Wednesday, June 5, 2013

♫♥✿ မစ္ဆရိယ ကပေးတဲ့ ပီတိနဲ့ အသိလေးတစ်ခု♫♥✿

ဒီနေ့ အလုပ်နားရက် ဘုရားမှာသန့် ရှင်းသွားလုပ်တုန်း ကျွန်မအတွက် ပီတိဖြစ်စရာ ကုသိုလ်လေးတစ်ခု တိုးပါးတယ် အဲ့ဒီပီတိက မစ္ဆရိယ နှမြောတွန့် တိုတဲ့
အကုသိုလ်ကနေပေးတဲ့ ပီတိလေးပါ..၁၁နာရီလောက်ဘုရားရောက်တော့ ဘုရားရှိခိုး ငါးပါးသီလ ယူမေတ္တာပို့ ပြီးတော့ ဘုရားမှာတံမျက်စည်းလှဲ အမှိုက်ကောက်ပြီးမွန်းလွဲ ၁ နာ၇ီ
ကျော်ကျော်မှာ ဗိုက်ကတအားဆာလာတော့ စားစရာသွားဝယ်ပါတယ်.
..ချမ်းချမ်းနဲ့ အတူ ဘုရားမှာ ဝေယာဝစ္စ သန့် ရှင်းတာဝန်ယူထားတဲ့ ဦးလေးကြီးလဲ ဘုရားဆေးသုတ်နေတာမို့ 
ဒီအချိန် နေ့ လည်ထမင်းစားချိန် ဦးလေးကြီးလဲ ဆာမှာပဲဆိုပြီး ဦးလေးကြီးအတွက်ပါ..ကြက်ပေါင်နှစ်ချောင်းနဲ့ ကြက်တောင်ပံ တစ်ခု ကောက်ညှင်းနှစ်ထုပ် ရေတစ်ဗူး
ပိုဝယ်လာပါတယ်.ချမ်းချမ်းကတော့ ဘုရားပေါ်က ကြောင်လေးတွေအတွက်ပါစားဖို့  ကြက်ပေါင်နှစ်ချောင်း တောင်ပံတစ်ခု ကောက်ညှင်းတစ်ထုပ် ရေတစ်ဗူးဝယ်ပြီး
ဘုရားပေါ်ပြန်ရောက်တော့ ဦးလေးကြီးအတွက် ပေးပြီး ကြောင်လေးတွေနေတဲ့ ဇရပ်နားရောက်တော့ ပိန်ပိန်သေးသေးအဖွားအိုတစ်ယောက်ထိုင်နေတာတွေ့ ပါတယ်.
ခုနတုန်းကတော့ အဖွားအိုဇရပ်မှာ ၇ှိမနေပါဘူး.
..ချမ်းချမ်းလဲ
ဝယ်ထားတာ အတိုးချပြီး စားဖို့ အားခဲလာတာ အဖွားကိုမြင်တော့ စားလို့ မရတော့ဘူး..ငါစားနေတုန်း အဖွားဆာနေရင် ဘယ်လိုလုပ်မလဲ..ကြောင်လေးတွေလည်း ကြက်သားနံ့ 
ရလို အော်နေပြီ..စိတ်ထဲမှာ ချီတုံချတုံနဲ့ ..ငါအဖွားကို ကျွေးရင်ကောင်းမလား..ငါစားရင်ကောင်းမလား..စိတ်ထဲမှာတော့ လွန်ဆွဲနေတယ်..ကိုယ်တိုင်ကလည်း မနက်စာတောင်မစားရ
သေးလို့ တော်တော်ဆာနေပြီ ..ပြန်ထွက်ဝယ်ဖို့ ကလည်းနေပူတော့ ထွက်ရပျင်းတယ်..စိတ်ထဲမှာတော့ နှမြောတယ် ကိုယ်စားဖို့ ဝယ်ထားလို့ ပါ..အသိစိတ်ကတော့ ပေးချင်တယ်
အဖွားကိုသနားလို့  မသိစိတ်ထဲမှာက ဆာလို့ စားချင်နေတယ်..သုံးမိနစ်လောက် ချီတုံချတုံဖြစ်နေသေးတယ် စားရင်ကောင်းမလားအဖွားကိုပေးလိုက်ရင်ကောင်းမလားပေါ့ တစ်ကယ်လို့ ကိုယ်တိုင်က မဆာရင် ချက်ချင်းပေးဖြစ်ပါတယ်...နောက်ဆုံးကိုယ့်ကိုယ်ကို ပြန်ဆုံးမတယ်..ဒီလိုကုသိုလ်ဆိုတာ ကြုံခဲတယ်.ဒါလေးမစားရလို့  သေမသွားဘူး..ဘုရားကအပြန် ၀ယ်စားရင်ရတယ်..လို့ ကိုယ့်ကိုယ်
ကိုယ် ပြန်ဆုံးမရင်း..ကောက်ညှင်းတစ်ထုပ်နဲ့ ကြက်ပေါင်နှစ်ချောင်းကို အဖွားကို ပေးပြီး ကြက်တောင်ပံကို ကြောင်လေးတွေကို ကျွေးလိုက်ပါတယ်..
ချမ်းချမ်းကတော့ ကျန်တဲ့
ရေတစ်ဗူးကို ပဲ သောက်လိုက်ပါတယ်..ခဏနေတော့ ဘုရားသန့် ၇ှင်းလုပ်တဲ့ ဦးလေးက ချမ်းချမ်းနဲ့ မလှမ်းမကမ်းမှာ ထိုင်ခုံလေးသုံးလုံးချပြီး အလယ်က ခုံမှာ ချမ်းချမ်းပေးထားတဲ့
ကောက်ညှင်းနဲ့ ကြက်ကြော်ကို ချပြီး အဖွားအိုကို
လာတွဲမှအဖွားက ခြေတစ်ဘက်လေဖြတ်ထားလို
့လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်မှန်းသိပါတယ်ပြီးတော့
.. ခုံမှာ သွားထိုင်ပြီး ချမ်းချမ်းပေးထားတဲ့ ကောက်ညှင်းနဲ့ ကြက်သားကို ထိုင်စားနေတာမြင်
တော့တအားပီတိဖြစ်သွားတယ် ကိုယ့်စေတနာကို အသိအမှတ်ပြုပြီး စားတဲ့အတွက် လျှုရကျိုးနပ်လို့ ပီတိဖြစ်တာ ဗိုက်တောင်မဆာတော့ဘူး..ငယ်ငယ်တုန်းက ဆရာပြောသလို
“တပည့်မရှား တပြားမ၇ှိ ဆရာဆိုတာ ပီတိကိုစား အားရှိ” တဲ့ တစ်ကယ်ပဲ ကြည်နူးမှူပီတိက ရင်ပြည့်စေတယ်ဆိုတာ ယုံသွားပါပြီ..စိတ်မကောင်းဖြစ်မိတာက ဦးလေးကြီး
ကို စေတနာ သုံးတန်နဲ့ ကျွေးပေမယ့် အဖွားအိုကို စေတနာသုံးတန် ပြည့်အောင်မကျွေးပဲ ချီတုံ ချတုံ ဖြစ်နေလို့ ပါပဲ..ဒါပေမယ့် ကိုယ့်ရဲ့ နှမြောတွန့် တိုတဲ့ မစ္ဆရိယ အကုသိုလ်ကိုတွန်းလှန်ပြီး လျှုရတာမို့ ပီတိတော့ဖြစ်စေပါတယ်..နောက်တစ်ခါ ဘာပဲလျှုလျှု နှမြောတဲ့စိတ် နဲ့ မလျှုဖြစ်ဖို့  ကိုယ့်ကိုယ်ကိုယ် သတိလေးနဲ့ လျှုတတ်အောင်တော့ ကြိုးစားရပါဦးမယ်..
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀လေးပိုင်ဆိုင်နိုင်ပါစေ
လေးစားစွာဖြင့် ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)http://www.haymonchan.blogspot.com

No comments: