Monday, May 9, 2011

ဘ၀သံသရာ

ကျုပ်ရဲ့ အမည်က တိုးနီပါ၊နေရတာက အမရပူရမြို့ နန်းတော်ရာ စံပြကွက်သစ် ရပ်ကွက် မွေးမြူရေးခြံတစ်ခြံထဲမှာပါ။
ကျုပ်အမိဝမ်းထဲက ကျွတ်ကျွတ် ချင်း ဆိုးဝါးတဲ့အနံ့ အသက်တွေကို ရှူလိုက်ရပါသည်။ အိုး...ဆိုးဝါးလိုက်တဲ့အနံ့ ပါလား။
ကျုပ်ရောက်နေတာကလဲ ၀က်ခြံတစ်ခုထည်းမှာ ပါလား။ ကျုပ်ဝမ်းနည်းလိုက်တာဗျာ။ (၃၁) ဘုံထဲမှာ တော့ အောက်ကျဆုံးတိရိစ္ဆာန် ဘုံရောက်နေရတာပေါ့။

အရင်ဘ၀က ကုသိုလ်မရှိခဲ့လို့ သာ ကျုပ်တိရိစ္ဆာန် ဘ၀ကို ရောက်လာရတယ်ဆိုတာ တော့သိလိုက်ပါပြီ၊
ကျုပ်ကုသိုလ်လေးလုပ်ချင်လိုက်တာလေ၊ညောင်စေ့လောက်လှုပေမယ့် ညောင်ပင်လောက် ရတယ်ဆိုတဲ့နိဗ္ဗာန်ဆော်တွေရဲ့ 
တိုက်တွန်းနှိုးစော်သံတွေကို မကြာခဏကြားနေရတော့ ညောင်စေ့လောက်တောင်မလှုနိုင်တဲ့ ကိုယ့်ဘ၀ကို တွေးပြီးမျက်ရည်တောင် ကျမိတယ်ဗျာ၊
ဒါပေမယ့်ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ကုသိုလ်ရစရာနည်းကိုတော့ ကျုပ်အမြဲ ၇ှာနေပါတယ်။ တစ်နေ့ တော့ ကျုပ်တို့ ခြံနဲ့ 
ကပ်လျက်အိမ်က အမျိုးသမီးတစ်ယောက် ဆွမ်းလောင်းနေတာကို ကျုပ်တွေ့ လိုက်ရတယ်။ရဟန်းတော်ရဲ့ တည်ငြိမ်တဲ့အိနြေ္ဒရယ်
သဒ္ဓါတစ်ရား ပြည့်ဝစွာနဲ့ ဆွမ်းလောင်းနေတဲ့ အမျိုးသမီးကိုကြည့်ပြီး ကျုပ်ဝမ်းသာလွန်းလို့ စိတ်ထဲက သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။

ဒီမြင်ကွင်းလေးကို မြင်ရတိုင်း ကျုပ်စိတ်ထဲမှာ သိပ်ပြီးကြည်နူးမိတာပဲ။ဒီမြင်ကွင်းကိုမြင်နေရ ၇င်စားဖို့ တောင်မေ့တယ်ဗျာ။
တစ်ခါတစ်လေကျုပ်က ဆွမ်းလောင်းတာကိုကြည့်နေရတဲ့အချိန်မျိုးမှာ စားခွက်ထဲကိုအစာလာထည့်တာတောင် ဒီမြင်ကွင်းလေးကိုအပျောက်မခံနိုင်လို့ မစားဘဲတောင်နေလိုက်တယ်။
ဒါကိုကျုပ်သခင်က ဘာများမကျေနပ်တယ်မသိဘူး.ကျုပ်နား၇ွက်ကိုဆွဲပြီး စားခွက်ရှိရာကိုအတင်းလှည့်ပေးတယ်ဗျာ။
ကျုပ်အစာမစားဘဲနေမှာကိုစိုးရိမ်လို့ ထင်ပါရဲ့ ။ စေတနာ၇ှိလို့ တော့ဘယ်ဟုတ်မလဲဗျာ။ ကျုပ်အစာမစားဘဲနေရင်
ကျုပ်ပိန်လှီမယ်။ ကျုပ်ပိန်လှီရင်သူတို့ ဈေးကောင်းမရမှာစိုးရိမ်လို့ ပေါဗျ။

တစ်နေ့ တော့ ကျုပ်က ဆွမ်းလောင်းတာကို သေချာစိုက်ကြည့်နေတုန်း သခင်ကစားခွက်ထဲကိုအစာထည့်ပေးတယ်။
ကျုပ်ကတော့ထုံးစံအတိုင်းပေါ့။အစာကိုဘယ်ဂရုစိုက်လိမ့်မလဲ၊ဆွမ်းလောင်းနေတာကိုကြည့်နေတာလေ။တခြားအဖော်ဝက်တွေ
ကတိုးဝှေ့ လုယက်စား သောက်နေသလောက် ကျုပ်ကတော့အိနြေ္ဒ ရရ ဆွမ်းလောင်းတာကို သေချာကြည့်နေတာကို ကျုပ်သခင်ကတော်တော်လေး အံ့သြသွားတယ်နဲ့ တူတယ်ဗျာ။

ဒီအချိန်မှာ ကျုပ်က လည်းတော်တော်လေးအရွယ်ရောက်နေပြီလေ။(၁)နှစ်လည်းမဟုတ် (၂)နှစ်လည်းမဟုတ်တော့
ကျုပ်သခင်လည်းကျုပ်အကြောင်းကိုတော်တော်လေးရိပ်မိလာဟန်တူတယ်။ကျုပ်ကြည့်တဲ့နေရာကိုကျုပ်သခင်လည်း
လိုက်ကြည့်နေတယ်။ အဲ့ဒီအချိန်မှာ ကျုပ်အမြဲကြည့်နေတဲ့ ဆွမ်းလောင်းတဲ့အမျိုးသမီးဟာ ဆွမ်းလောင်းပြီး
လို့ ပြန်လှည့်အလာမှာ ကျုပ်ရဲ့ သခင်က လှမ်းပြောလိုက်တယ်။
“မရင်...တော်တော်အံ့သြစရာကောင်းတယ်ဗျ”
“ရှင်..ကိုလှကြည် ဘာဖြစ်လို့ ပါလိမ့်..”
“အော်...မရင် ဆွမ်းလောင်းနေတာကို ဟောဒီ တိုးနီ ဆိုတဲ့ကောင်က သေသေချာချာကြည့်နေတယ်ဗျာ။
အစတုန်းကတောာ့ကျုပ်လည်းသတိမထားမိဘူး၊ဒီကောင်ကြီးကို မနက်ပိုင်းအစာကျွေးရင် ဘာဖြစ်လို့ မစားပါလိမ့်ဆိုပြီး
စဉ်းစားမရဖြစ်နေတာဗျ။ ဒီနေ့ မှာဘဲဒီကောင်ကြီးအမြဲကြည့်တဲ့နေရာကိုကျုပ်လှမ်းကြည့် တော့ မရင်ဆွမ်းလောင်းတာကို
တွေ့ ရတယ်ဗျာ။
“ဟုတ်လား...တော်တော်အံ့သြစရာကောင်းတာပဲနော်။တိရိစ္ဆာန်ဖြစ်ပေမယ့် ဆွမ်းလောင်းတာကိုနားလည်သလိုအမြဲကြည့်ဆိုတော့ လူ့ ဘ၀နဲ တော်တော်နီးစပ်လို့ ပဲဖြစ်မယ်”
“အေးဗျာ..မရင်ပြောမှာဘဲ ကိုယ့်ကိုယ်ကို ပြန်ပြီးသတိထားမိတယ်။တိုးနီကြီးကတောင် ကုသိုလ်ရေးရာကိုလူသားတွေလို အာရုံပြုတတ်နေပြီ။ကျုပ်ကတော့ လူ့ဘ၀နဲ့ ဝေးဝေးသွားသလိုခံစားရတယ်ဗျ။ဒီနေ့ ကတော့ တိုးနီင်္ကြီးကျွန်တော့ကိုချွတ်တဲ့နေ့ ပါဘဲ”။
“ဘာလဲ.ကိုလှကြည်က ၀က်မမွေးဘဲနေတော့မလို့ လား”
“ဟုတ်တယ်ဗျာ..၀က်တွေအကုန်ရောင်းပစ်တော့မယ် ၊မမွေးတော့ဘူး”
ဒါပေမယ့် တိုးနီကြီးကိုတော့ ချန်ထားပါလား သူ့ ကြောင့် သံဝေဂ ရတာမဟုတ်လား”
“ဟုတ်တာပေါ့ တိုးနီကြီးကိုတော့ ဘေးမဲ့ပေးသင့်တာပေါ့ သူသေတဲ့အထိ ကျုပ်အိမ်ထဲမှာဘဲ မွေးစားထားလိုက်တော့မယ်”
ကျုပ်စိတ်ထဲမှာ အဲ့ဒီအမျိုးသမီးကို ကျေးဇူးတင်လိုက်တာအရမ်းဘဲ။သူပြောပေးလို့ ကျုပ်တစ်ကောင်ထဲ ဘေးမဲ့ကျန်ခဲ့ရမှာမဟုတ်လား။အမျိုးသမီးကြီးဆိုပေမယ့်လို့ သုံးဆယ်ကျော်လောက်ပဲရှိပါတယ်။ယောဂီတဘက်လေးပခုံးပေါ်တင်ပြီး ဆွမ်းဇလုံကိုပိုက်ထားတဲ့ အမျိုးသမီးကိုကြည့်ပြီး
ကျုပ်စိတ်ထဲက ဆုတောင်းမိတယ်။ဒီဘ၀က သေလို့ များ လူ့ ဘ၀ ကိုပြန်ရောက်ခဲ့ရင် ငါ့ရဲ့ မိခင်ပဲဖြစ်လိုက်ပါတော့လို့ ပေါ့။
ဟုတ်တယ်လေ..ဒီလို ရတနာမြတ်သုံးပါးကိုရိုသေတဲ့ မိဘနဲ့ တွေ့ မှ သားသမီးတွေလည်း ရတနာသုံးပါးကိုရိုသေပြီး ကံ ကံရဲ့ အကျိုးကို သိတော့မှာပေါ့။ ကျုပ်အတွေးတွေ ဘယ်လောက်လွန်နေလဲမသိဘူး..အမျိုးသမီးကြီးက ကျုပ်တို့ နေတဲ့ခြံစည်းရိုးနားကပ်လာပြီး ကျုပ်ကို ဂရုဏာလွှမ်းတဲ့မျက်လုံးနဲ့ သေချာစိုက်ကြည့်နေတယ်။ပြီးတော့ကျုပ်ကို လှမ်းပြောလိုက်တာက..
“တိုးနီ...နင်အရင်ဘ၀က ကောင်းမှုကုသိုလ်မလုပ်ခဲ့လို့  ခုလိုတိရိစ္ဆာန်ဘ၀ရောက်လာတာပဲ။အခုဘ၀လည်းနင်ကိုယ်တိုင်ဘာကောင်းမှုကုသိုလ်မှ မပြုနိုင်တော့ဘူး.
ငါနေ့ တိုင်းဆွမ်းလောင်းနေတဲ့ကုသိုလ်ကို သာသေချာကြည့်ပြီးသာဓုခေါ်နော်..ငါနေ့ တိုင်းနင့်ကို အမျှပေးပါ့မယ်..
အမျှ...အမျှ.....အမျှ....လို့ ပြောပြီးအမျိုးသမီးက သူ့ အိမ်ဘက်ပြန်လှည့်သွားတယ်.
ကျုပ်ဝမ်းသာလိုက်တာလေ..သာဓုကိုလဲအကြိမ်ကြိမ်ခေါ်မိတယ်။.ဒီဘ၀မှာ ကျုပ်ကို အရေးတယူနဲ့  စကားပြောတာဆိုလို့ ဒီအမျိုးသမီးတစ်ယောက်ပဲတွေ့ ဘူးတာမဟုတ်လား။နောက်နေ့ လဲရောက်ရော ကျုပ်သခင်က ကျုပ်ကလွဲပြီးကျန်တဲ့ဝက်တွေ အကုန်ရောင်းလိုက်တယ်.
ကျုပ်ကိုတော့ ဘေးမဲ့ပေးထားတဲ့အနေနဲ့ ပိတ်မထားတော့ဘဲ လွတ်လွတ်လပ်လပ် လွှတ်ထားပေးပါတယ်။
ကျုပ်ကလဲဘယ်မှ လျှောက်မသွားပါဘူး.ကျုပ်သခင်အိမ်ရယ်။ဆွမ်းလောင်တဲ့အမျိုးသမီးအိမ်ရယ်.ဒါလောက်ပဲသွားပါတယ်.
အကုသိုလ်အကျိုးပေးတာပဲလား သေနေ့ စေ့တာလားမပြောတတ်ဘူး။
တစ်နေ့ တော့ကျုပ်မလှုပ်နိုင်အောင် ခံရတဲ့ ၀က်နာကျရောဂါစွဲတော့တာပဲ။လူတွေရဲ့အသတ်မခံရတော့ပေမယ့် ကျုပ်တော့သေမင်းရဲ့ အသတ် ခံရတော့မှာပါ။ကျုပ်အသက်ငင်နေတဲ့အချိန်မှာ ကျုပ်သခင်မိသားစုရော.တစ်ဖက်အိမ်က အမျိုးသမီးရော အားလုံးက ဂရုဏာသက်တဲ့မျက်ဝန်းအစုံနဲ့ ကျုပ်ကိုဝိုင်းကြည့်နေကြတယ်။
“ရေဘေး မီးဘေး ပြည်ပျက်ဘေးက
ဆယ်ရေးတစ်ရေး ကယ်နိုင်သေး၏
အိုဘေး နာဘေး သေခြင်းဘေးဟု
ဤဘေးသုံးပါး လွန်ကြီးမားက
သားနှင့်အမိ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင် ရင်ခွင်တင်လျှက်
သက်ပင်ရေးပိုင် မကယ်နိုင်ဘူး
လက်မှိုင်ချကာ နေရ စွာ၇ှင့်” (မဃဒေ၀)
သိပ်မှန်တာပေါ့ဗျာ အို၊နာ၊သေ.ဆိုတဲ့ဘေးသုံးပါးကို အမိကိုယ်တိုင်သော်မှ မကယ်နိုင်ဘူးဆိုတော့ကျုပ်လို
တိရိစ္ဆာန်တစ်ကောင်ကို ဘယ်သူကများကယ်နိုင်မှာတုန်း။အဲ့ဒါနဲ့ ကျုပ်၇ဲ့ တိရိစ္ဆာန် ဘ၀ တစ်စခန်းရပ်ခဲ့တာပေါ့ဗျာ။
နောက်တစ်ခါ ကျုပ်ပြန်ရောက်တဲ့ရဘ၀က လူ့ ဘ၀၊ကျုပ်ဝမ်းသာလိုက်တာလေ။ပြီးတော့ ကျုပ်ရဲ့ မိခင်က
တစ်ဖက်ခြံက ဆွမ်းအမြဲလောင်းတဲ့အမျိုးသမီးတဲ့.အို ကျုပ်တော်တော်ကံကောင်းတာပဲ။
ဒါပေမယ့်ဝမ်းနည်းစရာကောင်းတာတစ်ခုက ၀က်ဘ၀က လာလို့ ထင်ပါရဲ့ ကျုပ်ရဲ့ အထက်နှုတ်ခမ်းဟာနှာခေါင်းကို ကပ်လုနီင်္း
အောင်လန်နေတယ်ဗျာ။ကျုပ်ရဲ့ အဖေက ကျုပ်ကိုကြည့်ပြီး ကောက်ချက်ချတယ်.
“ငါ့သားက မျက်လုံးကောင်းတယ်၊မျက်ခုးံကောင်းတယ်၊နှာတံပေါ်တယ်.နှုတ်ခမ်းသာ တအားမလန်ရင် လူချောပဲကွ”
အဲ့ဒီအချိန်မှာ ကျုပ်အမေရဲ့ အဖေ ကျုပ်အဖိုးပေါ့ ကျုပ်ကိုကြည့်ပြီး
“ကလေးရဲ့ လန်နေတဲ့နှုတ်ခမ်း လေးကိုလက်လေးနဲ့ အသာဖိဖိပေး၊ကြာရင်ကြည့်ကောင်းသွားလိမ့်မယ် ၊သမီးကလေးက ၀က်ဘ၀ ကလားမသိဘူး နှုတ်ခမ်းကတော့ တကယ့်ဝက်အတိုင်းလန်နေတာပဲ”
“သမီးလဲအဲ့ဒါထင်နေတာပဲ၊ဒါပေမယ့် မသေချာသေးပါဘူး၊ ကလေးကြီးလာရင်တော့ တဖြေးဖြေးသိလာရမယ်ထင်ပါရဲ့ ”
အဲ့ ဒီလိုနဲ့ ကျုပ်ငါးနှစ်သားရောက်တော့ အဖိုးနဲ့ အမေ့ ကျေးဇူးကြောင့်တအားကြီးမလန်တော့ပါဘူး၊မသိမသာလေးပဲလန်တော့တာမို့ ကြည့်ရတာရုပ်မဆိုးတော့ဘူးပေါ့။
“ကလေးရဲ့ ကိုယ်လက်အင်္ဂါတွေ ကြည့်မကောင်းရှုမကောင်း ဖြစ်နေလို့  ငယ်ငယ်လေးကတည်းကမိဘတွေပြုပြင်ပေးရင် ပြန်ကောင်းလာနိုင်တယ်ဆိုတာ ခင်ဗျားတို့ အတွက်သင်ခန်းစာပေါ့”
နှုတ်ခမ်းကကြည့်လို့ ရုပ်မဆိုးပေမယ့် ကျုပ်ရဲ့ အကျင့်က တော်တော်ဆိုးတယ်ဗျ။ မိုး၇ွာပြီဆိုရင် မနေနိုင်တော့ဘူး၊မိုးရေထဲဆင်းပြေးပြီး မရွံမရှာနဲ့ ရေတွေ ဗွက်တွေမှာ လူးလှိမ့်နေတော့တာပဲ။
အဲ့ဒီလိုများနေရရင် ထမင်းမေ့ ဟင်းမေ့ပဲ။အဲ့ဒီလိုမိုးရွာလို့ လူးလှိမ့်ပြီးပျော်နေတဲ့ အချိန်မျိုးမှာ ကျုပ်ဘ၀အကြောင်းကိုမေးရင် တစ်လုံးမကျန်ပြန်ပြောပြမိတယ်ဗျ။(၁၀)နှစ်သားအရွယ်ထိပေါ့။
ကျုပ်၇ွှံ့ ဗွက်ထဲမှာ စိတ်ရှိလက်ရှိ ပျော်နေတဲ့အချိန်ဆို ကျုပ်မိဘက တားလဲမတားဘူး။
အပြစ်လဲမပြောဘူး။ဂရုဏာသက်တဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ပြီးမှသာဆပ်ပြာန့ဲသေချာ
ရေမိုးပြန်ချိုးပေးကြတယ်။
ကျုပ်ကိုမိဘတွေ အပြစ်မပြောတာက အ၇ှင်သာရိပုတ္တရာရဟန္တာ မထေရ်မြတ် ရဲ့ အတိတ်ဘ၀အကြောင်း
ဖတ်ဖူးထားကြလို့ ထင်ပါရဲ့ ။
အ၇ှင်သာရိပုတ္တရာ ကတော့ အတိတ်ဘ၀က မျောက်ဖြစ်ခဲ့ဖူးသတဲ့ အခုဂေါတမမြတ်စွာဘုရားရဲ့ သာသနာမှာ
ကိလေသာကင်းတဲ့ရဟန္တာမြတ်ကြီးဖြစ်ပေမယ့် မျောက်ဘ၀ အလေ့အလာများခဲ့လို့ ခုန်ချင်လွှားချင်တဲ့
ဝါသနာလေးတော့ နည်းနည်းကျန်နေသေးတယ်တဲ့ဗျာ။
တစ်နေ့ တော့ တောထဲမှာ သီတင်းသုံးနေတဲ့ အ၇ှင်သာရိပုတ္တရာကို ဒကာတစ်ယောက်က အလွန်ကြည်ညိုတာနဲ့ သင်္ကန်းသုံးစုံလဲလှုမယ်၊ ဆွမ်းလည်းကပ်မယ်ဆိုပြီးပင့်သွားပါတယ်။
အ၇ှင်သာရိပုတ္တရာမှန်းလည်းမသိဘူး။မြတ်စွာဘုရားရဲ့ လက်ယာရံရဟန္တာမှန်းလဲမသိဘူး။
အဲ့ဒီနေ့ ကမိုးလေး၇ွာထားတော့ တစ်ချို့ လမ်းတွေမှာ ရေအိုင်လေးတွေဖြစ်နေတာပေါ့။
တစ်နေရာရောက်တော့ ခြေလှမ်းသုံးလှမ်းစာလောက် ရေအိုင်လေးတစ်အိုင်တွေ့ တဲ့အခါ
အ၇ှင်ရင်သာရိပုတ္တရာက သင်္ကန်းေ၇စိုမှာစိုးလို့ မသိမသာလေးခုန်ကျော်လိုက်ပါသတဲ့။
နောက်ကလိုက်လာတဲ့ ဆွမ်းဒကာလဲ မြင်တော့ တော်တော်လေးသဒ္ဓါပျက်သွားတယ်။
တော်ပြီ သင်္ကန်းနှစ်စုံပဲလှူတော့မယ်လို့ စိတ်ထဲ မှတ်ထားလိုက်တယ်၊
အဲ့ဒီလိုဆက်သွားတဲ့အခါ ခြေလှမ်းနှစ်လှမ်းစာလောက် ရေအိုင်လေးကိုတွေ့ ပြန်တယ်။
အရှင်မြတ်လဲ ရေစိုမှာစိုးလို မသိမသာလေးခုန်လိုက်ပြန်တယ်။နှစ်လှမ်းစာဆိုတော့သိပ်ပြီးမကျယ်ပေမယ့်
ရဟန်းအိနြေ္ဒနဲ့ မသင့်တော့ဘူးလေ။ဒါ့ကြောင့်ဒကာလဲ စိတ်ထဲ တေးထားလိုက်တယ်။
သင်္ကန်းတစ်စုံပဲလှူတေ့မယ်လို့ ပေါ့၊အဲ့ဒီလိုနဲ့ ဆက်သွားတော့ နောက်ဆုံး ခြေလှမ်းတစ်လှမ်းစာရေအိုင်လေးကိုတွေ့ တော့ အ၇ှင်မြတ်လဲ ရေထဲကပဲဆင်းသွားတော့တယ်။
ဒါကိုမြင်တဲ့ဆွမ်းဒကာက ..
“အ၇ှင်ဘုရား..မခုန်တော့ဘူးလားတဲ့....”
“ဒကာ..ဒီတစ်ခါ ခုန်လိုက်ရင် သင်္ကန်းတစ်စုံမှ ရတော့မှာမဟုတ်တော့ဘူး...”
လို့ အရှင်မြတ်ပြန်ပြောလိုက်တော့မှ ဆွမ်းဒကာကသူ့ ရဲ့ စိတ်အကြံကိုတောင် ဒီကိုယ်တော်သိနေပါလား လို့ ချီးမွန်းအံ့သြပြီး လှူချင်တဲ့သဒ္ဓါ ပြန်ပေါက်သွားတယ်တဲ့။
သူပင့်လာတဲ့ ရဟန်းတော်ဟာလဲ “ပရစိတ္တ ၀ိဇာနန”(သူတစ်ပါးစိတ်အကြံကို သိသော)အဘိညဏ်ရတဲ့
တန်ခိုးရှင် ရဟန္တာတစ်ပါးဆိုတာသေချာသိသွားတော့မှ ဆွမ်းလဲကပ် သင်္ကန်းသုံးစုံလုံးလဲလှူချင်သွားပါတယ်။
မြတ်စွာဘုရားနဲ့ ရဟန္တာမြတ်ကြီးတွေတောင်ပါရမီနုစဉ်အခါက အကုသိုလ်ကြောင့် အဟိတ်တိရိစ္ဆာန်ဘ၀ ရောက်ခဲ့သေးတာ
ကျုပ်တို့ ခင်ဗျားတို့ တွေ အတွက်တော့ ပြောမနေပါနဲ့ တော့။
ဒါ့ကြောင့်လဲဆရာတော်ကြီးတွေက အပယ်ဘုံဆိုတာ လူသားတွေအတွက် ကိုယ်ပိုင်အိမ်လိုပါပဲတဲ့။
လူ့ ဘ၀ နတ်ဘ၀ ကတော့ ကုသိုလ်ကံကောင်းလို့ ခဏတာအလည်ရောက်လာတဲ့ နေရာပေါ့၊
ကံကောင်းလို့ လူ့ ဘ၀ရတဲ့အချိန်မှာ အကုသိုလ်တွေပဲထပ်ပြီးလုပ်နေရင် တော့ သေရင်ငရဲ တိရိစ္ဆာန် ဆိုတဲ့ အပယ်ဘုံကိုပဲပြန်ရောက်မှာမို့ ကိုယ့်နေအိမ်ကိုယ်ပြန်ရောက်တာနဲ့ အတူတူပဲ။
အ၇ွယ်လေးရလာတဲ့အမျှကျုပ်မှာ ထူးခြားတဲ့ပါရမီတစ်ခု ပါလာတယ်ဆိုတာမိဘတွေက သတိထားမိတယ်။
ဘာလဲဆိုတော့ ကလေးတွေနဲ့ ကစားတဲ့အခါ ကျုပ်က သူများတွေထက်ထူးပြီး ဘုန်းကြီးဂိုက် ဖမ်းတဲ့ အကျင့်တစ်ခုပါဘဲ။
အနီရောင်စောင်ကြီးကို သင်္ကန်းလိုပတ်ပြီး လျှောက်သွားနေတဲ့ကျုပ်ကို အမေက တော်တော်သဘောကျတယ်ဗျ။ ကျုပ်ကိုဘုန်းကြီး ဘ၀ရောက်အောင်ပို့ ဖို့ လဲ ဆုံးဖြတ်ချက်ချဟန်တူပါတယ်။
ကျုပ်က ညဏ်တော့တော်တော်ကောင်းတယ်၊အတန်းကျောင်းနေရင် သူငယ်တန်းကနေ သုံးတန်းထိ
စာမေးပွဲတိုင်း ပထမချည်းရတယ်။ ဆရာမတွေက အမေ့ကိုအကြံပေးကြတယ်။ကျုပ်ကိုတက္ကသိုလ်ထိရောက်အောင်ထားဖို့  ဆေးလိုင်းဝင်နိုင်တယ်.ဆရာဝန်ဖြစ်နိုင်တယ်ပေါ့။
ဒါမေမယ့် ကျုပ်အမေက ဘယ်လိုမှ နားမ၀င်ဘူး၊ ကျုပ်သုံးတန်းအောင်တာနဲ့ တစ်ခါတည်း
ကိုရင်ဝတ်ပေးလိုက်တယ်။ ပါရမီဓါတ်ခံ၇ှိလို့ နဲ့ တူတယ်။ကိုရင်ဝါခုနစ်ဝါရပေမယ့်တစ်ခါမှ ရှင်လိမ်မပြန်ဘူး၊
အခုကျုပ် စာချ ဆရာတော်တောင်ဖြစ်နေတဲ့အထိပေါ့။ နောက်ဆုံး အကျဉ်းချုပ်လိုက်ရင်
ကျုပ်ဟာ အနိမ့်ဆုံးဆိုတဲ့
တိရိစ္ဆာန်ဘ၀ကနေ အခုအမြတ်ဆုံးရဟန်းဘ၀ ရောက်အောင် ပြုခဲ့တဲ့ကုသိုလ်ဟာ ညောင်စေ့လောက်တောင်မရှိပါဘူး။သူတစ်ပါးဆွမ်းလောင်းတာကို ၀မ်းသာတဲ့စိတ်လေးနဲ့ သာဓုလေးပဲ
ခေါ်မိတာပါ။သူတစ်ပါးကုသိုလ်ပြုတာ ၀မ်းသာစိတ်လေးနဲ့ ကြည့်တာတေင် လူပြန်ဖြစ်ခွင့်ရတယ်။
ဆိုရင် ကိုယ်တိုင်ဆွမ်းလှူတဲ့ခင်ဗျားတို့ ဘယ်လေက်ကုသိုလ်ရမလဲဆိုတာစဉ်းစာသာကြည့်ပါတော့.
မြတ်စွာဘုရားရှင်က ..
“စိတ္တုပ္ပါဒမ္ပိခေါ အဟံစုန္ဒ
ကုသလေသုဓမ္မေသု
ဗဟူ ပကာရံဝဒါမိ ကောပန၀ါဒေါ
ကာယေန၀ါစာယ အနုဝိစိယ နာသု..”
(မူလပဏ္ဏာသပါဠိတော်။သလ္လေခသုတ်)
“အို..စုန္ဒ ကုသိုလ်ကောင်းမှုတို့ ၌စိတ်ကူးကြံစည်ရုံမျှနှင့်ပင် လွန်အကျိုးကျေးဇူးများလှပေ၏
ကိုယ်ရောနှုတ်ပါ ကောင်းမှုကုသိုလ်ပြုကျင့်ပါက အကျိုးကျေးဇူးများခြင်း၌ အဘယ်ဆိုဖွယ်ရာရှိပါတော့အံ့နည်း၊
အနည်းငယ်သောကောင်းမှုသည် (ငါ့အား)အကျိုးသက်ရောက်လိမ့်မည်မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင်မအောက်မေ့ရာ၊ မိုးရေပေါက်များလတ်သော် ရေအိုးပြည့်သကဲ့သို့ ပညာရှိသည်
အနည်းငယ် အနည်းငယ် သောကောင်းမှု ပြု၍ ဆည်းပူးဖန်များလတ်သော် နတ်၇ွာနိဗ္ဗာန်ကို
ရစေနိုင်သော ကောင်းမှုဖြင့်ပြည့်၏”..(ဓမ္မပဒ)
.......................
(စာချဆရာတော်တစ်ပါး၏ ဖြစ်ရပ်မှန်ဘ၀ ဇာတ်လမ်းကို ကာယကံ၇ှင်၏ ခွင့်ပြုချက်ဖြင့် ရေးသားပါသည်။)
ဘာသာသွေးစာစောင်
၁၃၆၀ ခုနှစ် နယုန်ဝါဆို
၁၉၉၈-ခု၊ ဇွန်လ ၊အမှတ် ၁၈
မေတ္တာ၇ှင်( ရွှေပြည်သာ) ရဲ့ “အတွင်းရန်သူ”ဓမ္မစာအုပ်မှ မျှဝေပါသည်၊
....................................................................
“စိုက်ပျိုးသမျှ
ရိတ်သိမ်းရတာ
သဘာဝမို့ 
ကောင်းရာကိုသာ
စိုက်စေချင်”

Post..By....ချမ်းချမ်း(ရွာသူလေး)http;//www.haymonchan.blogspot.com

No comments: