Saturday, April 14, 2012

****နှစ်သစ်မှာ ကုသိုလ် ယူတတ်ပါစေ****


ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ သင်္ကြန်ကျတဲ့အချိန်အတူတူပါပဲ။နှစ်သစ်မှာ မိဘဆရာသမား သက်ကြီးရွယ်အိုတွေ ကိုကန်တော့တယ်.။ တိရိစ္ဆာန်လေးတွေဘေးမဲ့လွှတ်တယ်။ နှစ်သစ်မှာ ကောင်းမှုကုသိုလ်တွေ ပြုရင် နှစ်ဟောင်းက
ကံဆိုးကံညံ့တွေပျောက်တယ်.လို့ ယုံကြည်ပြီး ဘုန်းကြီးကျောင်းသွား ပြီး ကုသိုလ်ယူကြပါတယ်။
မနက်ပိုင်းမှာ ဘုန်းကြီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆွမ်းကျွေးပြီး ညနေ ၃ နာရီခွဲမှာ သံဃာတော်တွေကို ပန်းနံ့ သာနဲ့ ရေလောင်းပါတယ်။
သံဃာတော်တွေ ကို ပန်းနံ့ သာတွေနဲ့ ရေလျှုတာ တော့ ချမ်းချမ်းတို့ မြန်မာနိုင်ငံနဲ့ မတူတော့ သူငယ်ချင်းတွေကို ဗဟုသုတရစေချင်လို့ စပ်စုခဲ့ပါတယ်။
ဒါက ဖလားထဲမှာ အမွှေးနံ့ သာ နဲ့ ပန်းတွေ ထည့်ထားပါတယ်။

လူတွေက သံဃာတော်တွေ့ ရှေ့ က နေပြီး တစ်ပါးချင်းဆီကို ရေလေးလောင်းပါတယ်.
သံဃာတော်တွေက လက်ခုပ်လေးနှစ်ဖက်နဲ့ ရေခံပြီး မျက်နှာသစ်ပါတယ်။
ချမ်းချမ်းတို့ မြန်မာနိုင်ငံမှာ ဒီဓလေ့မရှိပါဘူး.သံဃာတော်တွေနဲ့ နီးနီးကပ်ကပ်တန်းတူ မရပ်ရပါဘူး။



တစ်ချို့ ဆိုေ၇ခဲရေတွေထည့်ပြီးလောင်းတော့ တအားအေးတာမို့ လို့  သံဃာတော်တွေ ခိုက်ခိုက်တုန်နေပါတယ်.အများကြီးလောင်းတာမဟုတ်ပေမယ့် အေးတာတော့ အေးနေမှာပဲ။။
သူ့ အရပ်နဲ့ သူ့ ဇာတ်တော့ ဟုတ်နေတာပဲ..
နောက်တစ်ခု သူတို့ ထိုင်းလူမျိုးတွေသေရင် မြေမမြှုပ်ပါဘူး.သဂြိုလ်းကုန်း မရှိဘူး.။မီးသဂြိုလ်စက်က ဘုန်းကြီးကျောင်းမှာပဲထားပါတယ်။
သေရင် အလောင်းကို ဘုန်းကြီးကျောင်းမှာ..ထားတာများတယ်။အိမ်ကလူတွေ လာပြီး သံဃာတော်တွေနဲ့ သရဏဂုံတင်တဲ့အခါမှာ
လူတွေက ခုံတွေနဲ့ ဒီအတိုင်းထိုင်ပါတယ်.။ ဘုရားဆင်းတုတော်နဲ့ သံဃာတော်တွေကို ထိခြင်းငါးပါးဖြစ်တဲ့ ခြေ၊လက်၊နဖူး၊တံတောင်၊ဒူး
ဆိုတဲ့ ရိုကျိုးတဲ့အမူအရာမရှိပါဘူး.ခုံပေါ်မှာလက်အုပ်ချီပြီး ငုတ်တုတ်ထိုင်ပါတယ်။င်္သဃာတော်တွေက နည်းနည်းမြင့်တဲ့ ခုံလေးတွေမှာ
ထိုင်ပြီး တရားပေးပါတယ်။ သေတဲ့လူကို မီးရှို့ ပြီးတဲ့အခါ တစ်ချို့ ကျတော့ အရိုးပြာအိုးကို အိမ်ကိုသယ်ပြီး အိမ်မှာ ပန်းတွေ မုန့် တွေ ကပ်ပီး ထားပါတယ်။တစ်ချို့ က ဘုန်းကြီးကျောင်းမှာပဲ ထားပါတယ်။ထားတဲ့နည်းလေးက ဘုန်းကြီးကျောင်း ပတ်လည် အတွင်းနံရံတွေမှာ မှန်ပုံးနဲ့ အင်္ဂတေအခန်းတွေလုပ်ထားပြီး အရိုးပြာအိုးကိုထားပါတယ်.။ဥပုဒ်နေ့ ရက်ကြီးအခါကြီး နှစ်သစ်ကူးသင်္ကြန်အချိန်မှာ သူတို့ က အရိုးပြာအိုးကိုပန်းတွေထိုး အမွေးတိုင်းထွန်းပြီး လာကန်တော့ပြန်ရော..
ဒီပုံတွေက အရိုးအိုးထားဖို့ နံရံကပ် အခန်းငယ်လေးတွေပါ.အလကားတော့မရဘူးနော်..တစ်ခန်းဆိုဘယ်လောက်ဆိုပြီး သတ်မှတ်ဈေးရှိပြီးသားပါ။

အနီးကပ်ကြည့်ရင်တော့ နည်းနည်းလန့် စရာပဲ။ချမ်းချမ်း ရိုက်သာရိုက်ရတာ တရုတ်သရဲကားထဲကလို ၀ိညာဉ်က အိုး
ထဲကနေ ဘွားခနဲ ထွက်လာပြီး လည်ပင်းလာညှစ်မှာလဲ ခပ်ကြောက်ကြောက်ရယ် ..အဟီး.

အဲ...သေတဲ့အခါ နေရာကောင်းလိုချင်ရင်တော့မသေခင် ကြိုတင်ပြီး ဒီလို ပါကင်လာချိတ်ထားလို့ ရတယ်နော်..

ဒါကတော့ ဘုန်းကြီးကျောင်းထဲမှာ စပ်စုမိသမျှလေးတွေပါ။အဟီး။“
ဗဟုသုတအနေတဲ့ အရင်လေ့လာစပ်စုပြီးတော့
ချမ်းပြောင် ငါးစားကျွေးပါတယ်။
ဒီငါးလေးတွေမှာပါးစပ်သာကျယ်တာ သွားတွေမရှိဘူး.ချမ်းချမ်း သူတို့ ပါးစပ်ထဲ လက်ထည့်ကြည့်တာ ကိုက်ဖို့ သွားတွေပါမလာဘူး.တစ်ကယ်ပြောတာ အဟီး..



ငါးစာကျွေးပြီးတော့ ချမ်းပြောင်သံဃာတော်သုံးတဲ့ ကုဋီတွေကိုဆေးပါတယ်။

ကုသိုလ်နဲ့ ပက်သက်ပြီး ချမ်းချမ်း ခံယူချက်နဲ့ အလေ့အကျင့်တစ်ခုပြောပြမယ်နော်။
ချမ်းချမ်း ၁၈ နှစ် ၁၉ နှစ်ကတည်းက ဘုန်းကြီးကျောင်း နဲ့ ရိပ်သာမှာ ကုဋီဆေး အမှိုက်ကောက်ပါတယ်။ အိမ်သာဆေးရမှာ လူတွေက ရွံပါတယ်.ချမ်းချမ်းက အိမ်သာဆေးတာမရွံဘူး..
အိမ်သာညစ်ပတ်နေရင်သာ ရွံတာ.သူများမယူတတ်တဲ့ကုသိုလ်တွေ ယူတယ်။
ဘုရားသွားတိုင်းအမှိုက်ကောက် တံမြက်စည်းလှဲတယ်.သူများတွေလို ဆီမီးတွေ ပန်းတွေ မလျှုဘူး.
ဘာလို့ လဲဆိုတော့ နေ့ လည်ဘက်မှာ နေပူတော့ ဘုရားကဆီမီးမလိုဘူး
ပန်းတွေလည်း လျှုတဲ့သူက များလို့ မလျှုဘူး.အလျှုငွေကို အလျှုခံပုံးထဲထည့်တယ်..တစ်ခါတစ်လေ တန်ခိုးကြီးဘုရားတွေမှာပန်းတွေလျှုထားတာ မသိရင် ဘုရားရှေ့ မှာ အမျိုက်လာပုံထားသလိုပဲ.ဒီ
ကြားထဲက ဗေဒင်ရူးတဲ့သူတွေက ဘု၇ားကို ဇီးကိုင်းလာလျှုလိုလျှု အုန်းညွန့် လာလှူလိုလှုနဲ့ တော်တော်လေးကို သံဝေဂယူဖို့ ကောင်းတယ်။နေ့ ခင်းနေပူကြဲတဲ မှာဘုရားကို အမွှေးတိုင်က ထွက်တဲ့မီးခိုးတွေနဲ့ မီးမှိုင်းတိုက်နေတာလဲ သတိထားဖို့ သင့်တယ်.
..ဒီလိုပြောရင် ဆီမီးလျှုနေတဲ့သူက ချမ်းချမ်းကို အပြစ်ပြောလိမ့်မယ်.သူတစ်ပါးအလျှုကို ဖျက်ဆီးတယ်လို့ .
သေချာစဉ်းစားနော်..ဘုရားကိုဆီမီးဘာလို့ ပူဇော်တာလဲ .ဆီမီးလျှုတဲ့အကျိုးရချင်လို့ လား ဘုရားကို ဆီမီးပူဇော်ချင်လို့ လား။
ဆီမီးနဲ့ ပူဇော်ချင်တယ်ဆိုရင် ညဘက်မှောင်တဲ့အချိန်မှာ ဆီမီးနဲ့ ပူဇော်ပါ
ရွှေတိဂုံဘုရားပေါ်မှာဘဲ အရံဘုရားငယ်အများကြီးရှိပါတယ်. ဒါပေမယ့် လူတွေက ဂြိုဟ်တိုင်တွေမှာဘဲ ပန်းတွေပုံနေအောင်လျှူ..ရေတွေ နင်းကန်လောင်းနေတာ မီးတွေ မတရားထွန်းထားကြတာ နေ့ ခင်းကြောင်တောင် ဘုရားဘယ်လောက်ပူလိုက်မလဲ..
အရံဘုရားငယ်တွေမှာတော့ လျှူမယ့်သူတွေ မရှိကြဘူး.။.ဆီမီးလျှုတဲ့အကျိုးငါးပါးရချင် လို့ နေ့ ဘက်လဲလျှုတယ်ဆိုရင်
ကိုယ်ဟာ မလိုအပ်ပဲ လျှူတဲ့အတွက် အပြည့်အ၀ ကောင်းကျိုးမရပါဘူး.မြတ်စွာဘုရားက
“ဘုရားတရား.သံဃာ ကိုပဲ တွေ့ တဲ့နေရာလျှု တခြားမလျှုနဲ့ ” လို့ မဟောထားပါဘူး. လိုအပ်တဲ့ နေရာလျှု။ မ၇ှိတဲ့နေရာလျှုလို့ ပဲ ဟောထားပါတယ်။တိရိစ္ဆာန်လေးတွေ လျှုရင် တောင် ဘ၀ တစ်ရာ ချမ်းသားတယ်တဲ့. မရှိဆင်းရဲတဲ့သူတွေကိုလျှုရင် ဘ၀ပေါင်းများစွာ ချမ်းသာတယ်လို့ ဟောထားပါတယ်.
လျှုဒါန်းခြင်းဒါန ထက်မြင့်မြတ်တဲ့ ကုသိုလ်ဟာကိုယ်ကျင့်သီလ စောင့်ထိန်းခြင်းတဲ့.
သီလထက်မြင့် မြတ်တဲ့ ကုသိုလ်က ဘာသနာပွါးခြင်းတဲ့...ပိုက်ဆံလဲမကုန်ပဲ ကုသိုလ်အများကြီးရပါတယ်။
ကိုယ်ကျင့်တရားကိုလဲ ကြိုးစားပြီး စောင့်ထိန်းကြစေချင်တယ်..
ဒါ့ကြောင့် ကုသိုလ်လေးတွေ လုပ်မယ်ဆိုရင် မလိုအပ်ပဲ ဘုရားပေါ်မှာ နေ့ ခင်းကြောင်တောင် မီးပူဇော်မယ့်အစား ပန်းတွေပုံနေအောင်
လျှုမယ့်အစား လိုအပ်တဲ့နေရာလေးတွေမှာလျှူပါလို့ တိုက်တွန်းလိုပါတယ်။တစ်ယောက်စ တစ်ရာဆိုသလို တစ်ယောက်ကို တစ်ယောက်သတိလေးအသိလေးပေးပြီး ပြင်ကြမယ်ဆိုရင် တော့ တောင်တော်လေးကောင်းမှာပါ။
ဆရာတော် တစ်ပါး ပြောဘူးတယ်.
“မြန်မာနိုင်ငံဟာ အလျှုဒါနအပြုဆုံးနိုင်ငံ ဒါပေမယ့် အမွဲဆုံးဟာလည်း မြန်မာနိုင်ငံပါဘဲ.
ဘာဖြစ်လို့ လဲ ဆိုတော့ လျှုတဲ့သဒ္ဓါ အချိုးမကျလို့ ပါပဲ.
လိုအပ်တဲ့ နေရာ မလျှုပဲ မလိုအပ်တဲ့နေရာမှာ ဂုဏ်ပကာသန.နာမည်ကြီးဖို့ ဆိုပြီး လျှုကြတာများတယ်တဲ့”
လျှုဒါန်းခြင်းဒါနာပြုရင် အကျိုးကတော့ သေချာပေါက်ရမှာပါဘဲ တောင်းစရာမလိုပါဘူး.ဒါပေမယ့် အကျိုးပေးပုံခြင်းက
ကိုယ့်စေတနာအလိုက် အကျိုးပေးတာပါ။
သံဝေဂ..ယူစရာအဖြစ်အပျက်လေးတစ်ခုရှိပါတယ်.
ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ဆွမ်းခံကြွတဲ့အချိန်မှာ
အဆုံးအဆမရှိတဲ့ ကြံခင်းတစ်ခင်းကိုပိုင်တဲ့ ပြိတ္တာတစ်ကောင်နဲ့ တွေ့ ပါတယ်.
အဲ့ဒီပြိတ္တာဟာ ဆာလောင်လွန်းလို့ သူပိုင်တဲ့ ကြံခင်းထဲက ကြံတွေခူးစားဖို့ လှမ်းကိုင်လိုက်တဲ့အခါ ကြံပင်လေးတွေဟာ အသက်ဝင်လာပြီး
သူ့ ကျောကုန်းကိုတစ်ဖြန်းဖြန်းနဲ့ ရိုက်တော့ တအားနာကျင် ပြီး ယူပါ ကယ်ပါလို့ အော်နေရတယ်.ဆာကလည်းဆာ ကိုယ်ပိုင်တဲ့ ကြံကိုတောင် ကိုယ်စားလို့ မရတဲ့ဒုက္ခ ဘယ်လောက်များ ဆိုးဝါးလိုက်လဲ ဆိုတာ.
အဲ့ဒါနဲ့ ရှင်မဟာ မောဂ္ဂလာန် ကိုမြင်တော့ အ၇ှင်ဘုရားတပည့်တော်ကို ကယ်ာပါဘုရား ဆိုပြီး အဖြစ်အပျက်ကိုပြောပြတော့
ရှင်မဟာမောဂ္ဂလာန် တန်ခိုးတော်နဲ့ ကြည့်လိုက်တဲ့အခါမှာ ..ကြံခင်းပိုင်တဲ့ ပြိတ္တာရဲ့ အတိတ်ဘ၀ ကိုပြန်ပြောပြပါတယ်
.သူဟာ အရင်ဘ၀က အရမ်းချမ်းသာတဲ့ သူတစ်ယောက်ပါ. ဒါပေမယ့် ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကိုမသိ
ဒါနသီလဘာဝနာ တရားလဲမ၇ှိ အိမ်.စား ကာမ ဂုဏ်တရားတွေကိုသာ သူ့ ဘ၀တစ်လျှောက်လုံးခံစားလာခဲ့တာ
တစ်နေ့ တော့ သူလမ်းသွားရင် ကြံပိုင်းလေးတစ်ပိုင်းကို စုပ်သွားတဲ့အခါ ကြံပိုင်းကလဲ ကုန်ခါနီး လက်တစ်ဆစ်လေး ကျန်တယ်
ပစ်မလို့ လုပ်တုန်း အဲ့ဒီအချိန်မှာ အင်မတန် ဆင်းရဲတဲ့ကလေးလေးတစ်ယောက်က ကြံကိုအရမ်းစားချင်းတာနဲ့ 
ဦးဦးရယ် ကြံပိုင်းကို ပစ်မယ့်အတူတူ ကျွန်တော့ကိုကျွေးပါဆိုတော့
ပြိတ္တာဖြစ်မယ့် သူဌေးကြီးက ကြံပိုင်းလေးကို နောက်ပစ်ပြီး ပေးလိုက်ပါတယ်.ကလေးကမြေကြီးထဲ ပြုတ်ကျနေတဲ့ ကြံပိုင်းလေးကို
အငမ်းမရစားရရှာတာပေါ့.
သူဟာ ဘ၀တစ်လျှောက်လုံး ဘာကုသိုလ်မှာမလုပ်ခဲ့ဖူးဘူး.သေခါနီးမှာ ကလေးလေးကို ကြံပိုင်းလေးလျှူခဲ့ဖူးတာကို သတိရပြီး
သေခဲ့တဲ့အတွက် အခုအဆုံးအစမရှိတဲ့ကြံခင်းပိုင်တဲ့ ပြိတ္တာ ကြီးဖြစ်ခဲ့ရပါတယ်.ဒါပေမယ့် ကြံကိုတော့ စားလို့ မရဘူး.သူစားမယ်လို့ လက်က ကြံပင်ကို ချိုးလိုက်တာနဲ့ ကြံပင်လေးတွေအသက်ဝင်ပြီး သူ့ ကျောကို ရိုက်တာဟာ ကလေးလေးကို ကြံပိုင်းလေးပေးတုန်းက ရိုရိုသေသေမပေးဘဲ နောက်ပစ်ပေးတဲ့အတွက် သူဟာ အဲ့ဒီကြံပင်ကို နောက်ကနေလက်ပြန်ချိုးပြီး စုပ်စားမှ စားလို့ ရပါလိမ့်မယ်လို့ ပြောတော့
ပြိတ္တာကြီးခမျာ ကြံပင်ကို နောက်ပြန်ချိုးပြီးခူးမှခူးလို့ ရသွားပါတယ်.ပြီးတော့ ခေါငိးကိုလည်း နောက်ပြန်လှည့်ပြီး စားလိုက်ရပါတယ်
ဒါဟာ ဘုရားတရား သံဃာကိုမလျှုသေးဘးနော် ကလေးလေးတစ်ယောက်ကို လျှူတာတောင် လျှုမတတ်ရင် အကုသိုလ်ဖြစ်ပါတယ်.
ဒါ့ကြောင့် ခွေးလေး ကြောင်လေးတွေ ကလေးလေးတွေ မ၇ှိတဲ့သူတွေ လျှူရင်တောင် ရိုရိုသေသေနဲ့ စေတနာသန့် သန့် နဲ့ စိတ်ကြည်ကြည်လင်လင်နဲ့ လျှုရပါတယ်.ကိုယ့်အလျှုကြောင့် ဘယ်သူမှ မထိခိုက်စေရဘူး.
ကြားဖူးတယ်ဟုတ် “ကုသိုလ်တစ်ပဲ ငရဲဆယ်ပိဿာ ” ဆိုတဲ့ စကားပုံရှိတယ်လေ.
ချမ်းချမ်း သံဃာကုဋီဆေးပြီး ကျောင်းဝင်းထဲမှာ တံမျက်စည်း လှည်းနေတုန်းမှာ ခုနတုန်းက လူတွေဖွထားတဲ့အိပ်တွေ ပလပ်စတစ်အအေးခွက်တွေ အမှိုက်တွေကို
အသက် ၅၀ ကျော် ရဟန်းတစ်ပါးက အမှိုက်အိပ်အမဲကို ဆွဲပြီး တစ်နေရာပြီးတစ်နေရာ လိုက်ကောက် အမှိုက်အိပ်ထဲထည့်နေတာမြင်တော့ တအားစိတ်မကောင်းဖြစ်သွားတယ်..
လူတွေက ရေလောင်းပြီးတာနဲ့ အကုန်ပြန်ကြပြီလေ..ကိုယ်စားထားတာတွေတောင် ကိုယ်တာဝန်မယူနိုင်တာ တော်တော်အံ့သြတယ်.
စဉ်းစားကြည့်နော်.တစ်ခါတစ်လေ လူသွားလမ်းတွေမှာ အမှိုက်လိုက်ကောက်နေရတဲ့ မြုနီစပယ် ၀န်ထမ်းတွေဟာ ကိုယ့်အမေ ကိုယ့်အဖေလောက်၇ှိတယ်.သူတို့ မှာ နေပူကြဲတဲ့ ကိုယ့်အမှိုက်ကို လိုက်ကောက်ပေးနေရတာ သနားစရာတော်တော်ကောင်းပါတယ်။
ကုသိုလ်လုပ်တယ်ဆိုတာ ဘုရားသွား ကျောင်းတက်မှ.အလျှုကြီးလျှုမှ မဟုတ်ပါဘူး.
စေတနာထားပြီး လူတွေအပေါ်ကူညီတာ.ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခမရောက်အောင် ဆင်ခြင်တာ လဲကုသိုလ်၇တာပါပဲ။
နှစ်သစ်သင်္ကြန်မှာ ကုသိုလ်လေး သုံးလေးရက် လုပ်လို့ နှစ်ဟောင်းက ကံဆိုးကံညံ့တွေ ပျောက်စေတယ်.နှစ်သစ်မှာ ပျော်၇ွှင်မှူတွေရတယ်လို့  လူကြီးတွေက ပြောတာ ချမ်းချမ်းလက်ခံလားဆိုတော့ လက်မခံပါဘူး.
နှစ်သစ်မှာ ကုသိုလ်လေးလုပ်တာက သုံးလေးရက် .ပဲ၇ှိတယ်.အဲ..တစ်နှစ်ပတ်လုံးနေရတာက ရက်ပေါင်း၃၆၀ တောင်၇ှိတယ်။
ရက်ပေါင်း၃၆၀ လုံးကံကောင်းအောင် ဒီကုသိုလ်သုံးလေးရက်က မစွမ်းနိုင်ပါဘူး.
ဒီရက်တွေမှာပြုလို့ ရတဲ့ကုသိုလ်အကျိုးက သက်သက်ပါ..ဒီသုံးလေးရက်မှာ ပဲကုသိုလ်လုပ်ပြီး ကျန်တဲ့
၃၆၀ လုံး မဟုတ်တာတွေပြောနေမယ် သူတစ်ပါးကို စိတ်ဆင်းရဲအောင်လုပ်မယ်ဆိုရင်ရော ကံကောင်းနိုင်ပါ့မလား
.ကံဆိုတာ အလုပ်လေ..
ဒါ့ကြောင့် နှစ်သစ်မှာ ကံကောင်းချင်ရင် တစ်နှစ်ပတ်လုံးကိုယ့်စိတ်ကို ဖြူအောင်ထားပါ။
ကိုယ့်အပြုအမူကြောင့် မိမိသူတစ်ပါး ဆင်းရဲဒုက္ခမရောက်အောင် ကြိုးစားနေမယ်ဆိုရင်ပဲ.သူတစ်ပါးလို အလျှုကြီးတန်းကြီးမလုပ်ပေမယ့်
ကံကောင်းခြင်းတွေ သေချာပေါက်ရပါလိမ့်မယ်.
.........................................................
ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နေပါ.သင့်ရဲ့ ပျော်ရွင်ခြင်းဟာ အပြစ်ကင်းတဲ့ပျော်ရွှင်ခြင်းဖြစ်ပါစေတဲ့.
သူငယ်ချင်းများအားလုံးပျော်ရွှင်ချမ်းမြေ့ တဲ့ဘ၀လေးပိုင်ဆိုင်နိုင်ပါစေ
လေးစားခင်မင်စွာဖြင့်
ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)http://www.haymonchan.blogspot.com

6 comments:

Anonymous said...

ဒွေးလေးရေ ကေလေးကိုဂရုစိုက်..ဟဲဟဲ ဆုံးမတာနော်

လင်းဦး(စိတ်ပညာ) said...

ချမ်းချမ်းတော့ ကုသိုလ်တွေ အများကြီးရနေပြီ။
ရန်ကုန်မှာတော့ အကုသိုလ်သမားတွေ များနေပြီ။ :(

Aeimt Kabyar Mon said...

ကလေးရောအမေရော နေကောင်းပါတယ် မောင်(စွယ်စုံကျမ်း)ရယ်..ဟဲဟဲ..

Aeimt Kabyar Mon said...

ဆာကီးကလည်း..သင်္ကြန်တွင်းပျော်တယ်ဆိုတာ အကုသိုလ်မဟုတ်ပါဘူး.ပျော်လို့ ရပါတယ်.
ဒါပေမယ့်မသောက်မစားပဲ ပျော်တတ်ဖို့ အရေးကြီးပါတယ်:)

babyguy said...
This comment has been removed by a blog administrator.
လင်းဦး(စိတ်ပညာ) said...

အဆင်ပြေပါစေ