Saturday, April 13, 2013
♫♥✿မင်္ဂလာ၇ှိသော နှစ်သစ်ကို ကြိုဆိုပါတယ်♫♥✿
ဒီနှစ်သင်္ကြန် ၁၃.၄.၂၀၁၃ ရက်နေ့ မှာသွားနေကျဘုန်းကြီးကျောင်းနဲ့ ၁၁.၄.၂၀၁၃ ရက်နေ့ မှာ မွေးနေ့ အတွက် ရည်မှန်းပြီး
တရုတ်ဘုံကျောင်းက ဘုရားလဲရောက်ဖြစ်ပါတယ်..ဘုရားတစ်ခါသွားဖို့ 
ဘုန်းကြီးကျောင်းတစ်ခါရောက်ဖို့ တော်တော်လေးကို ဝေးပါတယ်..ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ဘုရားကျောင်းကန်
စေတီပုထိုးတွေမြန်မာပြည်ထက်စာရင် တော်တော်လေးကို နည်းတဲ့ နိုင်ငံပါ။ ချမ်းချမ်းတို့ မြန်မာပြည်မှာဆို ခရီးသွားတိုင်း ကုသိုလ်ယူနိုင်တဲ့ ကြည်ညိုစရာ စေတိပုထိုးတွေများလွန်းလို့ နော့...
သူငယ်ချင်းတစ်ယောက်ကမေးတယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့..
ချမ်းချမ်းလဲ ခေါင်းမော့ ပြီး ဖြေလိုက်တယ်“..အဲ့ဒါ  တို့မြန်မာနိုင်ငံပဲ ” သူကတော့ မယုံဘူး
အမှန်တော့ သူက
မြန်မာဆိုရင် အရမ်းအထင်သေးပါတယ်..ဆိုင်မှာအလုပ်တူတူလုပ်တဲ့သူငယ်ချင်း ၇ ယောက်ထဲမှာ နှစ်ယောက်က မြန်မာ
တွေကို အထင်သေးတယ် နှိမ်တယ် ကျန်တဲ့ ငါးယောက်က နားလည်မှု၇ှိတယ် စိတ်ကောင်းရှိတယ်..မြန်မာတွေကို နှိမ်တဲ့
နှစ်ယောက်ထဲက တစ်ယောက်ဟာ
အားအားနေ ဘုရင့်နောင် အလောင်းဘုရားမကောင်းကြောင်းပဲ ပြောနေတော့တာပဲ..တစ်ချိန်က မြန်မာတွေ
 ရက်စက်ခဲ့တာကိုပဲပြောနေတယ်.
ကျွန်မကလဲ ကိုယ့်မြန်မာဘုရင်တွေစခဲ့တာမို့ ဘာမှပြန်မပြောဘူး..ငြိမ်နေလိုက်တယ် စိတ်ထဲမှာတော့ ငါ့အလှည့် တော့တစ်နေ့ 
ရောက်ဦးမှာလို့ တွေးနေလိုက်တယ်.မထင်မှတ်ပဲသူက “ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့.”
ချမ်းချမ်းကလဲ ဒီတစ်ခါတော့သူတို့ ကိုကျောဖို့ ကိုယ့်အလှည့်ရောက်ပြီမို့ .သေသေချာချာကိုဖြေပေးလိုက်တယ်..
နင်တို့ အထင်သေးနေတဲ့ မြန်မာနိုင်ငံဟာ ထေရ၀ါဒသာသာနာ အထွန်းကားဆုံးနိုင်ငံ ရတနာသုံးပါးကို အကြည်ညိုဆုံးနိုင်ငံလို့ .ဖြေလိုက်တယ်..ဘာလို့ လဲဆိုတော့
တို့ မြန်မာလူမျိုးတွေ ရတနာသုံးပါးကို နင်တို့ ထက်ပိုပြီးတန်ဖိုးထားတယ်..နင်တို့ နိုင်ငံမှာ အိမ်တိုင်း လိုလို ဘုရားကျောင်း
ဆောင်မ၇ှိဘူး..နတ်စင်တော့ အိမ်တိုင်းရှိတယ်..ဥပုဒ်နေ့ တိုင်း နင်တို့ တွေပန်းဝယ်ပြီး ဘုရားကိုမကပ်ဘူး.နတ်စင်
ကိုကပ်တယ်..သရဲတွေကို ကန်တော့တယ်.သရဲကို ကယ်တင်ရှင်လို့ ထင်တယ်..အောက်လမ်းတွေ တအားများတယ်..
အဲ့ဒါတွေကို စစ်မှန်တဲ့ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေမလုပ်ဘူး..စစ်မှန်တဲ့ဗုဒ္ဓဘာသာဟာ ရတနာသုံးပါးက လွဲရင်
တခြားဘာကိုမှ မကိုးကွယ်ဘူး...နတ်တွေသရဲတွေကို မေတ္တာပို့ တာပဲရှိတယ်..မကိုးကွယ်ဘူး..လို့ ပြောလိုက်ရော
သူ ငယ်ချင်းက ဘာမှပြန်မပြောနိုင်တော့ဘူး..
့မြန်မာအမျိုးသမီး ဆယ်ယောက်မှာ ကိုးယောက်လောက်က အိပ်ရာဝင်ဘုရား၇ှိခိုး ပါတယ်..သရဏဂုံသုံးပါး သံဗုဒ္ဓေ သြကာသ
ကန်တော့တာရွတ်တတ်ပေမယ့် ထိုင်းအမျိုးသမီး ဆယ်ယောက်မှာ ၇ ယောက်လောက်
ဘုရားစာတွေမရွတ်တတ်ပါဘူး..
..ဆိုင်နားက လမ်းဆုံမှာ ကုလားဘုရား ဆင်နှာမောင်းနဲ့ ဂနက် ဘုရားမှာဆိုရင် ညညဘက်လူတွေတအားများတယ်.
ချမ်းချမ်းတို့ ဆီမှာ ကာလီမယ်တော်တို့  ဂနက်ဘုရားတို့ ကို ဟိန္ဒူတွေပဲသွားတာများတယ်..ဗုဒ္ဓဘာသာဝင်တွေသွား
တာနည်းတယ်။ဒီမှာက ဟိန္ဒူတွေမသွားဘူး..ဗုဒ္ဓဘာသာတွေ တရုတ်စပ်တွေသွားတာများတယ်..
သွားဆုတောင်းကြတာတဲ့..ဆုတောင်းပြည့်တယ်ပြောပြီး သူတို့ တွေတစ်လတစ်ခါသွားဆုတောင်းပါတယ်..ချမ်းချမ်းက
အဖော်အမြဲလိုက်သွားနေကျ..သူတို ကမေးတယ် ဘာလို့ ဆုမတောင်းတာလဲလို့ ဆိုတော့ ငါဆုတောင်းပြီး အလုပ်မလုပ်
ရင် အဲ့ဒီဘုရားက ဖြည့်ပေးမှာလား လို့ ပြန်ပြောတော့ လူ့ ဂွစာတဲ့..ဘာပဲဖြစ်ဖြစ် ကိုယ့်ကို သူတို့ က အထင်
သေးချင် သေးမယ့် သူတို့ ထက်သာတာတွေ ကိုယ့်မြန်မာလူမျိုးတွေမှာ အများကြီးပဲ.ရတနာသုံးပါးကြည်ညိုတာ အလုပ် ကြိုးစားတာ ဘ၀ကိုတန်ဖိုးထားတာ သူတို့ ထက်သာတယ်.
ကိုယ့်ကိုယ်ကိုယ် မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်...
နောက်ကြုံမှ သူတို့ နိုင်ငံအကြောင်းပြောပြမယ်..ပြောများ၇င်အတင်းဖြစ်မှာစိုးလို့ ဆက်မပြောချင်တော့ဘူး.
.ကုသိုလ်အကြောင်းပဲဆက်ပြောမယ်နော်...:D
ပထမဦးဆုံး (၁၁.၄.၂၀၁၃) ရက်နေ့ က မွေးနေ့ အတွက်ရည်စူးပြီး ဘုရားသွားတဲ့အလျှုကို အရင်မျှပေးမယ်နော်....
 ဘုရား၊ရိပ်သာဘုန်းကြီးကျောင်းရောက်တိုင်း ပထမဦးဆုံး ဘုရား၇ှိခိုး ငါးပါးသီလယူပါတယ်..
ကြည်ညိုသပ္ပယ်စရာ ဘုရားကျောင်းဆောင်
ဖူးမ၀တဲ့ မြတ်ဗုဒ္ဓ
 ဒါကသံဃာတော်တွေ ဆွမ်းလျှုဖို့ ကိုရင်လေးတွေက အလျှုခံတာပါ..သပိတ်ထဲကို ပိုက်ဆံထည့်တာနဲ့  ဆုတောင်းသံက အလိုလိုထွက်လာပါတယ်..ကလေးတွေအကြိုက်ပေါ့..
 ဒီအခေါင်းကတော့ အိပ်ဖို့  အဲ မဟုတ်ဘူး..ပိုင်၇ှင်မဲ့ အလောင်းတွေကို အခမဲ့ မီးသင်္ဂြဟ် ဖို့ အလျှုခံတာပါ.ပိုက်ဆံကိုတော့ အခေါင်းထဲထည့်ပါတယ်
ဒါက သေခါနီးဆဲဆဲ နွားလေးတွေကို ဘေးမဲ့ပေးဖို့ ဝယ်ထားတာပါ..အလျှုရှင်တွေက ကိုယ်နိုင်သလောက်
စာ၇ွက်မှာ ရေးပြီး ပိုက်ဆံကို အလျှုခံပုံးထဲထည့်ပါတယ်..အလျှုခံပုဂ္ဂိုလ် မ၇ှိပါဘူး..
ပြီးတာနဲ့ တရုတ်ဘုံကျောင်းက အရေးပေါ် နာရေးကူညီမှုအသင်း နဲ့ ပိုင်၇ှင်မဲ့အလောင်းမီးသဂြိုဟ်ပေးတဲ့ အသင်းမှာ အလျှုငွေထည့်ပါတယ်..ရုံးပိတ်ရက်မို့ လူတအားများတယ်..လျှုဖို့ တန်းတောင်စီရတယ်..
အလျှုငွေထည့်ပြီးရင် ဖြတ်ပိုင်းလေးကို ကော်နဲ့ ကပ်ပြီး အခေါင်းမှာ ကပ်ရပါတယ်..
ဘန်ကောက်မှာဆို နာမည်ကြီးဘုံကျောင်းပါ..
 ............................................................................................................................
သင်္ကြန်တွင်း ၁၃.၄.၂၀၁၃ ရက်နေ့ မှာ သွားတာက မနှစ်က သွားနေကျဘုန်းကြီးကျောင်းပါပဲ..မြို့ ပြင်မှာဆိုတော့ ဆင်းရဲတဲ့ ကျောင်းလို့ ပြောရမှာပေါ့..အသိအိမ်နဲ့ နီးလို့ 
ချမ်းချမ်းအဲ့ဒီကျောင်းကို တစ်နှစ်ကို ၀ါတွင်းတစ်ခါ သင်္ကြင်္န်တွင်းတစ်ခါ အမြဲသွားဖြစ်ပါတယ်..သွားတိုင်း ကုဋီဆေး ကျောင်းတံမျက်စည်းလှဲ သန့် ရှင်းရေးလုပ်နေကြဆိုတော့
ဆ၇ာတော်က မှတ်မိနေပြီ...သူတို့ ထိုင်းလူမျိုးတွေက ရွံလို့  တစ်ခါမှ ကုဋီလာမဆေးဖူးပါဘူးတဲ့.
အခုလိုမြန်မာတစ်ယောက်က လာဆေးပေးလို့ ကျေးဇူးတင်ပါတယ်တဲ့..တစ်ချို့ တွေက အိမ်သာကို ရွံစရာလို့ 
ထင်ကြတယ် ကျွန်မကတော့ ၇ွံစရာမထင်ဘူး..ကိုယ့်ဒုက္ခကို ကုညီဖြေရှင်းပေးတဲ့ ကျေးဇူးရှင်လို့ ထင်တယ်..
ဟုတ်တယ်လေ..အိပ်သာတန်ဖိုး..၀မ်းသွားဖူးတဲ့သူတိုင်းသိပါလိမ့်မယ်..ဗိုက်နာဖူးတဲ့သူတိုင်းသိပါလိမ့်မယ်..
ရွံစရာကောင်းတာက အိမ်သာကို သုံးပြီး စည်းကမ်းမ၇ှိတာက ၇ွံစရာကောင်းတာ..နော့်
ကုဋီဆေးပြီးတော့ တံမျက်စည်းလှဲပါတယ်..
တံမျက်စည်းလှည်းပြီးတော့ ဘော်ဒါတွေကို မုန့် ကျွေးပါတယ်...
ဘော်ဒါတွေကျွေးပြီးတော့ ငါးလေးတွေကိုအစာကျွေးပါတယ်..
ငါးစာရောင်းတဲ့သူမ၇ှိပါဘူး ငါးစာရဲ့ တန်ဖိုးအတိုင်း အလျှုခံပုံးထဲထည့်လိုက်ယုံပဲ...
ငါးလဲစား ကိုယ်လဲစား..အတူတူစားလို့ ရပါတယ်..:D
ငါးစာကျွေးပြီးတော့ ပြုသမျှကုသိုလ်ကို အားလုံးရကြပါစေအမျှပေးဝေပါတယ်..
ချမ်းချမ်းပြုသမျှကုသိုလ်အဖို့ ဘာဂကို သုံးဆယ့်တစ်ဘုံအလုံးစုံသတ္တ၀ါများနဲ့ စာချစ်သူများအား အမျှပေးဝေပါတယ် ..ထပ်တူထပ်မျှ အမျှရကြပြီး ကျန်းမာချမ်းသာ ကြပါစေ..အမျှ..အမျှ..အမျှ..ယူတော်မူကြပါကုန်တော်...သာဓု..သာဓု..သာဓု...
2 comments:
Anzartone said...
လာပြီးတော့
ဟိုဖတ် ဒီဖတ် ဖတ်ရင်းနဲ့
လည်လည် သွားပါတယ် ဆိုတဲ့ အကြောင်း ...
ခင်တဲ့ ...
မောင်အံ
Anzartone said...
လာပြီးတော့
ဟိုဖတ် ဒီဖတ် ဖတ်ရင်းနဲ့
လည်လည် သွားပါတယ် ဆိုတဲ့ အကြောင်း ...
ခင်တဲ့ ...
မောင်အံ