြင်ပြီး လက်လာတို့ တယ် .ပြီးတော့အမှိုက်ကို လက်ညှိးထိုးပြီး အမှိုက်ပုံးကို ပြတယ်တဲ့ .ဆရာ့မှာ လူကြားထဲ ရှက်ရှက်နဲ့ ကောက်ပြီးအမှိုက်ပုံးထဲထည့်ရတယ်တဲ့ ..အကျင့်ဆိုတာ..ငယ်ငယ်ကတည်းကကျင့်ထားရင် သူ့အလိုလို ထိန်းပြီးသားပါ။တမင်သတိထားစရာမလိုတော့ဘူးလေ။

ကဲ..ဘယ်လိုလဲ..သူငယ်ချင်းတို့ တစ်နေ့ဖေဖေမေမေဖြစ်လာရင် အဲ့ဒီလိုမျိုးကျင့်နိုင်လား..သိပ်ပြိးခက်ခဲတဲ့ အလုပ်မဟုတ်ဘူးနော်..စိတ်ရှည်၇ှည်နဲ့ ပုံသွင်းတတ်ဖို့ ပဲလိုတယ်..ကလေးတွေဆိုတာဖယောင်းလေးတွေပါ.ငယ်ငယ်တုန်းကလှပတဲ့ပုံစံလေးသွင်းထားမှ ကြီးလာရင်ဘ၀လှမယ်လေ။
..ကိုယ်လဲ လိမ္မာတဲ့ သားသမီးရတဲ့ အတွက်.တန်ဖိုးရှိတဲ့ သားတို့ သမီးတို့ ရဲ့ ဖေဖေမေမေဖြစ်ပြီလေ..
ဖြစ်နိုင်အောင်ကြိုးစားပါ..

ချမ်းချမ်းရဲ့ ရင်တွင်းဖြစ် ခံစားချက်လေးမို့ အမှားပါရင် နားလည်ခွင့်လွှတ်ပေးပါလို့ .


လေးစားစွာဖြင့်
Written..By....ချမ်း.ချမ်း(ရွာသူလေး) http://haymonchan.blogspot.com


3 comments:

dragonamt said...

လောလောဆယ်တော့မိဘကောင်းဖြစ်ဖို့ ထက်..သားသမီးကောင်းဖြစ်ဖို့ ကြိုးစားနေရတယ်..ချမ်းချမ်းေ၇...အနော်တို့ ကလောလောဆယ်သားသမီးကောင်းတွေမဟုတ်သေးဘူးလေ..သားသမီးတာဝန်မကျေကြသေးဘူး..သားသမီးတာဝန်ကျေမှပဲ..မိဘတာဝန်ကျေဖို့ မိဘကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားရမယ်...ကျေးဇူးတင်တယ်..ခုပို စ့်လေးအတွက်....

ngatun said...

လူဘ၀မှာရောက်တုန်းရောက်ခိုက် အနည်းဆုံးတော့ မိဘကောင်းတစ်ယောက်ဖစ်ဖို့ တော့ ကြိုးစားရမှာပါ။ရာထူးကြီးတွေ၊သူဌေးကြီးတွေမဖစ်ချင်နေပါစေ မိသားစုကိုတော့ ရိုး2သား2ဖြူ2စင်2နဲ့ ရှာကျွေးရှင်ပါတယ်။ဘာပဲဖစ်ဖစ် ကိုယ့်ဘ၀မှာရိုး2သား2နဲ့လုပ်ကိုင်စားသောက်နေရင်တော့ နောက်ဘ၀အတွက် မကောင်းမှုတွေတတ်နိုင်သမျှရှောင်ရှားသလိုဖစ်နေတာပေါ့။များများလဲမရေးတော့ပါဖူး ဖွားချမ်းရေ :))))))))

Anonymous said...

သားသားလည်းအတူတူပဲလေ
မိဘအပေါ်တာဝန်မကျေသေးဘူး
အဲ့ကြောင့်မိန်းမမဟူသေးပဲလုပ်
ကြွေးပြုစုနေတာပေါ့..တိန်..
လူပျိုဆိုတာကြွားတာဟုတ်ဝူးနော်
ဒွေးလေး