Friday, July 19, 2013
♫♥✿* အာဇာနည်မျိုးချစ်စိတ်ဆိုတာ♫♥✿*
ဒီနေ့ ဖေစ့်ဘုတ်နဲ့ အင်တာတက်ပေါ်က စာမျက်နှာတော်တော်များများမှာ မျိုးချစ်အာဇာနည်တော်တော်များများ က မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့
ခေါင်းဆောင်တွေကို အလေးပြုကြတာမြင်တော့ ၀မ်းသာမိတယ်.
..ကျွန်မတို့ မြန်မာနိုင်ငံသူ့ ကျွန်ဘ၀အောက် ကို နှစ်၁၀၀ လုံးကျရောက်နေတဲ့ အချိန်မှာ ကျွန်မတို့ ဘိုးဘွားဘီဘင်တွေအတွက်တော့
လောကငရဲပေါ့..နှိပ်စက်မှုမျိုးစုံကြားမှာ အလူးအလဲခံနေရတဲ့ ဘ၀ကိုငါတို့ သာဆိုရင်ဆိုတဲ့စိတ်လေးနဲ့ 
 လေးလေးနက်နက်တွေးမိပါသလား
သူ့ ကျွန်ဘ၀က လွတ်ဖို့ ရရာလက်နက်စွဲပြီး အသက်ကိုစွန့်  တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုယ့်ရဲ့ ရှေးအဆက်ဆက်က အဘိုးတွေ အဘွားတွေကိုရော သတိရပါသလား.ကျဆုံးသွားတဲ့ အာဇာနည် တွေဟာ ကိုယ်ချစ်တဲ့ ဖခင် ...အစ်ကို..ခင်ပွန်း ...ချစ်သူ တစ်ယောက်ယောက်များဖြစ်နေခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ၀င်မိပါသလား..တစ်ကယ်လို့ သင်ကိုယ်တိုင် သူတို အပေါ် ကိုယ်ချင်းစာစိတ်လေး
.ကျွန်မတို့ တွေ အခုလို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်
ဘာသာ အဖြစ် လွတ်လပ်စွာ ရပ်တည်နေနိုင်ဖို့  ကျွန်မတို့ ရဲ့ ရှေးအဆက်ဆက်က သူရဲကောင်း ဘိုးဘိုး ဘွားဘွားတွေ ဘ၀နဲ့ ရင်း
ပြီးပေးဆပ်ခဲ့ရတာပါပဲ.. သူတို့ တွေက လူသာ သေသွားတာ  ရာဇ၀င်မသေဘူး.ခန္ဓာ ကိုယ်သာ
ပုတ်သွားတာ နာမည်တစ်လုံးတော့ မပုတ်သွားဘူး...အခုကျွန်မတို့ တွေ အသက်ရှင်နေတဲ့ အချိန်မှာရော..ကျွန်မတို့ ရဲ့ နောင်လာမယ့်
Generation လေးတွေအတွက် ကိုယ်ကဘယ်လို နာမည်မျိုး ချန်ထားခဲ့ချင်လည်း..
အမှန်တစ်ကယ် အာဇာနည်ပုဂ္ဂိုလ်တွေအပေါ် လေးစားကြည်ညိုပြီး ကျေးဇူးဆပ်ချင်တဲ့သူတွေကကိုယ့်စိတ်ကိုကိုယ်ပြန်မေးကြည့်ပါလား
ပြီးရင် လက်တွေ့ လေး လုပ်ကြည့်ပေါ့.....
ကျွန်မ စိတ်ထဲက ခံယူချက်နဲ့  အတွေးအမြင်လေးတစ်ခု ပြောပြချင်ပါတယ်...လက်ခံတယ် လက်မခံဘူးဆိုတာက စာဖတ်သူတွေသဘောပါ
လူချင်းတူပေမယ် စိတ်ချင်းမတူဘူးလေ...ကျွန်မဖြစ်စေချင်တာက...အခုခေတ်လူငယ်တွေ ဘ၀တန်ဖိုး ဘာသာတန်ဖိုး မြန်မာနိုင်ငံရဲ့ တန်ဖိုး
သိစေချင်တယ်..ဘာလို့ လဲဆိုတော့ ဒီအရာတွေအားလုံးဟာ လွယ်လွယ်နဲ့ ရလာခဲ့တာ မဟုတ်လို့ ပါ....
အာဇာနည် ဘိုးဘိုးတွေလို  အသက်ပေးပြီး ကာကွယ်ဖို့ မလိုဘူး...အသိပေးပြီး ကာကွယ်ရင်ပဲ..လုံလောက်ပြီး...ဒါဆိုရင် အသက်ပေးသွားတဲ့
တမလွန်က အာဇာနည်တွေ သူတို့ ကို သူတို့ အသက်ပေးရကျိုး နပ်ပြီလို့ ဝမ်းသာပီတိဖြစ်စေချင်လို့ ..
အသိပေးပြီး ကာကွယ်ရမှာက သိပ်မခက်ပါဘူး...အကြမ်းဖျင်းတော့..
(၁) ကိုယ့်ကြောင့် ကိုယ့်မြန်မာနိုင်ငံကို တခြားနိုင်ငံတွေက အထင်သေးစရာဖြစ်အောင်မနေဖို့ ...
ဆိုလိုတာက..အခုဆိုရင်...တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ..ချစ်ကြည်ရေးအဖြစ် အလုပ်လုပ်ခွင့် စီးပွါးရေး လုပ်ခွင့် လည်ပတ်သွားလာခွင့်တွေ ရှိခဲ့ပြီမို့  ကိုယ့်နိုင်ငံက
သူတို့ တွေ လာလည်တဲ့အခါ..ကိုယ့်ဘက်က စပြီး ကိုယ်ကျင့်တရား မပျက်စီးဖို့ အရေးကြီတယ်..တစ်လောက သတင်းလေးတစ်ခု ဖတ်လိုက်ရတယ်..ပုဂံမှာ
ဘူရားဖူးတဲ့ နိုင်ငံခြားသားနှစ်ယောက်ကို ရိုက်နှက်ပြီး ပစ္စည်းတွေလုသွားတယ်တဲ့..စိတ်တော်တော်မကောင်းဖြစ်ရတယ်..သူတို့ တွေ သူတို့ နိုင်ငံ ပြန်ရောက်လို့ 
ဒီအကြောင်းတွေ ပြန်ပြောကြရင် တရားခံ နှစ်ယောက်ကို နာမည်တပ်ပြီးမပြောပါဘူး...မြန်မာနိုင်ငံ နာမည်တပ်ပြီးပြောမှာနော်...ဘယ်သူ သိက္ခာကျလဲ..
နိုင်ငံ သိက္ခာကျတယ်..မြန်မာနိုင်ငံမှာ လူဆိုးသူခိုးတွေ တယ်ပေါသကိုးလို့ ပြောကြမှာ..တို့ အာဇာနည်တွေ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ အသက်ပေးခဲ့တာ..သူခိုး
ဂျပိုးနိုင်ငံ ဖြစ်ဖို့ လားဟင်..သူတို့ တွေအသက်သွေးချွေးရင်းပြီး ပေးဆပ်ခဲ့တာ ဒီလိုအပြောခံရမယ်ဆိုရင် တော်တော်ဝမ်းနည်းနေလိမ့်မယ်...နောက်တစ်ချက်က
ပြည်ပမှာ အလုပ်လုပ်ခွင့်ရတဲ့ မြန်မာလူမျိုးတွေ အတွက် သတိထားရမှာက ကိုယ်ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သူတစ်ယောက်ပါ...ကိုယ်အလုပ်လုပ်တဲ့ သူဌေး
နဲ့  သူတို့ လူမျိုးတွေ ကြားမှာ ကိုယ်ကျင့်တရားနဲ့ သိက္ခာကို ထိန်းသိမ်းဖို့ ပါ..ကိုယ်ခိုးရင် ကိုယ့်နာမည်မတပ်ပါဘူး..မြန်မာလူမျိုးဆိုပြီး နာမည်တပ်ပါတယ်..မြန်မာ နိုင်
ငံမှာ လူမျိုးပေါင်းစုံရှိတာလဲ သူတို့ မသိဘူး..သူတို့ သိတာ မြန်မာပြည်က လာရင် မြန်မာပဲ...ဒါ့ကြောင့် အလုပ်အပေါ်မှာ ရိုးသားကြိုးစားဖို့ လိုပါတယ်....ဒါဆိုရင်
သင်ဟာ မြန်မာနိုင်ငံကို အသိပေးပြီး ကာကွယ်ရာ ရောက်ပြီ...
(၂) ကိုယ့်ကြောင့် ကိုယ့်လူမျိုး ဂုဏ်မညှိုးဖို့  ကိုယ့်လူမျိုး အချင်းချင်း စောင့်ရှောက်ကာကွယ်ဖို့ ပါ..
ဆိုလိုတာက...ကျွန်မတို့ မြန်မာနိုင်ငံမှာ လူမျိုး ပေါင်းစုံဘာသာပေါင်းစုံ နေကြတဲ့အတွက်..ဓလေ့ထုံးစံ တော့ မတူကြပါဘူး..လူတိုင်းကတော့ ကိုယ့်လူမျိုး
ကိုချစ်ကြတာချည်းပဲ....ကိုယ့်လူမျိုးကို ချစ်တတ်ကြပေမယ့် မကာကွယ်တတ်ကြဘူး..မြေမြိုလို့  လူမျိုးမပျက်..လူမျိုမှလူမျိုးပျက်တယ် စကားကကျွန်မ အမြင်လေးပါ..
အခုခေတ်အွန်လိုင်းပေါ်က မျိုးချစ်ပုဂ္ဂိုလ်တော်တော်များများက အမျိုးဘာသာ စောင့်ရှောက်ရေးတရားဟောတာ အိပ်ပေါက်နဲ့ ဖားကောက်သလို
 ပါပဲ....ကိုယ့်လူမျိုးရဲ့ အားနည်းချက်ကို အရင်မပြင်ပေးပဲ...ဘာသာခြားဆိုင်မှာ မ၀ယ်ဖို့  ဘာသာခြားကို  လက်မထပ်ဖို့  မွတ်စလင်
မကောင်းကြောင်း တရုတ်မကောင်းကြောင်း တွင်တွင်အော်နေလို့  ပါ..သက်သေပြပါ့မယ်..
.လက်ရှိ ကျွန်မတို့ မြို့ လေးမှာ နေထိုင်တာက မွန် ကရင် ဗမာ တရုတ် မွတ်စလင် ဟိန္ဒူ ပါ..တစ်နှစ်နေလို့ မွန် ကရင် ဗမာ တိုင်းရင်းသားအမျိုးသမီးတွေ တရုတ် မွတ်စလင် ဟိန္ဒူ
လူမျိုးကို ယူတာ မ၇ှိပါဘူး...၅ နှစ်နေမှ တစ်ယောက်ပဲ ကြားဖူးပါတယ်...အဲ..လူမျိုးအချင်းချင်းပဲ..ငယ်ငယ်ရွယ်ရွယ်နဲ့ ယူကြပါတယ်.ပြီးတော့ ဖြတ်လမ်းနည်း
ငယ်ငယ်ရွယ်ရွယ်နဲ့  အရက်သမား..ဖဲသမား လောင်းကစားသမားတွေ ဖြစ်ကြတာ တအားများတာပဲ...အဲ့ဒါဘာဖြစ်လို့ လဲဆိုတော့ ဘ၀တန်ဖိုးမသိလို့ အမျိုးကိုမချစ်လို့ ပါ..ကျွန်မတို့ 
မြို့ မှာ အရက်ဆိုင်တွေဖွင့်ထားတဲ့သူတွေဟာ တရုတ်တွေ မွတ်စလင်တွေ ဟိန္ဒူတွေမဟုတ်ပါဘူး...မွန်နဲ့ မြန်မာလူမျိုးတွေပါ..ဘုရားတားမြစ်ထားတဲ့ အလုပ် ငါးမျိုးထဲမှာ
သေရည်သေရက်ရောင်းတာရယ်..လူရောင်းတာရယ် ပါတယ်...အခုခေတ်မြန်မာ အမျိုးသမီးတွေ မလေး ထိုင်း တရုတ်နိုင်ငံမှာ ရောင်းစားခံရတာတွေ ပြည့်တန်ဆာ
ဘ၀ရောက်နေတာတွေဟာ.. တရုတ်တွေ မွတ်စလင်တွေက ရောင်းတာမဟုတ်ပါဘူး..ကိုယ့်လူမျိုးအချင်းချင်းပဲ..ရောင်းတာ လူကုန်ကူးတဲ့ သူတွေအဖမ်းခံရရင် တရားခံက
ကိုယ့်လူမျိုးကြီးပဲ..စဉ်းစားရင် သိပ်ဝမ်းနည်းဖို့ ကောင်းတယ်...ကိုယ့်လူမျိုးကို သူများမျိုလို့ မပျက်ပါဘူး..ကိုယု့်အချင်းချင်း ပြန်ဖျက်မှပျက်တာပါ...အရက်ဆိုင်လေး မာဆက်လေး ကေတီဗီ နိုင်ကလပ်လေးမထောင်ခင် သေချာစဉ်းစားပါ..ငါ့အလုပ်ဟာ ငါတို့ လူမျိုး ကို ငါကိုယ်တိုင် ပြန်ဖျက်နေတာပါလားလို့ သိစေချင်တယ်.
ကိုယ့်လူမျိုး ပျက်စီးမှ ကိုယ်ချမ်းသာမယ်ဆိုရင် ..အဲ့ဒီချမ်းသာခြင်းဟာ ယုတ်ညံ့တဲ့ ချမ်းသာခြင်းပါ...နောက်တစ်ခု က ဘာသာခြားကို ယူတဲ့
အမျိုးသမီးတွေကို အမျိုးဖျက်မ ဆိုပြီး မျိုးစုံဆဲနေတဲ့ ဖွဘုတ်က အမျိုးကောင်းသားတွေ တစ်ခုသိစေချင်တယ်..ဘာသာခြားကို ယူသွားတဲ့ အမျိုးသမီးတွေကို ဆဲနည်းပေါင်းစုံ
မဆဲခင်မှာ ကိုယ်တိုင်က ကိုယ့်တိုင်းရင်းသား မြန်မာအမျိုးသမီးတွေအပေါ်တစ်ကယ် နှမလို အစ်မလို ကာကွယ်စောင့်ရှောက်လိုတဲ့ စိတ်လေး ၇ှိပါသလား.
ရှိတယ်ဆိုရင် မြန်မာအမျိုးသမီးတွေကို တန်ဖိုးထားပါ.သူတို့ လေးတွေ လမ်းမှားနေတာ မြင်ရင် နှမချင်းကိုယ်ချင်းစာစိတ်နဲ့ အသိပေးပြီးဆုံးမပါ..ဖေစ့်ဘွတ်ကမိန်းမ မကောင်းကြောင်း ပိုစ့်တစ်ခုမှာ ကွန်မန့် အခြေအတင်ပေးတာလေးက သံဝေဂရဖို့ ကောင်းတယ်..တစ်ယောက်က
**ဒီခေတ်မိန်းကလေးတွေက အရမ်းအညှာလွယ်တယါ. အပျိုစစ်တယ်ဆိုတာ ရှားတယ်**တဲ့...နောက်တစ်ယောက်က ဘာပြန်ပြောလဲ ဆိုတော့.***.ရှိပါတယ်ကွ..ပထမနှစ် ဖရက်၇ှာလေးတွေကွ..မင်းသာ..
ငွေကို ပုံပေးလိုက် စစ်စစ်လေးရမယ်ကွ *** တဲ့ ကျွန်မတော်တော် စိတ်မကောင်းဖြစ်မိတယ်..လူငယ်တွေအတွက် လူကြီးတွေပေးထားတဲ့ လွတ်လပ်မှုက ဖြစ်ချင်သလိုဖြစ်ဖို့ လား.
ဖြစ်ချင်သလိုဖြစ်ကြလို့ ပြဿနာတွေ ဖြစ်လာရင် နာမည်ပျက်မှာက..ကိုယ့်မိဘ..ဆွေမျိုး ကိုယ့်လူမျိုးလေ..တစ်ချိန်တုန်းက ပျော်စရာ
ကောင်းတဲ့ ကျွန်မတို့ မော်မြိုင်တက္ကသိုလ် ကြီးဟာ အခုချိန်မှာ အပျက်တွေနဲ့ ဝိုင်းရံထားပါတယ်...ကျောင်းနားတစ်ဝိုက်မှာ တိတ်တိတ်ပုန်း မာဆက်တောင် ရှိတယ်တဲ့..ပြည့်တန်ဆာ
တွေလည်း ပေါတယ်တဲ့...အဲ့ဒီအလုပ်နဲ့ စီးပွါးရှာတဲ့သူတွေဟာ မွတ်စလင်တွေ တရုတ်တွေမဟုတ်ဘူးနော်..ကိုယ့်အချင်းချင်း တွေပဲ...နောက်တစ်ချက်က
.အခုခေတ်လူငယ်တွေ ကို လမ်းမှားရောက်အောင် ပို့ နေတာ အမျိုးဖျက်နေတာ Sexy ကျတဲ့ အသပြာ မော်ဒယ်လ်တွေပါတယ်..ငါပိုက်ဆံရဖို့ စပွန်ဆာရဖို့  ဘယ်လိုပဲ
ဝတ်ရ၀တ်ရ ချွတ်ရချွတ်ရ..လုပ်မယ်ဆိုတာချည်းပဲ...Sex ဆိုတာ ကိလေသာအလုပ်မို့  Sexyကျတာလည်း ကိလေသာကို အားပေးတာပဲ...အဲ့လိုဖော်တာ
အ၇ှက်အကြောက်တရားမရှိတဲ့  အနောက်နိုင်ငံကလူတွေအကျင့်ပါ..သူတို့ မှာ  လင့်ဝတ္တရား မယားဝတ္တရားမရှိဘူး..ကာမေသုကံဆိုတာမရှိဘူး..ဖြစ်သလိုနေလို့ ရတယ်..ကျွန်မတို့ 
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ လူ့ ကျင့်ဝတ် မယားကျင့်ဝတ် လင့်ကျင့်ဝတ်၇ှိတယ်..ဂါရ၀တရား၇ှိတယ်..
အဲ့ဒီဂါရ၀တရားတွေက .လူ့ ဘ၀ရဲ့ လေးနက်တဲ့  တန်ဖိုးတစ်ခုပါ..အဲ့ဒီသတ်မှတ်ချက်တွေမ၇ှိတာဟာ..ခွေးလေးကြောင်လေးတွေပါ..ဘာကျင့်ဝတ်မှ မလိုဘူး.
နေချငင်သလိုနေ ဘယ်သူ့ ကို မှဂရုစိုက်စရာမလိုဘူးလေ..လူဆိုရင်တော့ လူ့ ကျင့်ဝတ် နဲ့ ဂါရ၀တရားဆိုတာ ၇ှိကို ၇ှိရမယ်..နောက်တစ်ချက်က..လူငယ်တွေအတွက်
.သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ချစ်သူ
ကောင်းဆိုတာ ကောင်းတဲ့အလုပ်တွေကို အတူတူမျှဝေဖို့ ပါ.သင်္ကြန်တုန်းက မြန်မာအမျိုးသမီးတွေ ဖြစ်ချင်သလိုဖြစ်နေတာတွေကို ဘေးနားကနေပြီး အမျိုးကောင်းသားတွေက အားပေျးနတာကို ကြည့်
ပြီး တွေးမိတယ်..လူငယ်ဆိုတာ တစ်နေ့  ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်ရပ်ကိုယ့်၇ွာ ကိုယ့်နိုင်ငံကို တစ်နည်းနည်းနဲ့ ထိန်းရမှာ သူတို့ လေးတွေ အခုလို ပေါ့ပျက်ပျက်နေရင် သူတို့ 
လေးတွေရဲ့ Generation လေးတွေက ဘယ်လိုဖြစ်လာမလဲ..အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုလူမျိုးတွေက ဘယ်လိုထိန်းမလဲ.
ဒီခေတ်မှာ အရာ၇ှိတွေ..ဌာနဆိုင်ရာက လူတွေ ကိုယ်ကျင့်တရား မကောင်းတာဟာ သူတို့ ကိုယ်တိုင် အမျိုးဘာသာ သာသနာကို
မလေးစာလို့  မချစ်လို့ ပါ..ဘာသာရေးအဆုံးအမမ၇ှိလို့  ငါဝရင်ပြီးရော ဘယ်သူသေသေ ဆိုတဲ့ သူတွေများတယ်..အခုကျွန်မတို့ မြို့ က ရပ်ကွက်ဥက္ကဌ တွေ အမတ်လောင်းတွေဆိုတာ အတန်းပညာအရည်အချင်းတော့ ၇ှိပါတယ်.ဘ၀.အသိတရားမ၇ှိပါဘူး..ဘာသာသာနာအဆုံးအမ နဲ့ ပက်သက်တဲ့အရေအချင်းမ၇ှိပါဘူး..အရက်သမားကို ဥက္ကဌတင်တာ ကျွန်မတို့ မြို့ မှာပဲ ၇ှိမယ်ထင်ပါ၇ဲ့ ..
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ပညာအရည်အချင်းထက် စိတ်ဓါတ်အရေအချင်းအရေးကြီးပါတယ်..
ဗိုလ်ချုပ်အောင်ဆန်းမဖြစ်ခင် ကလေးအောင်ဆန်
ဘ၀ကတည်းက သူ့ ရဲ့ စရိုက် စိတ်ဓါတ်က သူများနဲ့ မတူဘူး..ဘ၀အသိ၇ှိတယ်...ကိုယ်ကျင့်တရားရှိတယ်..မျိုးချစ်စိတ်၇ှိတယ်..ဒါတွေကို လူငယ်တိုင်း အတူယူနိုင်မယ်ဆိုရင်တော့ကျွန်မတို့  မိသားစု ရပ်ရွာ နဲ့ 
 အနာဂတ်မြန်မာနိုင်ငံတော်ကြီး တရားမျှတစွာ ငြိမ်းချမ်းလိမ့်မယ်လို့ ထင်တယ်..
အခု တစ်လောခေတ်စားနေတဲ့ ဘာသာခြား လုမျိုးခြားနဲ့ ပက်သက်တဲ့မျိုးစောင့်ဥပဒေလိုပဲ.
..နောက်ထပ်ဥပေဒေတစ်ခုထပ်ထွက်လာရင်ကောင်းမှာ..အမျိုးအချင်းချင်း ကို ပြန်စောင့်ရှောက်ရမယ့်ဥပဒေပေါ့..အဲ့ဒီဥပဒေကို စိတ်ဝင်စားရင် ပြော ကျွန်မ
အကြမ်းရေးပြီး အ၇ှင်ဝီရသူနဲ့  ၉၆၉ အဖွဲ့ တင်ပြပေးမယ်..
(၃) ကိုယ့်ကြောင့် ကိုယ့်ဘာသာ သာသနာ  ဂုဏ်မညှိုးပါစေနဲ့ ..
လူတိုင်းက ကိုယ်ကိုးကွယ်တဲ့ ဘာသာ တိုင်းကို ယုံကြည်ကြပါတယ်..ဒါပေမယ့် ကိုယ်ယုံကြည်တဲ့ ဘာသာကို သူများယုံကြည်လာအောင် မနေတတ်ကြဘူး...ကိုယ်လေးစားတဲ့ ဘာသာ
ကို သူများလေးစားအောင် မနေတတ်ကြဘူး..ကိုယ့်ဘာသာသာသနာကို မကာကွယ်တတ်ကြဘူး..ကိုယ့်ဘာသာရဲ့ အဆုံးအမကို မလေးစားဘူး.
အထူးသဖြင့် ဖေစ့်ဘွတ်က အမည်ခံဘာသာရေးသမားတွေ ..၉၆၉ တံဆိပ်ကို Profile လုပ်ပြီးကျွန်မန့် ထဲမှာ ဆဲနည်းပေါင်းစုံ ဆဲနေတဲ့သူတွေ. မြင့်မြတ်တဲ့ ဘာသာတရားကို
မရိုသေဘဲ အမည်ခံရုံသက်သက်
နဲ့ ကိုးကွယ်တယ်ဆိုရင်တော့ ကိုယ့်အတွက်အကျိုးမရှိတဲ့အပြင် ကိုးကွယ်တဲ့ဘာသာကို ဂုဏ်ညှိးစေပါတယ်...ဥပမာ ဗုဒ္ဓက ဆဲဆိုတာကို တားမြစ်တာကို ကိုယ်က ဘာသာခြားကို သွားဆဲ
ရင် သူတို့ က ပြောပြီ..ဟ မင်းတို့ ဗုဒ္ဓက ဆဲဖို့ သင်ပေးထားတာလား မင်းတို့ ဗုဒ္ဓဘာသာဝင်တွေ အတင့်အတန်းမရှိ ဆဲဆိုနေတာပဲလို့ ပြောရင် ကိုယ့်ကြောင့် ကိုယ့်ဘာသာ ကိုယ့်
လူမျိုး သိက္ခာကျပါတယ်..ဗုဒ္ဓကိုယ်တော်တိုင် ဘာသာခြားတွေ လူကြားထဲမှာ ဆဲဆိုတာ ခံရတယ်...ဒါပေမယ့် ဘယ်လိုနည်းနဲ့ တုံ့ ပြန်ခဲ့လဲ..ဒါကို ကျွန်မတို့ စံအဖြစ်ထားပြီး
ှုဘုရားရှင်အတိုင်း တုံ့ ပြန်ဖို့ ပါပဲ..
***အကယ်၍ ငါဘုရားကို သင်ကလက်ဆောင် တစ်ခု ပစ္စည်းတစ်ခု လာပေးတဲ့အခါ ငါဘုရားက လက်မခံရင် အဲ့ဒီလက်ဆောင်ဟာ မူလပိုင်ရှင်ဖြစ်တဲ့ သင့်
လက်ထဲပဲပြန်ရောက်သွားလိမ့်မယ်။
အခုလဲ ငါဘုရား ကိုလာဆဲတဲ့အခါ ငါဘုရားက လက်မခံဘူး၊ဒေါသမဖြစ်ဘူး၊ပြန်မဆဲဘူး ဆိုရင် အဲ့ဒီအကုသိုလ်ဟာ မူလ ဆဲတဲ့သူကိုပဲ ပြန်အကျိုးပေးလိမ့်မယ်တဲ့”။
.**၀စီဗေဒ ထိထိုင်းရှ*** ဆိုပြီး မြန်မာစကားပုံလဲ ၇ှိတယ်လေ။ဒါ့ကြောင့် အရေမရ အဖတ်မရ 
ကိုယ့်အတွက် ကိုယ့်ဘာသာအတွက် အကျိုးမ၇ှိတဲ့ ရိုင်းရိုင်းစိုင်းစိုင်းဆဲတာ ရှောင်ကြပါ။
သူ ဂုဏ်နှိမ့်ရင် ကိုယ့်ဂုဏ်နိမ့်တယ်ဆိုတဲ့ ဆုံးမစကားလေးလို ပဲ သူ့ ဘာသာကို အပုတ်ချ ဆဲဆိုနေရင် ကိုယ့်ဘာသာ ဂုဏ်နိမ့်လို့  ကိုယ့်ကြောင့် ကိုယ့်ဘာသာ သာသနာ
ဂုဏ်မနိမ့်ပါစေနဲ့ လား.
နောက်တစ်ချက်က ကိုယ့်ဘာသာ ကို ကိုယ်တိုင် ရိုသေလေးစားဖို့ ပါ.
ဘုရားစေတီတော်တော်များများမှာ ***စုံတွဲများ မသင့်မလျှာ် မနေရ ***ဆိုတဲ့ ဆိုင်းဘုတ်မြင်တိုင်း..မြန်မာလူငယ်တွေ အ၇ှက်မဲ့တာ အများကို ကြေငြာသလိုဖြစ်နေတာမို့ 
တအား၇ှက်ဖို့ ကောင်းတယ်...ဂါရ၀တရားဆိုတာ နေရာဒေသ
အသက်အရွယ်အလိုက် လိုက်နာရမယ့်တရားပါ ..ဘုရားပေါ်က အမှိုက်တွေ မြင်တိုင်း အော် ငါတို့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်ကန်တော့တဲ့ဘုရားကို ကိုယ်တိုင် အမှိုက်ပုံဖြစ်အောင် လုပ်နေတာပါလား..လို့  သိရတော့တယ်..ကြောင်လေးတွေတောင် သူတို့ မစင်ကို သူတို့ သဲနဲ့ ပြန်ဖုံးတတ်
တဲ့ အသိလေး၇ှိကြတယ်..လူတွေက စားပြီးသားကို သိမ်းဖို့ မသိတာ...အံ့တော့အံ့သြမိတယ်..ဘာသာရေးအဆုံးအမအားနည်းလို့ မိဘတွေက မဆုံးမလို့ ဖြစ်ပါလိမ့်မယ်...
.ဆရာဟိန်းဇေ၇ဲ့ ဒဿနလေးလို ***လောကကြီးကို အလှမဆင် ချင်နေပါ အမှိုက်တော့ မဖွပါနဲ့ ***ဆိုသလိုပေါ့
အမျိုး ဘာသာ သာနာကို မကာကွယ်နိုင်ရင်တောင် ကိုယ့်ကြောင့် သိက္ခာမကျပါစေနဲ့  လူ့ ဘ၀ဆိုတာ တစ်ကယ့်ကို ခဏလေးပါ..တစ်ခဏတာလူ့ ဘ၀မှာ
လူပီသဖို့  လူစိတ်၇ှိဖို့  တာဝန်ယူတတ်ဖို့ အရေးကြီးပါတယ်..လူပီသဖို့ ဆိုတာ လူမှာ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့ အသိညဏ်ရှိပါတယ်..ဒါ့ကြောင့်
ကိုယ့်ဘ၀ကို အသိညဏ်နဲ့ ကောင်းမကောင်း သေချာဆန်းစစ်ပြီးပါ.. လူစိတ်၇ှိဖို့ ဆိုတာက လူမှာ အ၇ှက်တရား အကြောက်တရား၇ှိတယ်ကုသိုလ် အကုသိုလ်ခွဲခြားနိုင်တယ်
ါး့ကြောင့် လူသားအချင်းချင်း စာနာစိတ်လေး ကိုယ်ချင်းစာစိတ်လေး နဲ့ သူ တစ်ပါး ကို မကောင်းတာ
လုပ်ရင် သူ့ နေရာမှာ ငါဆိုတဲ့ စိတ်ကလေးရယ် ၀ဋ်ဆိုတာ လည်တတ်လို့ အသိလေးထားသင့်တယ်.
.တာဝန်ယူတတ်ဖို့ ဆိုတာက သမိုင်းပေးတာဝန်ကို ထမ်းဖို့ ပါ..ကိုယ့်ဘိုးဘွားမိဘတွေ က ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်လာခဲ့အတွက် အဲ့ဒီကျေးဇူးကို သိပြီး ကိုယ့်ကြောင့်
သူတို့ သမိုင်း ကိုယ့်သမိုင်း မရိုင်းအောင် နေသင့်တယ်..ဘယ်သူ့ ရဲ့ မြေး က ဘယ်လိုဆိုးတာ ဘယ်သူ့ ရဲ့ သား သမီးက ဘယ်လိုဆိုးတာ ဘယ်လူမျိုး ကဘယ်လိုဆိုးတာ
ဘယ်နိုင်ငံက ဘ်ာလိုဆိုးတယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ကိုယ့်ရဲ့ အပြုအမူ စိတ်ဓါတ် ခံယူချက်နဲ့ ဆိုင်ပါတယ်.
ကိုယ့်၇ဲ့ ခံယူချက် အပြုအမူ စိတ်ဓါတ်တွေရဲ့ အကောင်းအဆိုးကို ကိုယ့်၇ဲ့ သားစဉ်မြေးဆက်အထိ အကျိုးသက်ရောက်ပါတယ်..
မြန်မာရာဇ၀င် သူရဲကောင်းချင်းတော့ တူပါတယ်.သေသွာတာချင်းတူတယ်..ဂုဏ်သတင်းချင်းတော့ မတူပါဘူး..
အခုလဲ အာဇာနည်ကိးု ယောက် အသက်ပေးသွားတာက သူများနိုင်ငံ သူများလူမျိုးကို သွားစော်ကားလို့ သွားဖျက်ဆီးလို့ မဟုတ်ဘူး.
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်လို့ မဟုတ်ဘူး..ကိုယ့်လူမျိုးအတွက် ငရဲအကျခံပြီး
အင်္ဂလိပ်တွေတော်လှန်ခဲ့တာ..မြန်မာ့လွပ်လပ်ရေးအတွက် ဆွေးနွေးရင်းနဲ့ အသက်ပေးခဲ့တာ..
.ဒီလိုသူရဲကောင်းတွေက ထာဝရ လေးစားသင့်တဲ့သူရဲကောင်းတွေပါ..ကျွန်မတို့ တွေ ..ဗိုလ်ချုပ်လို
့နိုင်ငံနဲ့ အမျိုးဘာသာ သာသနာအတွက် အသက်ပေးဖို့ မလိုဘူး..ကျွန်မတို့ နိုင်ငံဂုဏ်မညှိုးအောင်  ကျွန်မတို့ လူမျိုးမပျက်စီးအောင် ကျွန်မတို့ ဘာသာ သာသနာမကွယ်အောင်
အသိလေးနဲ့ ကာကွယ်ယုံပါ....အသက်ပေးဖို့ မလိုတော့ပါဘူး...အဘိုးအဘွားတွေ အသက်သွေးနဲ့ ခင်းထားတဲ့ လမ်း အသိလေးနဲ့ လျှောက်ပေးယုံပါပဲ..
ကဲအာဇာနည်ပုဂ္ဂိုလ်တွေကို အလေးပြုတဲ့ သူငယ်ချင်းများ အသိလေးနဲ့ လျှောက်ပေးနိုင်လိမ့်မယ်လို့  ကျွန်မထင်တယ်...ဘာလို့ လဲဆိုတော့ အမျိုးဘာသာ သာသနာ ချစ်တဲ့
စိတ်လေး လူတိုင်းရင်မှာ၇ှိနေလို့ ပါ..တစ်ကယ်နည်းမှန်းလမ်းမှန်မချစ်တတ်သေးလို့ သာ မသိတာပါ..ဟုတ်တယ်ဟုတ်...
စစ်မှန်တဲ့ အာဇာနည်မျိုးချစ်စိတ်လေး ပိုင်ဆိုင်နိုင်ပါစေ..
လေးစားစွာဖြင့် ..
လူအမျိုးမျိုးစိတ်အထွေထွေမို့ လွတ်လပ်စွာ တွေးခေါ်နိုင်ပါသည်..
Written By ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)
http://www.haymonchan.blogspot.com
https://www.facebook.com/yourthulay
3 comments:
Unknown said...
အားပေးသွားပါတယ် အရမ်းလည်းသဘောကျမိပါတယ်
Unknown said...
အရမ်းသဘောကျမိပါတယ် အားပေးသွားပါတယ်
ဆက်ကြိုးစားနော်
Unknown said...
အရမ်းကို ဖတ်လို့ကောင်းတဲ့ ဘလော့ လေးပါ
ဆက်လက်အားပေးနေမယ်နော်