Saturday, April 30, 2011

စိတ်တည်ငြိမ်စွာနဲ့ ဘ၀ကိုတည်ဆောက်ဖို့ 

ဒီပိုစ့်လေးက (Paul Willson ရဲ့  The Little Book Of Calm ) စာအုပ်လေးကို မောင်ပေါ်ထွန်းဘာသာပြန်ထားပေးတာပါ။
စာဖတ်သူတို့ ရဲ့ 
ဘ၀မှာ စိတ်ညစ်တာတွေ အဆင်မပြေတာတွေများ ၇ှိတဲ့အချိန်မှာ ဒီပိုစ့်လေးထဲကအတိုင်း အားလုံးမလိုက်နာနိုင်ရင်တောင်
တစ်ချို့ တစ်ဝက်ကို လိုက်နာရင်ပဲ ဘ၀ကို စိတ်တည်ငြိမ် ခြင်းတွေ နဲ့ အခက်အခဲမှန်သမျှ လျော့နည်းသက်သာ
စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

***(1) “Pretend You're Human”
Leave it to other to be perfect, to be wonderful. Be content with what you-are you'll be much more relaxed
as a result.
“လက်၇ှိဘ၀ကိုကျေနပ်ပါ”
တခြားသူတွေတော်ကြပါစေ။ပြီးပြည့်စုံကြပါစေ။
(သင်ကိုယ်တိုင်ကတော့မိမိလက်ရှိဘ၀၊လက်၇ှိအခြေအနေကိုလက်ခံကျေနပ်ပါ။
အကျိုးရလဒ်အဖြစ် ကိုယ်စိတ်နှစ်ပါး ပို၍ပြေလျော့မှုကိုခံစားရလိမ့်မည်။

***(2)"Seek The Best In Everything"
Make a practice of looking for the best in people and sistuations. You'll find that
simple approach induces optimism and postivity-both of which lead to calm.
“အကောင်းဆုံးကိုရှာကြည့်ပါ”
လူများနှင့်ပက်သက်၍ဖြစ်စေ၊ အခြေအနေများနှင့်ပက်သက်၍ဖြစ်စေ၊ အကောင်းဆုံးအချက်ကို ရှာကြည့်တတ်အောင်
အလေ့အကျင့်ပြုလုပ်ပါ။ရိုးရှင်းသော၍နည်းလမ်းသည် အကောင်းမြင်သဘောနှင့်အပြုသဘောတို့ ကို ဖော်ဆောင်ပေးလိမ့်မည်။
ထိုသဘောနှစ်ခုလုံးသည်စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်၏။

***(3) "Jettsion The Past"
There is seldom any rational reason for having regreds about past deeds or events. Because
the past does not exist in any way other than in ypur monery.
When you recognise this lack of reality, you can be calm.
“အတိတ်ကို အတိတ်မှာထားလိုက်ပါ”
အတိတ်ကာလက လုပ်ရပ် သို့ မဟုတ် ဖြစ်ရပ်များနှင့် ပက်သက်၍ နောင်တရခြင်းအတွက်
ကျိုးကြောင်းညီညွတ်သော အကြောင်းတရားမရှိသလောက်ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အတိတ်ကာလဟူသည် သင်၏မှတ်ညဏ်ထဲတွင်သာ၇ှိပြီး
တခြားဘယ်နေရာမှာမှ မရှိသောကြောင့်ဖြစ်သည်။
ဤ အတိတ်ကာလမရှိခြင်းအမှန်တရားကို သင်သိမြင်သလောက် သဘောပေါက်လာသောအခါ
သင်၏စိတ်သည် တည်ငြိမ် အေးချမ်းလာလိမ့်မည်။

***(4) "Select Your Company Well"
As harsh as it many sound, mixing with highly stressed people will make you feel stressed.
On the other hand, mixing with calm people-even for the briefst period- will leave you feeling calm.
“အပေါင်းအသင်းကိုကြည့်ပေါင်းပါ”
စိုးရိမ်ပူပန်မှုကြီးမားသော သူများနှင့် ပေါင်းလျှင် သင်လည်းစိုးရိမ်မှု ကြီးမားလာလိမ့်မည်။တည်ငြိမ်အေးချမ်းသော
သူများနှင့်တခဏတာပေါင်းလျှင်သော်မှ သင်လည်းတည်ငြိမ်အေးချမ်းမှု ၇ရှိပေလိမ့်မည်။

***(5)“Touch Or Be Tougched”
The human touch is one of the surest ways of unburdening stresses. Just as the embrace of a
parent soothes the upset child.The simplest touch sometimes works miracles.
ကြင်နာပါ အကြင်နာခံပါ”
လူသားတို့ ၏ကြင်နာစိတ်သည် ကိုယ်စိတ်နှစ်ပါးဖိစီးမှုဒဏ်ကိုဖြေလျှော့ရာတွင် အထိရောက်ဆုံးအရာတစ်ခုဖြစ်သည်။စိတ်ကောက်နေသောကလေးငယ်အားမိဘနှစ်ပါး၏
ယုယမှုသည် ပျော့ပြောင်းနှစ်သိမ့် စေသကဲ့သို့ ကြင်နာစိတ်သည် တစ်ခါတစ်ရံ ထူးကဲသောအကျိုးကိုပေးတတ်သည်။

***(6)"Make Magnaminity A Habit"
Indulge yourself by being generous-help someone out, perform an act of kindness, offer a compliment.The person who will feel most uplifted
by you having done so is...you.
“စေတနာထက်သန်ပါ”
တစ်စုံတစ်ယောက်ကို စေတနာဖြင့်ကူညီပါ။ ချစ်ခင်ကြင်နာပါ၊ချီးကျူးပါ၊ ယင်းသို့ ပြုလုပ်ခြင်းဖြင့်
အများဆုံးအကျိုးခံစားရမည့်သူမှာ...သင်သာဖြစ်သည်။

***(7)''Forgive On The Spot"
To bear ill-feelings towards someone else is more damaging to the bearer than the recipient.
For your own sake,forgive quickly and freely.
ချက်ခြင်းခွင့်လွှတ်လိုက်ပါ
သူတစ်ပါးအပေါ်မကျေနပ်သောစိတ်ထားသည် သူတစ်ပါးထက်မိမိကိုယ်ကိုယ် ပိုအကျိုးယုတ်စေသည်။သင့်အကျိုးအတွက်
လွတ်လွတ်ကျွတ်ကျွတ်နှင့် အမြန်ဆုံးသာခွင့်လွှတ်လိုက်ပါ။

***(8)Think Before You Buy"
To a void the stresses of debt, think about what you can afford to spend, long before you think about
what you'd like to buy.
“မ၀ယ်မီချင့်ချိန်ပါ”
အကြွေးဒဏ်မှလွတ်ကင်းလိုလျှင် မိမိဝယ်လိုသည့် အရာကို မစဉ်းစားမီ
မိမိဘယ်လောက်ပိုက်ဆံသုံးနိုင်သလဲဆိုတာကို အရင်စဉ်းစားပါ။

***(9)"Prune Pressure Phrases"
Pressure phrases likes ' I have to ', 'I must ' ,I should ',I don't have the time', exacerbate feeling of stress.
Listen for such words in your thoughts and speech, then replace them with more relaxed phrases
-'I may' ,I choose to', 'I will make the time'.
“စကားအသုံးအနှုန်းသတိထားပါ”
“ကျွန်တော်လုပ်စရာ၇ှိတယ်”၊“ကျွန်တော်လုပ်ရမယ်”၊ ကျွန်တော်လုပ်သင့်တယ်”၊ “ကျွန်တော့်မှာ အချိန်မ၇ှိဘူး”၊စသောစကားများသည် ဖိစီးမှုခံစားချက်ကို
တိုးပွါးစေသည်။သင်၏အတွေးနှင့်စကားများတွင်အဆိုပါအသုံးအနှုန်းများကိုနားထောင်ကြည့်ပါ၊ ထို့ နောက်ပို၍သက်သောင့်သက်သာရှိသော
“ကျွန်တော်လုပ်နိုင်တယ်”၊ “ကျွန်တော်ရွေးချယ်ထားတယ်”၊ ကျွန်တော်အချိန်မီ လုပ်မယ်” စသည့်စကားများသုံးနှုန်းပြောဆိုပါ။

***(10)Simplify"
The few things you must do in life, the fewer things you own,manage or are responsible for
the fewer are the stresses that accompany them.
“အမှုကိစ္စနည်းပါစေ”
ဘ၀တွင် လုပ်ရမည့်အရာတွေနည်းလေလေ ပိုင်ဆိုင်သည့်အရာတွေ-စီမံခန့် ခွဲရမယ့်အရာတွေ တာဝန်ယူဆောင်ရွက်ရမယ့်အရာတွေနည်းလေလေ၊
ကိုယ်စိတ်နှစ်ပါးစိတ်ဖိစည်းမှုဒဏ်နည်းလေလေဖြစ်၏

***(11)“Resort To politeness"
Practise politeness,not for the benefit of others, but the ennoblement of your self. It dosen't matter if the receivers reciprocate
(which they usually will )or not-you will feel better for your niceness.
“ယဉ်ကျေးရည်မွန်ပါ”
သူတစ်ပါးအတွက်မဟုတ်ဘဲ မိမိ၏ဂုဏ်သိက္ခာ မြင့်မားရေးအတွက် အမြဲတမ်းရည်မွန်ယဉ်ကျေးပါ။
အခြားသူများကတုန့် ပြန်သည်ဖြစ်စေ၊မတုန့် ပြန်သည်ဖြစ်စေ သင်၏ကောင်းသောအပြုအမူအတွက်စိတ်ချမ်းသာရလိမ့်မည်။

***(12)Recognise Addiction"
Satisfynig cravings, of any kind (nicotine,chocolate,caffeine, alcohol) iss no way to help yourself feel calm.Recongnise
additions for what they are, find an alternative. Them you cab be calm.
“အစွဲကိုဖြုတ်ပါ”
(ကော်ဖီ၊ချောကလက်၊ကာဖိန်း၊အရက်) စသည့်တစ်ခုခုကိုစွဲလမ်းခြင်းသည်စိတ်တည်ငြိမ်မှုကိုအထောက်အကူမပြုနိုင်ချေ။ ယင်းတို့ ကို
ဘာ့ကြောင့်စွဲလန်းရကြောင်းကို တွေးကြည့်ပါ၊ ပြီးတော့အကျိုး၇ှိမည့် အရာတစ်ခုနှင့် အစားထိုးပါ။ ထိုအခါစိတ်တည်ငြိမ်လာပါလိမ့်မည်။

***(13)"Go On, Smile"
A smile relaxes all the major facial muscles. It also sets off an emotional chain reaction that invariable helps you feel good.
“ပြုံးပါ”
ပြုံးခြင်းသည် အဓိကမျက်နှာကြွက်သားအားလုံးကို တင်းမာမှုမှ ပြေလျော့စေသည်။ ထို့ ပြင် စိတ်ခံစားမှုအနှောင်အဖွဲ့ ကိုလည်း ဖြေလျော့ပေးသည်။

***(14)'Get It Off Your Chest"
Articulating your problems often takes you half the way to solving them. Share your feelings and problem with someone else
you will feel more peaceful.
“ရင်ဖွင့်ပြစ်လိုက်ပါ”
တစ်ခါတစ်ရံပြဿနာကို ထုတ်ဖော်ပြောလိုက်ခြင်းဖြင့်ပြဿနာတစ်ဝက်၇ှင်းလင်းသွားစေနိုင်ပါသည်။သင်၏ခံစားချက်နှင့်ပြဿနာများကို ရင်းနှီးသူတစ်ဦးဦးကို
ဖွင့်ပြောလိုက်ပါ။ပိုပြီးစိတ်ချမ်းသာသွားပါလိမ့်မည်။

***(15)"Shelved Your Worries"
Decide on a way of storing your worries each evening before you go to bed.Write them in a diary, then store and forget them.
Chances are they'll be greatly reduced,if not solved, by morning.
“လက်ရှိဘ၀ကို ကျေနပ်ပါ”
နေ့ စဉ်အိပ်ရာမ၀င်မီ သောကစိတ်တွေကို စုဆောင်းနည်းတစ်နည်း ဆုံးဖြတ်လေ့ကျင့်ပါ။ယင်းသောကစိတ်တွေကို နေ့ စဉ်မှတ်တမ်းတွင် ရေးသွင်းပါ။
ထို့ နောက်သိမ်းထားပြီးမေ့ပစ်လိုက်ပါ။ နံက်ကျတော့သောကစိတ်တွေ (အားလုံးမဟုတ်သော်မှ )အများကြီးလျော့နည်းသွားလိမ့်မည်။

***(16)"Only Worry About Big Things"
If you can overlook the small issues of life, and concentrate on the important ones, you will be much
closer to calm.
"အရေးကြီးမှ စိုးရိမ်ပါ”
ဘ၀ပြဿနာအသေးအဖွဲများကို ဘေးဖယ်ထားပြီး ပြဿနာကြီးတွေကိုသာ အာရုံစိုက်လျှင် စိတ်တည်ငြိမ်မှုရ၇ှိရန် အများကြီးနီးစပ်သည်။

***(17)Hold The Word Back"
When you are under pressure, words come quickly and the rhythm of your speeds up.By reversing these
patterns-slowing your word. articulating your thoughts more carefully,slowing your breathing-you can beguile
your subconscious into believing you are relaxed.
“စကားကိုထိန်းပြောပါ”
ကိုယ်စိတ်ဖိစီးမှုခံရသောအခါ စကားပြောမြန်လာတတ်သည်။ အသံကျယ်လာတတ်သည်။ ယင်းပုံစံကိုပြောင်းပြန်လှန်ပစ်လိုက်ပါ။
စိတ်ကိုထိန်းပြီးစကားကိုဖြေးဖြေးပြောပါ။ အသက်ကိုဖြေးဖြေးရှူပါ။ ကိုယ်စိတ်ဖိစီးမှု လျော့ပါးသွားအောင် သင်၏မသိစိတ်ကိုလှည့်စား
နိုင်ပါလိမ့်မည်။

***(18)"Shed A Few Tears"
There is something both emotionaly and physically soothing about crying.
“ငိုချင်လျှင် ငိုချလိုက်ပါ”
ငိုခြင်းသည် စိတ်ကိုရော ရုပ်ကိုပါ တည်ငြိမ်အေးချမ်းစေသည်။

***(19) ''Grow Your Own"
Gardeners are among the most calm and relaxed prople (while they're gardening )you will find.
“ကိုယ့်ဥယျာဉ် ကိုယ်စိုက်ပါ”
ဥယျာဉ်မှူးများသည် (ကိုယ့်ဥယျာဉ် ကိုယ်ပြုနေစဉ်) စိတ်အတည်ငြိမ်ဆုံးနှင့် ကိုယ်စိတ်တင်းကျပ်မှု ပြေလျော့ဆုံးသူများဖြစ်ကြောင်းတွေ့ ရလိမ့်မည်။

***(20)''Say Your Prayers"
If you have spiritual or religious beliefs, you probably have access to one of the world's most time-honoured methods of achieving
tranquillity:prayer.
“ဘုရား၇ှိခိုးပါ”
သင်သည် ဘာသာတရားကို ကိုင်းရှိုင်းသူဖြစ်လျှင် လောကတွင် သမ္ဘာအရင့်ဆုံး စိတ်ချမ်းသာနည်းကို သင်ပိုင်ဆိုင်သည်။ ထိုနည်းမှာ အခြားမဟုတ်
ဘုရား၇ှိခိုးခြင်းဖြစ်သည်။

***(21)"Meditate"
Concentrate on a movement, a sound, an image, a though-without strain and without concern if your attention wanders.
Before you know it, you will be meditating.
“တရားထိုင်ပါ”
စိတ်တင်းကျပ်မှုနဲ့  စိတ်လွင့်ပါးမှုတို့ ကို အရေးမစိုက်ဘဲ လှုပ်ရှားမှုတစ်ရပ်၊ အသံတစ်သံ၊ ပုံရိပ်တစ်ခု၊ အတွေးတစ်ခုကိုအာရုံစိုက်ပါ။
သင့်အဖြစ်ကိုသင်မသိခင်မှာပင် ကမ္မဌာန်းအာရုံ ၀င်စားနေသည်ကို တွေ့ ရလိမ့်မည်။

***Difference Between Having And Living***
***ဘ၀တွင်ကြွယ်ဝချမ်းသာခြင်းနှင့် လူဖြစ်ရကျိုးနပ်အောင် နေထိုင်ခြင်းတို့ ၏ ခြားနားချက်ကိုသိပါ***

Post...By....ချမ်းချမ်း(၇ွာသူလေး) http://www.haymonchan.blogspot.com

1 comment:

Anonymous said...

စာသာတွေကတကယ်လေးနက်လို့ ကျနော်တို့ အတွက်ပညာရပါတယ်ဗျာကျေးဇူးနောဒွေးလေး