Sunday, April 10, 2011

နတ် ဗေဒင်အယူအဆ နဲ့  မြတ်ဗုဒ္ဓအမြင်

ချမ်းချမ်း တို့ ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ မိရိုးဖလာ အယူအဆ နက္ခတ်ဗေဒင် ယတြာ
အတိတ်နိမိတ်ကို ယုံကြည်သူတွေ တော်တော်များများ တွေ့ ရပါတယ်။ နတ်ကိုးကွယ်မှုတွေလဲ
ယခုအချိန်ထိရှိနေတုန်းပါပဲ။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊
အစ္စလာမ်၊ ဟိန္ဒူ ။ဘာသာကြီး လေးခု ရှိပါတယ်။
ခရစ်ယာန်ဆိုရင်လဲ သခင်တော်ယေရှု..
အစ္စလာမ်ဆိုရင်လဲ.အလ္လာအရှင်မြတ် တစ်ပါးတည်းပဲကိုးကွယ်စရာ၇ှိပါတယ်။

မြတ်ဗုဒ္ဓကိုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်အားလုံးဟာရတနာမြတ်သုံးပါအပြင် .
မင်းကြီး မင်းလေး.မမနှဲ ဘိုးတော် မယ်တော် ရိုးရာနတ် အိမ်တွင်းနတ် ဆိုပြီးစုံပလုံနေရောပဲ။
တိုင်းရင်းသား ၈ မျိုး က ကိုးကွယ်စရာ နတ်တွေ ၈ မျိုးတောင်ထွက်လာတယ်နော်။
နတ် နဲ့ ပက်သက်တဲ့အတွေ့ အကြုံ လေးပြောပြမယ်နော်..
အမှားပါရင် ခွင့်လွှတ်ပါလို့  ကြိုတောင်ပန်ပါတယ်..ပြောပြချင်လွန်းလို့  သိစေချင်လွန်းလို့ ပါ.

ချမ်းချမ်း တို့ အိမ်ခေါင်းရင်းမှာ ဖွားနန်းပုတ် ဆိုတဲ့ အသက် ၆၀ ကျော် အက၀ါသနာပါတဲ့ အဖွားတစ်ယောက်ရှိတယ်။
အဖွားက ကားဂိတ်မှာ ထမင်းဆိုင်ဖွင့်ထားတယ်။ရှင်ပြု..ကထိန်ပွဲ မှန်သမျှ အဖွားမပါရင်ပွဲမစည်ဘူးလေ.အဖွားက စိတ်ရင်းကောင်းပေမယ့်.စိတ်ထဲမတည့်ရင် အကုန်ပတ်ဆဲတာအဆဲတော့ ဘာကြမ်းသလဲမမေးနဲ့ ..
ချမ်းချမ်း တို့ ဆို အဖွားကို ဖွားနန်းပုတ် လို့ မခေါ်ဘူး အမေဂျမ်းဝင်စားတဲ့ (ဖွားဂျမ်းပုတ် )
လို့ ပဲ ခေါ်တယ်။တစ်နေ့ ဘုံကျောင်းဘေးက ကနားစီးအိမ်မှာ ၃ရ မင်းကတယ်တဲ့..အဖွားလဲ အဲ့ဒီကနားစီးကိုသိပ်ကြည့်လို့ မရတော့
မြေး နှစ်ယောက်ကို လက်ဆွဲပြီး .ကနားပွဲသွားကြည့်တာ..ဟိုလဲရောက်ရော မြေးနှစ်ယောက်ကို အရှေ့ ဆုံးမှာ ပေးထိုင်ခိုင်းပြီး ဘာမပြောညာမပြောနဲ့ ဝင်ကတာ..ကနေတဲ့ အခြောက် ကနားစီးတွေ လန့် ဖြန့် ကုန်တာတဲ့. နတ်ပွဲမှာက သူတို့ လူအချင်းချင်းပဲ ပူးကြတာများတယ်.အပြင်လူမပူးတော့...အခု တစ်ကယ်ထင်တာပေါ့..ပြာပြာသလဲနဲ့ 
အဖွားကို ..အမေ က ဘာနတ်လဲဟင်ဆိုတော့..ဖွားနန်းပုတ်က ..

ရိုင်းသွားရင်ခွင့်လွှတ်နော်..““ငါအမေဂျမ်းဟဲ့ ..မသာမတွေ .စောက်အလိုက်မသိတဲ့ သားသမီးတွေ ဟင်..ငါ့ကို လက်ဖက်ကပ်စမ်း
ငှက်ပြောသီးနဲ့  အရက်ပါပေး..ဟင် နင်တို့ တွေ ငါ့ကိုခေါ်ဖို့ မေ့နေတယ် နင်တို့ ပထွေး ငမူး ကြက်သမားကျတော့.ကြက်ကောင်လုံးတွေကပ်လို့  ဖေကြီးကျော် ဖေကြီးကျော်နဲ့ ဟင် ငါ့ကိုတော့ ငါးစိမ်းသည်ဆိုပြီး
အဖတ်မလုပ်တာလားဟင် စောက်သုံးမကျတဲ့ သားသမီးတွေ..ဆိုပြီး စိတ်ရှိလက်ရှိ ပတ်ဆဲ လိုက် လက်ထဲက ငှက်ပြောသီးကို
ထိုင်နေတဲ့ လူအုပ်ထဲ ပစ်ပေးလိုက် အရက်သောက်ဟန်ဆောင်လိုက်.လက်ဖက်လေးစာလိုက် နဲ့ စိတ်ရှိလက်ရှိ ပညာပြနေတာ.
ကနားစီးတွေ ချွေးတောင်ပြန်တယ်တဲ့..အေး နောက်နှစ် ငါ့ကို အရင်မပင့်ပဲ နင်တို့ ပထွေး ငမူး ကြက်သမား ကိုအရင်ပင့်ကြည့်
ငါနဲ့ ထပ်တွေ့ မယ်..ငါ့အကြောင်းသိတယ်နော်..အမေဂျမ်းဟဲ့ တစ်ဂျမ်းထဲ ရှိတယ်။
ကနားစီးတွေကလဲ.အမေရယ် နောက်နှစ် ပြန်က ဖို့ သမီးတော် တို့ ကို ဂဏန်းလေးဘာလေးပေးခဲ့ပါလားဆိုတော့..
ဖွားနန်းပုတ်...ကဘာပေးခဲ့လဲဆိုတော့..

၁ နဲ့  ၉ ကြား သတိထား ၀ တစ်လုံး မမေ့နဲ့ 
တဲ့ ..
သေချာပြန်စဉ်းစားရင်
ထွက်မှာ က ၃ လုံး
သတိထားရမှာက ၁ ကနေ ၉ .ထိ
ဝ ကို လဲ..မမေ့ရဘူးဆိုတော့
ဂဏန်း ဆယ်လုံးကုန်ပြီ .ကိုယ့်ဘာသာပတ်ထိုး တော့ .ဘယ်ဂဏန်းပဲထွက်ထွက် ဖွားနန်းပုတ်ပေးတာအမှန်ပဲလေ..
ကဲ..နတ်ကတော်တွေကို ဖွားနန်းပုတ် ပညာပေးလိုက်တာ လှတယ်ဟုတ်။

အဖွားက အသက်ကြီးတော့.ကြာကြာမကနိုင်ဘူးလေ ..မအမေဂျမ်းနတ် တစ်ကယ်မ၀င်ပဲ ကတော့ လူကမခံ နိုင်ဘူးပေါ့။
နောက်တော့ လှဲအိပ်ချလိုက်တယ်.အမေဂျမ်းနတ် ထွက်သွားပြီဆိုတဲ့ သဘော.အမှန်တော့ မကနိုင်တော့လို့ အိပ်ချလိုက်တာ။
ကနားစီးတွေကလဲ..ပြာပြာသလဲနဲ့  ယပ်လေးခပ် ရျုဆေးလေးတေ့ပြိး ပြုစုတာပေါ့..အဖွားသတိဝင်လာတော့
မှင်သေသေ နဲ့  ဟဲ့ ငါဘာဖြစ်တာလဲ ငါ့မြေးတွေရောဆိုတော့...
အဖွားကိုအမေဂျမ်းဝင်ပူးတာလေ..အခုထွက်သွားပြီ.အဖွားမသိဘားလားဆိုတော့.ဟအင်း ငါဘာမှမသိဘူး။
ပြန်တော့မယ်..ဆိုပြီး မြေးနှစ်ယောက်လက်ဆွဲပြီး ပြန်လာခဲ့တယ်တဲ့။

ချမ်းချမ်း က ဖွားဂျမ်းပုတ် ကို ပြန်မေးတာပေါ့နော်..အရက်ကို အဖွားဘယ်လိုသောက်ဟန်ဆောင်ခဲ့လဲဆိုတော့ ..
အဖွားက .အရက်ပုလင်းကို မော့ရင် ကခုန်နေတုန်းမော့တာ လျှာလေးပါ မသိမသာထုတ်ထားတော့အရက်က
အာခေါင်ထဲ မ၀င်ဘူးလေ..ခုန်နေတော့ အကုန်ဖိတ်တာပေါ့။မူးဟန်ဆောင်ပြီးမှ ကနားစီးတွေကို ပတ်ဆဲတာတဲ့.
ဒီခေတ်မှာ..အလှူပဲလုပ်လုပ် ဘာပဲလုပ်လုပ် အနည်းဆုံး ၁၀ သိန်းမကျော်ရင် မပြီးဘူးနော်..
အဲ့ဒီဆယ်သိန်းဆိုတဲ့ ပိုက်ဆံကိုလေ.ဒီခေတ်မှာ တစ်ကယ်သမာအာဇီဝနဲ့  ရှာရင်တစ်ကယ် ရှာရခက်ပါတယ်..
သာမန်လူတန်းစားတွေအတွက် လ နဲ့ နှစ်နဲ့ ချီတောင်၇ှာရတယ်နော်..အကုန်ခံမယ်ဆိုရင်တောင်
တစ်ကယ်မွန်မြတ်တဲ့ အလှူ. မြင့်မြတ်တဲ့ အလှု မှာ အကုန်ခံသင့်ပါတယ်။

အခုခေတ်လူငယ်တွေ..
ဆရာတော် သံဃာတော်များရဲ့ ကျေးဇူးတော်ကြောင့် ဘာသာရေးအသိတွေ
ဘာသာရေးဗဟုသုတစာပေတွေ လေ့လာခွင့် မှတ်သားခွင့်ရလို့  အစိမ်းသေ ပြိတ္တာ နတ် တွေ ကို တော်တော်များများ အယုံအကြည်မရှိတော့ပါဘူး။ဒါပေမယ့် တစ်ခါတစ်လေ လူငယ်တွေ ၇ဲ့ အတွေးအခေါ်နဲ့ ခံယူချက်တွေကို လူကြီးတွေက
လက်မခံတာများတယ်။စော်ကားတာတော့မဟုတ်ဘူးနော်.
ရှေးခေတ်က အဖိုးအဖွားတွေဟာ အတန်းပညာသင်ကြားခွင့်မ၇ သိပ္ပံ ပညာသင်ခွင့်မရတော့ လမှာ ယုန်ကလေးနဲ့ အဖိုးအို ဆန်ဖွတ်နေတယ်တဲ့ ..ကမ္ဘာကြီးကို Google ကနေမကြည့်ဖူးတော့ သူတို့ အတွက် ကမ္ဘာကြီးဟာ ပြားနေလိမ့်မယ်။
နေမှာလဲနေမင်းကြီးကိုစောင့်ေ၇ှာက်တဲ့ နတ်ရှိတယ်တဲ့ အပူချိန် သန်း ၂၀၀ ကျော်တောင်ရှိနေတဲ့ ဒီအပူလုံးကြီးကို အဲ့ဒီနတ်က
အပူခံပြီးစောင့်ပေးမတဲ့လား..
ဘုရားဟောတာမှန်တယ်မမှန်ဘူးယုတ္တိရှိတယ်မှရှိဘူးဆိုတာကို သိပ္ပံပညာနဲ့ အစမ်းသပ်ခံနိုင်တယ်နော်..
ဘယ်အချိန်ဘယ်ကာလမဆိုမပြောင်းလဲပဲအမြဲမှန်ကန်ပေမယ့်.ေ၇ှးလူကြီးတွေ ရဲ့ အယူအဆတိုင်းကို ဘုရားဟောနဲ့ ကိုက်ညီတယ်ဆိုမှ
သိပ္ပံ ပညာနဲ့ တိုက်ဆိုင်တယ်မှ ယုံသင့်ပါတယ်။
အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ) ဟောထားသလိုပေါ့ ဘုရားဟောထက် ဗေဒင်ဟော နတ်ဟောတာကိုယုံရင်
ကုသိုလ်မဖြစ်ပဲ အကုသိုလ်ဖြစ်ပါတယ်။

ရှေးခေတ်မြန်မာ အယူအဆတော်တော်များများ ဟာ ယုတ္တိ ယုတ္တာမရှိတာတွေအများကြီးပါပဲ။
ဈေးသုံးလဲမလွယ်နှင့် ရှေးထုံးလဲမပယ်နှင့်တဲ့..ဈေးသုံးမလွယ်နှင့်ကို လက်ခံနိုင်ပေမယ့်..ယုတ္တိမရှိတဲ့ရှေးထုံးအချို့ ကို
လူငယ်တွေပယ်သင့်နေပြီလို့ ထင်ပါတယ်။

ချမ်းချမ်းကိုတစ်မျိုးလုံးက ကြည့်မရတာသူတို့ နဲ့ ဆန့် ကျင်ပြီးခံပြောလို့ ပါပဲ..

ချမ်းချမ်းတို့  မွန်လူမျိုးတော်တော်များများ မှာ မွန်ရိုးရာနတ်တွေ ယူကြရတယ်.အိမ်တိုင်းလိုလိုပါပဲ..
အဲ့ဒီရိုးရာနတ်တွေ ကိုမယူတဲ့ အိမ်ပဲ တစ်ကယ့်မကောင်းဆိုးဝါးတွေ တွေရှိနေသလိုလိုပဲ..မတင့်တယ်သလိုပဲ.
ချမ်းချမ်းတို့ ဖိုးဖိုးအသက် ၇၀ ကျော်အချိန်ထိ အိမ်မှာမွန်ရိုးရာနတ်မထားပါဘူး အဖိုးလဲမယုံဘူး။နတ်မရှိတော့ပိုက်ဆံအပိုမကုန်ဘူးလေ။
နောက်တော့ဖိုးဖိုး နေမကောင်းလို့ အိပ်ရာထဲလဲတော့.တစ်မျိုးလုံးက ရိုးရာနတ်မယူလို့ ခိုက်တာတဲ့.ဗေဒင်မေးတော့လဲ
အိမ်တွင်းနတ်မရှိလို့ တဲ့.အဲ့ဒါနဲ့  ဘိုးဘိုးလဲ အမျိုးတွေပြောတာယုံပြိး ထိုင်တဲ့ နတ်ယူလိုက်ပါတယ်။အမှန်တော့အသက်ကြီးလို့ နာတာ၇ှည်ရောဂါဖြစ်တာပါ။.

နတ်မှာတောင် ကတဲ့ နတ် နဲ့  ထိုင်တဲ့နတ် ၂မျိုး၇ှိပါတယ်။
ကတဲ့နတ် ကျွေးတဲ့အခါ ၃ရ မင်းလိုပဲဆိုင်းဝိုင်းတွေနဲ့ သီချင်းတွေနဲ့ သေချာကျွေးရတာ။ နတ်ပွဲ မှာ သားသမီးမြေးမြစ်တွေ အကုန်သွားရတယ်.ထိုင်တဲ့ နတ်နဲ့ က တဲ့ နတ်ကိုကျွေးရင် အဓိက ကျွေးရတာက လိပ် သား နဲ့ အရက်ပါ။
လိပ် က ရှာရတာခက်တော့ နတ်မက ခင်ကတည်းက ကြိုဝယ်ရပါတယ်။ဈေးလဲတော်တော်ကြီးတယ်။
နတ်က တဲ့ နေ့ မှာ လိပ်ကို အိုးထဲထည့်ပြီးအပေါ်က မရုန်းနိုင်အောင် ကျောက်ပြင် နဲ့ ဖိထားပါတယ်
.လက်လေးခြေလေးတွေထွက်အောင်လို့ အလေးနဲ့ ဖိထားရတယ်။ပြီးရင် ရေထည့်ပြီး မီးဖိုပေါ်တင်တာဗျ။လိပ်ကလေးခမျာ ရုန်းလို့ ကလဲမရ
အပေါ်ကဖိထားတဲ့ ကျောက်ပြင်ကလဲ လေး .ရေကလဲတဖြည်းဖြည်းပူလာတော့ ကိုယ်ချင်းစာကြည့်ပါဦး
လိပ်လေးခမျာ ဘယ်လောက်ထိများ ခံရခက်မလဲဆိုတာ။

အဲ့ဒီနတ်တွေသာ စိတ်ကောင်း၇ှိရင် ကိုယ်ချင်းစာစိတ်ရှိရင် သတ်သတ်လွတ် စားသင့်တယ်.အရက်နဲ့  အာလူးကြော်ဆိုတော်ပြီပေါ့.။
အခုတော့ပေါက်ပေါက်ရှာရှာ လိပ်သား တဲ့ သူတို့ ကို ပူဇော်ဖို့ သတ်ရတဲ့လူတွေမှာ အကုသိုလ် ဖြစ်ရော။
ဘယ်မှာလဲကောင်းကျိုး။ ချမ်းချမ်းတစ်မျိုးလုံးနဲ့ မတည့်တာ လူကြီးတွေကိုပြန်ပြောလို့ သူတို့ စကားနားမထောင်လို့ လေ..
အဲ့ဒီရိုးရာနတ်တွေကို သားယောင်္ကျားလေးက အမွေဆက်ခံရပါတယ်။
သမီးမိန်းကလေးကဆက်ခံစရာမလိုတော့ ချမ်းချမ်းအာခံလို့ ရတယ်လေ.
ဒါ့ကြောင့် နတ်တွေ ရဲ့ အတင်းကိုပြောရဲတာ အဟီး..
အမျိုးတွေရဲ့ ချဉ်ပတ်တော် .၇ွာသူလေး(ချမ်းချမ်း)ပါ။
..........
နောက်ထပ်အကြောင်းအရာလေးက ဗေဒင်နဲ့ ပက်သက်တာပါ။ဗေဒင်ဝါသနာပါတဲ့ ညီမလေးတွေ မမတွေ မှတ်သားဖို့ ပါ။

ဘုရားရှင်လက်ထပ်က ကောသလမင်းကြီး ဟာ ညသန်းခေါင်းယံအချိန်မှာ ဒု၊ သ၊ န၊ သော၊ ဆို တဲ့ အသံ ကြီး လေးမျိုးကို
ကြားလိုက်တဲ့အခါ မင်းကြီးဟာ အသက်ဘေးကိုကြောက်လို့ နန်းတွင်းက ပုရောဟိတ်ပုဏ္ဍား ကိုမေးတော့
ပုဏ္ဍားတွေက အတိတ် နိမိတ်ကောင်းအောင် ဘုရင်ကြီး အသက်ရှည်အောင် ယတြာချေတဲ့အနေနဲ့ ယဇ်ပူဇော်ရမယ်လို့ ဟောတော့
လူတွေနဲ့ တိရိစ္ဆာန် တွေကို သတ်ဖို့ ပြင်ဆင်ပါတယ်။
အဲ့ဒီအချိန်မှာ ဘုရား၇ှင်ကို ယုံကြည်ကိုးကွယ်တဲ့ မလ္လိကာ မိဘုရားက “အလုံးစုံ သိမြင်တော်မူတဲ့ ဘုရားရှင် ၇ှိပါရက်နဲ့ 
ပုဏ္ဍားတွေရဲ့ စကားကို နားထောင်ဖို့ မလိုပါဘူး ဘုရားစကားသာ နားထောင်ရမယ်လို့  ပြောပြီး ကောသလ မင်းကြီးကို
ဘုရားရှင် ထံ ခေါ်သွားပါတယ်။
ဘုရား၇ှင်ထံ ရောက်တော့ ဘုရားရှင် က “မင်းကြီးအသက်အန္တရယ် စိုးရိမ်စရာ မရှိကြောင်း မင်းကြီး ကြားရတဲ့အသံတွေဟာ
လောဟကုမ္ဘီငရဲက သူတစ်ပါးသားမယားကိုဖျက်ဆီးတဲ့ ငရဲသားလေးဦး ရဲ့ အသံဖြစ်ကြောင်းပြောပါတယ်”
တစ်ကယ်လို့ များ ဗေဒင်ဆရာရဲ့ စကားကိုယုံပြီး လူတွေ တိရိစ္ဆာန်တွေကို ယဇ်ပူဇော်ရင် ပါဏာတိပါတာ အကုသိုလ်
ထပ်ဖြစ်ရဦးမယ်။ ကဲ..ဘု၇ားစကားနဲ့  ဗေဒင်စကား ဘယ်စကားယုံသင့်လဲဆိုတာ စဉ်းစားနော်။

ချမ်းချမ်း အမြဲလုပ်နေတဲ့ အဓိဌာန်ယတြာလေးတစ်ခု လက်ဆောင်ပေးမယ်နော်...
ချမ်းချမ်း သိတတ်တဲ့အရွယ်ကစပြီးအခုအချိန်ထိ ဘုရား ရိပ်သာ စေတီ ဘုန်းကြီးကျောင်း ဘယ်နေရာကိုပဲသွားသွား
တံမျက်စည်းလှဲ.အမှိုက်ကောက် ကုဋီဆေးတဲ့ သန့် ၇ှင်းရေး ကုသိုလ်အမြဲလုပ်တယ်.
မအားရင် အမှိုက်လေးတော့ ရအောင်ကောက်ပြီးမှပြန်တယ်.
အခက်အခဲတစ်ခုခုကြုံလာရင် ကိုယ့်ဘာသာအကောင်းဆုံးနည်းလေးစဉ်းစာပြီးဖြေ၇ှင်းတယ်။မရတော့ဘူးဆိုရင်
ဗေဒင်မမေးဘူး ကိုယ်လုပ်ထားတဲ့ကုသိုလ်လေးကို အာရုံပြုပြီးဆုတောင်းတယ်။
အမှန်တစ်ကယ်ကိုယ်ပြုထားတဲ့ကုသိုလ်လေးပဲ အားကိုးစရာရှိတာလေ။
ဗေဒင်မေးရင် ဟိုအညွန့် ဒီအ၇ွက် ဟိုအကိုင်းဒီအကိုင်းတွေ ထက် ကိုယ်ပြုထားတဲ့ကုသိုလ်က ပိုမြင့်မြတ်တယ်။

မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်းစာအုပ်လေး မှ မှတ်သားစရာစာစုလေးကိုပြန်လည်မျှဝေပေးပါ့မယ်။
ဖတ်ဖူးတဲ့သူတွေလဲ မှတ်မိအောင် ထပ်ဖတ်ပေါ့နော်။

ဗုဒ္ဓလက်ထက်တော်ကဗေဒင်ကိုယုံလို့ ပျက်စီးရတဲ့ မိသားစုအကြောင်းလေးပါ။
မြတ်စွာဘုရား၇ှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးစဉ်အခါက.
သာဝတ္ထိမြို့ မှာနေတဲ့  အမျိုးသမီးတစ်ယောက်ကို ဇနပုဒ်တစ်ခု၌ နေသော ဆွေမျိုးမိဘများက မိမိတို့ သားအတွက်
စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာရက်သတ်မှတ်ကာ နေရပ်သို့ ပြန်လာခဲ့ပါတယ်။
နေရပ်ကိုရောက်တော့ မိမိတို့ ကိုးကွယ်ဆည်းကပ်တဲ့  ဗေဒင် နက္ခတ်ဆရာ အာဇိဝက ကိုသတ်မှတ်လာတဲ့
မင်္ဂလာနေ့ ရက်ကောင်းမကောင်းမေးပါတယ်။ အဲ့ဒီအခါမှာ အာဇီဝက က အစကတော့မမေးဘဲ သူတို့ စိတ်ကြိုက် ရက်သတ်မှတ်ပြီးမှ
ငါ့ကိုလာမေးကြတယ်လို့ အမျက်ဒေါသထွက်ပြီး မင်္ဂလာပွဲ ပျက်စေဖို့  ...

““၄င်းနေ့ရက်သည်နက္ခတ်မကောင်းကြောင်း လက်ထပ်မင်္ဂလာပွဲ ပြုလုပ်လျှင် ကြီးစွာသောပျက်စီးခြင်းနှင့်တွေ့ ကြုံ ကြလိမ့်မည်””
ဟု ဟောကြားလိုက်ပါတယ်။
အာဇီဝက ရဲ့ စကားကိုယုံကြည်ကြတဲ့ သတို့ သားမိဘတွေ က သတ်မှတ်ထားတဲ့ မင်္ဂလာနေ့ ရက်ရောက်တော့
သတို့ သမီးရှိတဲ့ နေရာကိုမသွားတာ့ပါဘူး.။တစ်ဖက်ကလဲ သတို့ သားအလာကိုမျှော်နေ၇ှာတာပေါ့.
သတို့ သားမလာမှန်းသိတော့မှ မင်္ဂလာပွဲ ကို အပျက်မခံစေချင်လို့ တခြားအမျိုးသားတစ်ယောက်နဲ့ ပေးစားလိုက်ပါတယ်။
နောက်ရက်မှ သတို့ သားမိဘတွေပြန်သွားကြတော့ အမျိုးမြတ်ပြီး ဥစ္စာပေါ.ရုပ်ချော လိမ္မာတဲ့ ချွေးမ မရတော့ဘဲနဲ့  သာဝတ္တိမြို့ သားတွေနဲ့ 
ခိုက်ရန်ဖြစ်ပြီးပြန်လာခဲ့ရပါတယ်။

““နက္ခတံ ပဋိမာနေန္တံ၊
အတ္ထောဗာလံ ဥပစ္စဂါ ၊
အတ္ထော အတ္ထဿနက္ခတ္တံ၊
ကိံကရိဿန္တိတာရကာ။
နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကိျုးချမ်းသာများက
လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကိုစလုပ်သောနေ့ သည်ပင်
ကောင်းသောနက္ခတ်ဖြစ်သည်။ကောင်းကင်မှာသွားလာနေသော နက္ခတ်ကြယ်တာရာများသည်
အဘယ်အကျိုးစီးပွါးကိုမှ ပြီးမြောက်အောင်ဆောင်ရွက်ပေးနိုင်လိမ့်မည်မဟုတ်။
(ဧကနိပါတ်၊ နက္ခတ္တဇာတ်)

ဘုရားဟောတာထက် ဗေဒင်ဟောတာယုံကြည်သူတွေ၊နမန္တာကျမ်းကို ယုံသူတွေ ဒီခေတ်မှာတော်တော်များများပါတယ်၊
တစ်နှစ်တစ်ခါထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာ ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ တစ်ယောက်လက်တစ်ယောက်ကမ်းနေတာ
မြင်တယ်မဟုတ်လား။ မြတ်စွာဘုရားက နတ်၊ ဗြဟ္မာများရဲ့ ခန္ဓာကိုယ်ဟာ ကမ္မဇရုပ်တွေချည်းမို့ သေလျှင်မီးတောက်သဖွယ်ပျောက်ကွယ်သွားတယ်လို့ ဟောပါတယ်။
မြန်မာပြည်ကရှေးရိုးရာ ဗေဒင်ဆရာတွေရဲ့ ဗြဟ္မာခေါင်းပြတ်ကြီးကအခုချိန်ထိမပုတ်သေးဘူး၊
မြန်မာပြည်က အသိညဏ်မရှိတဲ့ သူတွေ ဦးနှောက်မ၇ှိတဲ့ သူတွေ ကယုံကြည်လက်ခံနေသရွေ့ ပုတ်မှာမဟုတ်ဘူး။

ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို အဓိကထားတယ်၊မြတ်စွာဘုရားက ကုသိုလ် အကုသိုလ် ကို အဓိကထားတယ်၊။
ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထားပြီးထူးတယ်၊ မြတ်စွာဘုရားက သမ္ပတ္တိလေးပါ ကို အဓိကထားထူပါတယ်၊
ကဲ..မဆန့် ကျင်ဘူးလား..မြတ်ဘုရားနဲ့ ဆန့် ကျင်တာကိုယုံလျှင် ဘုရား တရား ကိုမယုံကြည်ရာ မရိုသေရာကျပါတယ်၊
မြတ်စွာဘုရား၇ှင်ဟောတာက
“သဗ္ဗေကမ္မသကာသတ္တာ၊
ကမ္မံသတ္တေ၀ိဘဇ္ဇတိ”..တဲ့ 

နဂါးခံတွင်းကျရင် ပျက်စီးတယ်မပါ
မသာကိုစုံချရင် တစ်လောင်းနှင့်ကိစ္စမပြီးတာမပါ
မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ ပျက်စီးတာမပါ
အိမ်တိုင်ထူတာနက္ခတ်မကောင်းရင် ပျက်စီးတာလဲမပါ
ဓမ္မာသောက အင်းဝရာဇာကျလို့ အိမ်ထောင်ရေးပျက်စီးတာလဲမပါ
သားဦးစနေ မီးလိုမွှေတာလဲမပါ၊
တနင်္ဂနွေ၊တနင်္လာ ၊အင်္ဂါဆိုတာ မှတ်မိလွယ်အောင် သတ်မှတ်ထားပညတ်သင်္ကေတတွေပါ။
လူကိုကံကောင်းအောင် ကံဆိုးအောင် မလုပ်နိုင်ပါဘူး။
အဓိကလုပ်နိုင်တာက ကုသိုလ် ကံ နဲ့ အကုသိုလ် ကံတွေပါပဲ
ကုသိုလ်ကသာ လူကိုကံကောင်းအောင် လုပ်ပေးနိုင်တယ်
အကုသိုလ်ကံ ကလူကို ကံဆိုးအောင် လုပ်ပေးနိုင်ပါတယ်။
ဒါ့ကြောင့်မို့ လို့ ..အကုသိုလ် ဆိုရင် မြွေဆိုး ကင်းဆိုးလို တွေ့ ရင် ဝေးဝေးကေ၇ှာင်သလို
ကုသိုလ်ဆိုရင် .၇တနာကဲ့သို့ တန်ဖိုးထားပြီး များများရအောင် စုဆောင်းမှ..
ရတာနာသုံးပါးကိုတစ်ကယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်လာမှပါ.

(ကချင်ပြည်နယ် နမ္မားမြို့ ၊မင်္ဂလာရာမကျောင်းဆရာတော်၊ ဦးညာဏ၏ တရားစစ်တမ်းဆွေးနွေးခန်းစာအုပ်မှ မျှဝေတာပါ)

**၇တနာမြတ်သုံးပါးကိုစွန့် ပြီး တခြား ဘိုးတောာ် မယ်တော် ရိုးရာနတ်တွေကို ကိုးကွယ်လိုက်လျှင် သရဏဂုံပျက်ပြီး
ဗုဒ္ဓဘာသာဝင်အဖြစ်က အလိုလို ပျက်သွားပါတယ်။**

**ရတနာမြတ်သုံးပါးကိုလဲ ကိုးကွယ်တယ်.ဘိုးတော် မယ်တော် နတ်စိမ်းတွေကို လဲ ရောပြီးကိုးကွယ်လျှင်တော့
ကပြားဗုဒ္ဓဘာသာဝင် ဖြစ်သွားပါတယ်.**

**ရတနာမြတ်သုံးပါး ကိုသာကိုးကွယ်ပြီး ဘုရားဟောနဲ့ အညီ ကုသိုလ်ဆောင်ပြီး အကုသိုလ်ေ၇ှာင်တဲ့  သူတွေကိုသာ“
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်ပါတဲ့..**
.............................................................................................

ကဲ..သူငယ်ချင်းတို့ ရော..ဘယ်လို ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ချင်လဲ...

ဘ၀မှာ ..ဘာမဆို..အကောင်းဆုံးဖြစ်အောင်လုပ်ပါ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အကောင်းတော့ဖြစ်မှာမို့ 
တို့ တွေ အားလုံး ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဒေါင်ဒေါင်မြည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်အောင်
အကုသိုလ်ေ၇ှာင်ပြီး ကုသိုလ်တွေ များများဆောင်နိုင်အောင် ကြိုးစားကြမယ်လေ နော်.
ဒါမှ ဗုဒ္ဓဘာသာဝင်ဖြစ်ရကျိုးနပ်မှာလေဟုတ်တယ်ဟုတ်..

အားလုံးစစ်မှန်တဲ့ ပျော်၇ွှင်ငြိမ်းချမ်း မှုတွေ ရ၇ှိနိုင်ပါစေလို့ ဆန္ဒပြုလျှက်

Post....By......ချမ်းချမ်း(၇ွာသူလေး) 1:25 PM . http://www.haymonchhan.blogspot.com
.....................................................................
ကိုကြီးကျော်ကို ယုံတဲ့ သူတွေက ဒီလောက်တောင် ခန်းခန်းနားနား Re mixတွေ နဲ့ ချီးမြှောက်နေတာတောင်
နာဂစ် တုန်းက ပြည်သူတွေ ကိုငဲ့ပြီး မကာကွယ်ပေးဘူး.ငလျှင်လှုပ်တာလဲ..မတားပေးဘူးနော်..
တန်ခိုးကြီးတယ်ဆို ပြည်သူတွေကို မစတယ်ဆို..
ခုတော့..

4 comments:

ဥယျာဉ်မှူးလေး said...

သိစေလိုတဲ့ အကြောင်းရာတွေနဲ့ပတ်သက်ပြီးတော့မှတ်သားထိုက်တဲ့ စာတစ်ပုဒ်ပါပဲ။ ချမ်းချမ်း၊.....
ဗဟုသုတရော၊ မှန်ကန်စွာ ကိုးကွယ်တတ်ဖို့ရော သိမြင်လိုက်ပါတယ်။

သူငယ်ချင်းတွေကို မျှဝေခွင့်ပြုပါ။

ဗုဒ္ဓအမြင်တွေကို အများမြင်သိအောင် ဆက်လက်ရေးသားနိုင်ပါစေ.....ဟု ဆန္ဒပြုလျှက်...........
(ဥယျာဉ်မှူးလေး)

သူငယ်ချင်း said...

အစ်မ အားပေးပါဆိုလို့ အခုရေတောင်မချိုးရသေးဘူး လာဖတ်တာလေ မှတ်သားထိုက်တဲ့ စာလေးတွေပါ။ ကျွန်တော်သိတဲ့နတ်ကတော့ အကုန်အကျ သက်သာတယ် သိလား... ခရမ်းသီးမီးဖုတ်ရယ် ထမင်းဖြူရယ် အဲ့ဒါနဲ့တင်ရတာ ဘာနတ်လဲတော့ သိဝူးးး

Anonymous said...

Jurong West မှာခုအိမ်ရှင်က၃၇ကောင်ထဲကဘာကောင်ကိုဆက်တာလဲတော့မသိMarlboroဘူးမပြတ်ဆက်တာ...ထူးဆန်းတာကဆေးလိပ်ကုန်ကုန်သွားတာ???ကျနော်ယူယူသောက်တာ...ဟီးဟီး

a_cute_blogger said...

အမှတ်မထင်ပဲ ဒီစာမျက်နှာပေါ်ရောက်ခဲ့ပါတယ်။ အမှားအယွင်းတခုကိုပြင်ဆင်ခွင့်ပြုပါ။ ခရစ်ယာန်ဘာသာရဲ့ ကက်သလစ်၊ အင်္ဂလီကန်ကျောင်းတော်တို့ ရဲ့ ယုံကြည်ရာထဲက ရဟန္တာသူတော်စင် (saint) တွေဟာ နတ်ကိုးကွယ်မှုနဲ့ တနည်းတဖုံဆင်တူပါတယ်။ အချို့ saint တွေဟာ ဂရိ၊ရောမ နတ်ဘုရားတွေကို ခရစ်ယာန်theologyနဲ့ ကိုက်ညီအောင်ပြုပြင် ထားတာဖြစ်တယ်လို့ scholar တွေကဆိုပါတယ်။ထို့နည်းတူ Sts Barlaam & Josaphat လို့ ပွဲတော်နေ့ တခုတည်းမှာ ခရစ်ယာန်ကျောင်းတော်အချို့ က အောက်မေ့ကျင်းပတဲ့ ရဟန္တာသူတော်စင်နှစ်ပါးအနက် St Josaphat ဟာ ဗုဒ္ဓရဲ့ဘ၀စဉ်ကို ခရစ်ယာန်အယူဝါဒနဲ့ ကိုက်ညီအောင် ပြုပြင်ထားပြီး ကိုးကွယ်ထားခြင်းဖြစ်တယ် ဆိုတာ အထောက်အထားရှိပါတယ်။ (မိမိဟာ ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး ဗုဒ္ဓနဲ့ ဖော်ပြပါ St Josaphatတို့ အသွင်နှစ်မျိုးနဲ့ တပါးတည်းဖြစ်တယ် လို့ လက်ခံတဲ့ အလျောက် St Josaphat အဖြစ် ဗုဒ္ဓကို ခရစ်ယာန်liturgy အရ ဆုတောင်းလေ့ရှိပါတယ်။)