Monday, April 11, 2011

ရခိုင်ကြီး ဆွမ်းတင်နည်း

ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေက တံငါရွာလေးတစ်၇ွာမှာ အသက် ၅၀ အရွယ် တံငါသည် ရခိုင်ကြီး
တစ်ယောက် ရှိပါတယ်.ဇနီးက ဒေါ်အေးမြ ပါ ရခိုင်ကြီး၇ှာလို့ ရလာတဲ့ငါးတွေကို ဈေးထဲမှာ ရောင်းပါတယ်။
ရခိုင်ကြီးက ဗုဒ္ဓဘာသာ ဆိုပေမယ့် ဒီအသက်အ၇ွယ်ထိ ဘုရားဖြောင့်အောင် မ၇ှိခိုးတတ်ပါဘူး။
မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇ၀န ပြောသလိုဆို မိရိုးဖလာဗုဒ္ဓဘာသာပေါ့။
ရခိုင်ကြီး မိန်းမ ဒေါ်အေးမြက ဘုရား တရား အရမ်းကြည်ညိုပါတယ်.
မနက် ငါးရေားင်းမထွက်ခင် ထမင်းဟင်းချက် ဆွမ်းတော်တင် ဘုရားရှိခိုးပြီမှ ငါးရောင်းထွက်ပါတယ်။

ဒီနေ့ ဒေါ်အေးမြတစ်ယောက် အိပ်ရာထ နောက်ကျတော့.ထမင်းကလဲမကျက်သေးဘူး ဆွမ်းတင်လို့ လဲမမှီတော့ပါဘူး.။
ညတုန်းက ရခိုင်ကြီး ဖမ်းလာတဲ့ငါး တွေကလဲအများကြီး ဆိုတော့..နေမမြင့်ခင်အကုန်ရောင်းထွက်မှ
ငါးတွေမပုတ်မှာလို့ တွေးပြီး .ရခိုင် ကြီးကို ထမင်းအိုးကျက်ရင် ဆွမ်းတင်ပေးဖို့ သေချာမှာခဲ့ပါတယ်။

ထမင်းအိုးကျက်လို့ မီးဖိုပေါ်က ချတော့..ရခိုင်ကြီးတစ်ယောက် ဆွမ်းတော် ဘယ်လိုတင်ရမလဲဆိုတာ
စဉ်းစားနေပါတယ်.ဟင်းကလဲ မချက်ရသေးဘူး ထမင်းပဲ၇ှိတယ်.
.ဆွမ်းမတင်ပဲ နေပြန်ရင်လဲ..မိန်းမစကားပယ်ရှားရင် ဘေးများတယ်တဲ့ မိန်းမရိုသေ အသက်ရှည် ဆိုတော့ မိန်းမစကား
နားထောင်မှ လို့ တွေးပြီး ဆွမ်းခွက်ထဲ ထမင်းခပ်ထည့် အပေါ်က ဆားလေးဖြူး ပြီး သေချာ ဘုရားကျောင်းဆောင်
ရှေ့ မှာ အာရုံပြုပါတယ်..ခါတိုင်းဆို ဇနီးသည် အေးမြ ကဆွမ်းတင်နည်း နဲ့သေချာရွတ်ပြီးမှရိုရိုသေသေတင်ပါတယ် အခုရခိုင်ကြီးကလဲ ဘယ်လို၇ွတ်ရင်ကောင်းမလဲ လို့ အကြံထုတ်တော့..ကြားဖူးနားဝ ဘုရားအကြောင်းလေးနဲ့ သေချာရွတ်ပါတယ်။
အဘပြောင်.ဆွမ်းတင်တဲ့ ဂါထာလေးက
“မယ်တော်မာယာ ရင်သွေး
ယသော်ဓရာ လင်လေး
နှလုံးအေးဘုန်းပေး
တိုင်ထိပ် ပေါ်မှာ ပြုံးပြုံးလေး
ခုတော့ ဆားနဲ့ စား
ငါ့မယား အေးမြ လာမှ
ငါးနဲ့ စား”
သာဓုသာဓု..သာဓု...လို့ ဦးသုံးကြိမ်ချပြီး
တင်လိုက်ပါတယ်။
...............................
ဒီပိုစ့်လေးက ရဝေနွယ် (အင်းမ) ရဲ့ တရားခွေမှာ နားထောင်ရတဲ့..ရခိုင်ကြီးဆွမ်းတင်နည်းပါ.
တစ်ကယ့်အဖြစ်အပျက်လေးပါ။
ချမ်းချမ်းတို့ ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ ဘုရား တရား သံဃာ ရဲ့ ကျေးဇူး
ဘာသာရဲ့ တန်ဖိုး ကိုမသိဘဲနဲ့ ဒါန သီလ ဘာဝနာမပါဘဲ နဲ့ လက်ချည်းဗလာသေဆုံးသွားကြတဲ့သူတွေ..အများကြီးပါ။

ချမ်းချမ်းတို့ ဘကြီး(ဖေဖေ့အစ်ကိုကြီး)ဆိုရင် .အသက် ၆၀ ကျော်နေတာတောင်.ဥပုဒ်နေ့ ဘုရားသွားခိုင်းလဲမသွားဘူး.ဘုန်းကြီးကျောင်းမှာ သီလစောင့်ခိုင်းလဲမစောင့်ဘူးသီလယူပြီးတော့အိမ်ပြန်လာတယ်။ဆိုင်ကိုစိတ်မချလို့ တဲ့။ဆိုင်မှာတော့ဆွမ်းနေ့တိုင်းလောင်းတာတစ်ခုပဲရှိတယ်။အလှူအိမ်လဲမသွားဘူး.တရားနာလဲမလိုက်ဘူး။သူ့ အလုပ်တစ်ခုကလွဲရင် တခြားအပိုလုပ်မလုပ်ဘူး။အလုပ်နဲ့ပက်သက်ရင်လဲစည်းကမ်းတအားကြီးတယ်။
သားသမီးတွေက အလုပ်ကိုလျှော့ပြီး တရားစခန်းလေးဝင်သင့်ပြီလို့ ပြောရင်လဲ
လက်မခံဘူး.။
သူ့ဘ၀တစ်လျှောက်လုံး အရက်လဲမသောက်ဘူး လောင်းကစားမကောင်းတဲ့နာမည်ပျက်မ၇ှိခဲ့ဘူး။ဆေးလိပ်တော့တအားသောက်တယ်။
ဆေးလိပ်သောက်များလို့ အဆုပ်ကင်ဆာနဲ့ ဘကြီးဆုံးသွားတော့
သားအငယ်ဆုံးလေးက ရှင်မပြု ရသေးပါဘူး။
သားကိုနွေရောက်ရင် ရှင်ပြု ပေးဖို့ စီစဉ်နေတုန်းမှာ ရုတ်တရက်အဆုပ်ရောဂါနဲ့ ဆုံးသွားပါတယ်.
ရက်လည်ဆွမ်းသွပ်ပြီးတဲ့ ညမှ ကြီးကြီးကို အိမ်မက်ပေးပါတယ်။
မျက်နှာလေး ညှိုးငယ်နေတာပဲတဲ့..ကြီးကြီးက မနက်တုန်းက အမျှပေးတာမရဘူးလားဆိုတော့
ရပါတယ်တဲ့တမင်သာဓုမခေါ်သေးတာတဲ့..သားလေး၇ှင်ပြုတာမြင်ချင်လို့ တဲ့..သားလေးရှင်ပြုတဲ့အထိစောင့်နေတာ.
အခု နေစရာ သွားစရာနေရာမရှိလို့ အိမ်ရှေ့ မှာသရဲဘ၀နဲ့ နေနေရတယ်တဲ့ .
..လူ့ ဘ၀တုန်းက ငါ့မှာ ကုသိုလ်ကြီးကြီမားမား မရှိခဲ့လို့ သူများတွေလို နေစရာကောင်းကောင်းမရှိတာတဲ့..
နင်တို့ လဲ သေရင်ကိုယ့်နောက်ပါမသွားမယ့် စည်းစိမ်ဥစ္စာတွေ ကိုမမက်ပါနဲ့ အလုပ်ကိုလျှော့ပြီး ကုသိုလ်များများလုပ်ပါ.
ငါ့လိုမဖြစ်ကြပါစေနဲ့ တဲ့။

ချမ်းချမ်းဖတ်ခဲ့ဖူးတဲ့ အရှင်ဆန္ဒဓိက ရဲ့ စာအုပ်လေးထဲမှာက.
လူတွေသေတဲ့ အခါမှာ..ကုသိုလ်များများလုပ်တဲ့ သူတွေ .စိတ်ထားစင်ကြယ်တဲ့သူတွေ စုတိစိတ်ကျတဲ့အချိန်မှာ ကုသိုလ်စိတ်လေးဝင်နေရင် ချက်ချင်း သုဂတိ ဘုံ (လူ.နတ်.ဗြဟ္မာ) အဲ့ဒီနေရာကိုတန်းရောက်တယ်
အကုသိုလ်များတဲ့သူတွေ စိတ်ထားပူလောင်စွာနဲ့သေတဲ့သူတွေကျတော့.စုတိစိတ်ကျတဲ့အချိန်ဟာ အကုသိုလ်စိတ်ဝင်နေရင်
ချက်ခြင်း အပါယ်ဘုံ(ငရဲ တိရိစ္ဆာန်. ပြိတ္တာ .) တန်းဖြစ်တယ်။
အကုသိုလ်လဲ များများစားစားမ၇ှိ.ကုသိုလ်လဲ..ဟုတ်တိပတ်တိမ၇ှိ.တဲ့သူတွေ က ယမမင်းထံရောက်ပါတယ်တဲ့.
ယမမင်းက စစ်ဆေးပြီးမှ ဘယ်ဘုံသွားသင့်လဲဆိုတာ ဆုံးဖြတ်ပေးတာတဲ့.
သေတဲ့သူတိုင်းကယမမင်းကစစ်စရာမလိုဘူး.ကုသိုလ် အကုသိုလ်အလိုက် လမ်းတွေခွဲပြီးသားပဲ။
အခုချမ်းချမ်းတို့ ဘကြီးလဲ.သူ့မှာအကုသိုလ်လဲ ကြီးကြီးမားမာမရှိခဲ့ဘူး.ဒါန သီလ ဘာဝနာ ကုသိုလ်လဲ ကောင်းကောင်းမလုပ်ခဲ့ဘူး
သေတော့လဲ ..သားရှင်ပြုတာ စွဲလမ်းပြီးသေလို့  သရဲဘ၀ ရောက်ရတယ်လို့ ထင်တာပဲ။
ဒီအဖြစ်အပျက်က ကိုယ့်ဘကြီးအရင်းမို့ လို့ ချမ်းချမ်းယုံတာပါ။

“ထီး နဲ့ ဖိနပ်မပါ ...နွေခါမှသိ
ဒါန နဲ့ သီလ မပါ..သေခါမှသိ”

ဘုရားသာသနာကြုံရလို့ ဗုဒ္ဓဘာသာဖြစ်ရတယ်ဆိုတာ..တစ်ကယ်ကံကောင်းပါတယ်..
ကံကောင်းခြင်းတွေကို မှန်ကန်စွာအသုံးချတတ်ဖို့ လိုပါတယ်။
ဗုဒ္ဓဘာသာမှာ အရွယ် သုံးပါးရှိပါတယ်.
၁။ ပညာ ရှာတဲ့အရွယ် (လူငယ်)
၂။ စီးပွါးဥစ္စာရှုာတဲ့ အရွယ် (လူလတ်)
၃။ဒါန သီလ ဘာဝနာ ကုသိုလ်တရားရှာတဲ့အရွယ် (လူကြီး)

သေခြင်းတရားဆိုတာ လူကြီးလူငယ်မေ၇ွးပါဘူး ငယ်ငယ်၇ွယ်ရွယ်နဲ့သေတဲ့သူလဲရှိတာပဲ။
ဒါ့ကြောင့် ကောင်းမှုကုသိုလ် လေးကိုတော့..လူကြီး လူငယ်မေ၇ွး လူမျိုး ဘာသာမေ၇ွး
အချိန် ၇ှိတုန်းလေး လုပ်ထားမှ ..ယခု ဘ၀ နဲ့ နောက်ဘ၀ အတွက်.စိတ်ချရမယ်လို့ တင်ပါတယ်.

ချမ်းချမ်းဖတ်ခဲ့ဖူးတဲ့ (ချမ်းအေးဆရာတော်ဘုရားကြီး) ရဲ့ 

““လူ့ ဘ၀ အရှုံးအမြတ် တွက်နည်း””လေးက

**လူ့ ဘ၀ ရရှိဖို့ အတွက် ကုသိုလ်တရားများဖြင့် ရင်းနှီးခဲ့ရပါတယ်။ကုသိုလ်ကံကောင်းလို့ လူလာဖြစ်ခွင့်ရတာပါ။

**အကုသိုလ် အလုပ်တွေဖြင့် အချိန်ဖြုန်း နေကြမယ်ဆိုရင် လူ့ ဘ၀ အရင်းရှုံးပါတယ်။

**ကုသိုလ် အလုပ်တွေ များများလုပ်နိုင်မှ လူ့ ဘ၀ အရင်းပြန်ရပါတယ်။

**တရားထူးတရားမြတ် ရ၇ှိနိုင်လူ့ ဘ၀ အမြတ်ရပါတယ်။

**တရားထူး တရားမြတ် မရလို့ လူ့ ဘ၀ အမြတ်မရလဲ အရင်းမရှုံး ရလေအောင် ကုသိုလ်အလုပ်တွေ ကြိုးစားလုပ်ပါ.စိတ်ကောင်းထားပါ။

**ရ၇ှိထားတဲ့ လူ့ ဘ၀ ရဲ့ တန်ဖိုးကိုသိကြပါ။

**လူ့ဘ၀တန်ဖိုး သိမယ်ဆိုရင် လူ့ဘ၀ တန်ဖိုး၇ှိအောင် နေကြပါ။

**လူ့ ဘ၀တန်ဖိုးသိမှ တန်ဖိုးရှိအောင် နေကြမယ်။

**လူ့ ဘ၀တန်ဖိုးရှိအောင် နေကြမှ လူ့ ဘ၀ တန်ဖိုး၇ှိပါတယ်။

**လူ့ ဘ၀ ရဲ့ အချိန်တိုင်းမှာ .မိမိတို့ ရရှိထားတဲ့ ဘ၀ ရဲ့ အပြစ်ကို မြင်အောင်ကြည့်ပါ.

**နေ၇တဲ့ ခန္ဓာ ရဲ့ ဒုက္ခ ကို နှလုံးသွင်းပါ ဆင်ခြင်ပါ။၎င်းသည် တရားအစစ်ဖြစ်ပေသည်၊

(ချမ်းအေးဆရာတော်ဘုရားကြီး)
စာပေချစ်တဲ့ မိတ်ဆွေများအား ထာဝရ လေးစားခင်မင်လျှက်ပါ။

Post...By.....ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com

No comments: