Sunday, April 24, 2011

ချွေးမ အလိမ္မာ လေးဖြစ်စေဖို့ 

မြတ်စွာဘုရားရှင်လက်ထက် ရာဇဂြိုလ်ပြည်မှာ.ထင်၇ှားကျော်ကြားတဲ့ဇောတိက၊ဇဋိလ၊မေဏ္ဍက၊ပုဏ္ဏ။ကာက၀ိလယ၊ ဆိုတဲ့သူဌေးကြီးငါးဦးထဲက.မေဏ္ဍက ဆိုတဲ့ သူဌေးကြီးရဲ့ မြေး၊ဓနဉ္စယ သူဌေးသားနှင့် သုမနဒေ၀ီ တို့ ၏ရှုမငြီးသော တစ်ဦးတည်းသောသမီးလေး လေးဝိသာခါ.ဟာ မိန်းမတို့ ရဲ့ ကောင်းခြင်းငါးဖြာထဲက..
ဆံပင်၏ကောင်းခြင်း၊အသား၏ကောင်းခြင်း၊အရေ၏ကောင်းခြင်း၊အရိုး၏ကောင်းခြင်း၊အသံ၏ကောင်းခြင်း၊
နှင့်ပြည့်စုံတဲ့အပြင် ခုနှစ်အရွယ်ကတည်းက.မြတ်စွာဘုရား ရဲ့ တရာကိုနာကြားခွင့်ရလို့ .ငယ်ငယ်၇ွယ်၇ွယ်နဲ့ သောတပန် ဆိုတဲ့ အရိယာပန်း ကို
ဆင်မြန်းခွင့်ရသူလေးပါ.
သူမအရွယ်ရောက်တော့.သာဝတ္ထိပြည်က မိဂါရ သူဌေးရဲ့ သား ကိုပုဏ္ဏ နဲ့ အကြောင်းပါပြီးလက်ထပ်တော့
သတို့ သား
ကိုပုဏ္ဏ နောက် မသွားခင်မှာ ဖခင်ဓနဉ္စယ သူဌေးကြီးက တိုးတိုးတိတ်တိတ် မှားကြားထားတဲ့ဗုဒ္ဓဘာသာဝင် အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ကောင်းမွန်မြင့်မြတ်တဲ့ လိုက်နာကျင့်ဆောင်သင့်တဲ့ အဆုံးအမ စကားလေး ၁၀ ချက်ကတော့..

၁။အိမ်ထဲကမီး အိမ်ပြင်မထုတ်နဲ့ ၊
၂။အိမ်ပြင်က မီးကိုလဲ အိမ်ထဲမသွင်းနဲ့ ။
၃။ပြန်ပေးသူကိုပြန်ပေးပါ။
၎။ပြန်မပေးသူကို ပြန်မပေးပါနဲ့ ။
၅။ပေးပေးမပေးပေး ပေးရမယ်။
၆။ချမ်းချမ်းသာသာထိုင်ထိုင်ပါ။
၇။ချမ်းချမ်းသာသာစားပါ။
၈။ချမ်းချမ်းသသာအိပ်ပါ။
၉။မီးကိုရိုရိုသေသေလုပ်ကျွေးပါ။
၁၀။အိမ်တွင်းနတ်ကို ၇ှိခိုးပါ။

၁။ အိမ်ထဲကမီး အိမ်ပြင်မထုတ်နဲ့ ဆိုတာက.....
ကိုယ့်ခင်ပွန်းရဲ့ မိဘဖြစ်တဲ့..ကိုယ့်ယောက္ခထီး. နဲ့ ယောက္ခမ ၊.ကိုယ့်ခင်ပွန်းရဲ့ အပြစ်တွေ၇ှိခဲ့ရင်
ဂုဏ်ကျေးဇူးမဲ့စေမယ့်စကားတွေကိုပတ်ဝန်းကျင်နဲ့ ကိုယ့်မိဘတွေကို တဆင့်ပြန်မပြောပါနဲ့ ....

၂။အိမ်ပြင်ကမီး ကိုလဲ အိမ်ထဲမသွင်းနဲ့ ..ဆိုတာက..
ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေက ကိုယ့်ရဲ့ ယောက္ခမ.မိဘ ကိုယ့်ခင်ပွန်းသည်တိုရဲ့ မကောင်းကြောင်းတွေ အပြစ်စကားပြောနေတာကြားခဲ့ရင် တဆင့်ပြန်မပြောပါနဲ့ ...

၃။ပြန်ပေးသူကိုသာပြန်ပေးပါ..ဆိုတာက..
ငှာရမ်းထာတဲ့အသုံးအဆောင်ပစ္စည်းတွေကိုပြန်ပေးတတ်သူကိုကိုသာ ငှားရမ်းပါ..

၎။ပြမ်မပေးသူကို မပေးပါနဲ့ ..ဆိုတာက..
ငှားရမ်းထားတဲ့ပစ္စည်းတွေကို ပြန်မပေးတတ်သော သူကို ဘယ်တော့မှ မငှားရမ်းပါနဲ့ ..

၅။ပေးပေးမပေးပေး ပေးရမယ်...
ဆင်းရဲတဲ့ဆွေမျိုးတွေရောက်လာတဲ့အခါ..သူတို့ က..ပေးနိုင်သည်ဖြစ်စေ၊မပေးနိုင်သည်ဖြစ်စေ၊မိမိဘက်က ပေးသာပေးပါ ..

၆။ချမ်းချမ်းသာသာထိုင်ပါ..ဆိုတာက..
ယောက္ခမ၊ မိဘ၊ ခင်ပွန်းသည်တို့ ကို မြင်ရင် ထသင့်တဲ့နေရာမှာ ထလိုက်ပါ ထိုင်မနေပါနဲ့ ..

၇။ချမ်းချမ်းသာသာစားပါ ..ဆိုတာက..
ယောက္ခမ မိဘ ၊ခင်ပွန်းတို့ မစားခင်.အရင်ဦးပြီးမစားပါနဲ့  သူဆို့ လောက်လောက်ငင စားသောက်ပြီးမှ စားပါ..

၈။ ချမ်းချမ်းသာသာအိပ်ပါ..ဆိုတာက..
ယောက္ခမ မိဘ၊ ခင်ပွန်းသည် တို့ ထက် စောပြီး မအိပ်ပါနဲ့ ၊နောက်ကျပြီးမှ အိပ်ရာဝင်ပါ..

၉။မီးကိုရိုရိုသေသေလုပ်ကျွေးပါဆိုတာက..
ယောက္ခမ မိဘ ခင်ပွန်းသည်တို့ ကို ရိုရိုသေသေ ဂရုတစိုက်နဲ့ လုပ်ကျွေးပါ..

၁၀။အိမ်တွင်းနတ်ကို ရှိခိုးပါ..ဆိုတာက..
ယောက္ခမ မိဘ ခင်ပွန်းသည် တို့ ကို နတ်လို ရိုရို သေသေ ၇ှိခိုးပါ...တဲ့ 

ချမ်းချမ်းအရမ်းကြိုက်တဲ့ ..
(မလေးငြိမ်) ရဲ့ အဆင့်မြင့်ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ စာအုပ်မှ မျှဝေပေးတာပါ။



ဒီခေတ်မှာ ယောက္ခမနဲ့ ချွေးမ ၊ သမီးယောက်မ ချစ်ချစ်ခင်ခင် နေကြတယ်ဆိုတာ တော်တော်၇ှားတယ်။
တစ်ကယ်တော့.အားလုံးဟာ သံသရာမှာဆွေမျိုး မိဘ မောင်နှမ တော်ခဲ့ဖူးကြတာချည်းပါဘဲ။ စေတနာဆိုတာ ရောင်ပြန်ဟတ်ပါတယ်။
ချွေးမဘ၀မှာ စိတ်ထားကောင်းကောင်းထားမှ တစ်နေ့ ကိုယ်တိုင်က မိဘ ဘ၀ရောက်လာရင်..
ကိုယ့်ချွေးမလဲ ကိုယ့်အပေါ်ကောင်းမှာပဲ..စေတနာသည်...ကံ တဲ့..
တစ်နေ့ မှာ ကိုယ့်စေတနာ ကိုယ့်ကအကျိုးပြန်ပေးမယ်ဆိုတာ ဗုဒ္ဓဘာသာတိုင်း ယုံကြည်ကြတာမို့ ..
အားလုံး ကံကောင်းကြပါစေလို့ ..ဆန္ဒပြုလျှက်...


ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com

No comments: