Wednesday, July 4, 2012

♫♥✿သင်ကံကောင်း ပါတယ်♫♥✿

***လူ့ အလို နတ်မလိုက်နိုင်***ဆိုတဲ့ စကားပုံလေးလို ကျွန်မတို့ လူသားတွေရဲ့ လိုချင်တဲ့ ဆန္ဒတွေ တက်မက်နှစ်သက်မှုတွေ.
.ဖြစ်ချင်တာတွေ အားလုံးကို ဖြည့်ပေးမယ့် သူရှိရင်တောင် လိုချင်တာတွေ ဖြစ်ချင်တာတွေ က ကုန်သွားမှာမဟုတ်ဘူး..
ဘာလို့ လဲဆိုတော့ ခေတ်ကာလ အခြေအနေအရ နည်းပညာပိုင်းတွေကတစ်နေ့ ထက်တစ်နေ့ 
အရမ်းတိုးတက်ခေတ်မှီလာပါပြီ.ဥပမာ တီဗွီ..ကက်ဆက် ..ဖုန်းတွေ ဆိုင်ကယ်တွေ ကားတွေ ဆိုလဲ တစ်လထက်တလ
ပိုပိုပြီး ဆန်းသလာသလို လူတွေအတွက် ပိုပိုပြီး လိုချင်စရာကောင်းလောက်အောင် တီထွင်နိုင်ကြပါတယ်...
လူ့ အလို ကိုသာ နတ်တွေမလိုက်နိုင်တာ လူတွေအကြိုက် နည်းပညာက အမျိုးမျိုး တီထွင်နိုင်ပါတယ်...
အဘိုးအဘွားတို့ ခေတ်တုန်းက  ဘာမှ သေးမ၇ှိတော့ ဘာမှမလိုချင်ကြဘူး...၇ှိတာလေးနဲ့ 
ရောင့်၇ဲတင်းတိမ်ပြီး တစ်ဦးကိုတစ်ဦး ၇ှိတာလေး မျှဝေပေးရင်း ဘ၀ကိုအေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပေမယ့်.ကျွန်မတို့ ခေတ်မှာ
တော့ ရုပ်ပိုင်းဆိုင်ရာ နည်းပညာတွေ တိုးတက်လာတော့ အဲ့ဒီအရာတွေ တက်မက်စိတ် လိုချင်စိတ်တွေနဲ့  ဟုတ်တာတွေရော မဟုတ်
တာတွေရော ရရာနည်းလမ်းနဲ့ ကိုယ်လိုချင်တာ ရဖို့  မနားမနေ၇ှာဖွေရပါတယ်..
ရပြီးရင်ရော နောက်ထပ်ပေါ်လာတဲ့ အသစ်လေးတွေ သူများဝယ်သလို ၀ယ်နိုင်ဖို့  ကြိုးစားရင်းနဲ့ 
ကိုယ့်ဘ၀ မီးပုံထဲ တိုးလို့ တိုးမှန်းမသိ ဖြစ်ကြရပါတယ်...
လူတိုင်းတော့ ဘ၀မှာ ကောင်းကောင်းနေ ကောင်းကောင်းစားချင်ကြတာပဲ..ဒါပေမယ့် လူတိုင်း ကိုယ်ဖြစ်ချင်သလို ကိုယ်နေချင်
သလို ဖြစ်မလာတဲ့အခါ..လောကကြီးကို မတရားဘူးလို့ အပြစ်မြင်ကြမယ်..ကိုယ့်ကိုယ်ကိုယ်လဲ အလိုမကျဖြစ်လာမယ်.
ကိုယ့်မိဘတွေကိုလဲ ဆင်းရဲလိုက်တာ လို့ အပြစ်မြင်ကြမယ်...
ကိုယ်လိုချင်တာတွေမရလို့  ငါသိပ်ကံဆိုးတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မိခဲ့ရင်...

အောက်က ဗွီဒီယို ဖိုင်လေးနှစ်ခုကို သေချာကြည့်ပြီး ရင် ငါသူ့ လောက်ကံမဆိုးသေးဘူး..သူ့ လိုမျိုး အဖြစ်ဆိုးတွေ
မကြုံသေးဘူးလို့  ထင်လိုက်တာနဲ့  သင်ဟာ သူတို့ ထက်ကံကောင်းတဲ့သူတစ်ယောက် သေချာသွားပါပြီ..
သင့်ဘ၀တန်ဖိုးကို သင်သိလာပါလိမ့်မယ်...ကျွန်မကိုယ်တိုင် စိတ်ပျက်စရာ စိတ်ညစ်စရာကြုံလာတိုင်း သီချင်းလေး ကိုပြန်ပြန်နားထောင်ရင်း သူတို့ နှစ်ယောက်ကို  ပြန်ပြန်ပြည့်ပြီး
ကိုယ့်ကိုယ်ကိုယ်  အားပေးပါတယ်...
တစ်ကယ်လို့ ငါ့ဘ၀ကိုသာ ငါတန်ဖိုးမထားရင် ငါဟာ သူတို့ ထက် ကံဆိုးတဲ့သူ ဖြစ်လိမ့်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အသိပေးပါတယ်..
...................................................................................................................................
(၁) သူကတော့  သူအသက် ၂၉ နှစ်ပါ.. ကားအက်ဆီဒင့် ကြောင့် လက်တစ်ဖက် အကြောသေသွားခဲ့ပြီး
    အရမ်းဝါသနာပါတဲ့ အနုပညာကို  စိတ်မလျော့ပဲ..၁၀ နှစ်ကျော်မနားမနေကြိုးစားခဲ့ပါတယ်..
 ဂစ်တာတီးကို  လက်တစ်ဖက် အကြောသေသွားကတည်းက လက်တစ်ဖက်တည်းနဲ့ တီးတတ်အောင် လေ့ကျင့်ခဲ့ပါတယ်..
သူ့ ဘ၀မှာ သူ့ ကို အမြဲအားပေးတဲ့ သူက သူ့ အစ်ကို ပါ.. အခုလဲ Thailand's Got Talent  2011မှာ ၀င်ပြိုင်တဲ့အခါ အောင်မြင်မှုတစ်ခု
ရသွားခဲ့ပါတယ်...


(၂) နောက်တစ်ယောက်က မွေးကတည်းက ခြေနှစ်ဖက်မပါခဲ့သလို လက်တစ်ဖက်လဲ အပြည့်အစုံ မပါခဲ့ပါဘူး..
သူများတွေလို ခြေလက်အင်္ဂါပြည့်စုံတဲ့သူတစ်ယောက် အရမ်းဖြစ်ချင်ပါတယ်..
 Thailand's Got Talent မှာ သူများလို အင်္ဂါမပြည့်စုံပေမယ့် အရည်အချင်းကတော့ သူများထက် မနိမ့်ကျဘူးဆိုတာ
သက်သေပြနိုင်ခဲ့ပါတယ်..Thailand's Got Talent 2011 ရဲ့ Final  အဆင့်တောင် ရောက်သွားခဲ့ပါတယ်..  
ဆုကတော့ မရလိုက်ပေမယ့် သူ့ ရဲ့ ကြိုးစားမှုနဲ့ အရည်အချင်းကတော့ တစ်ကယ် အတူယူအားကျစရာကောင်းပါတယ်..လေးစားဖို့ လဲကောင်းတယ်..သူဟာ ဒုက္ခိတ
တစ်ယောက်ဖြစ်ပေမယ့် သူ့ ကြောင့် သူများတွေ တာဝန်မပိုစေချင်ဘူး.ုးက္ခမရောက်စေချင်ဘူးတဲ့..ဒီခေတ်မှာ
သူများလုပ်စာ ထိုင်စားချင်တဲ့သူတွေ သူများ ကိုအားကိုးချင်တဲ့သူတွေ အတုယူသင့်ပါတယ်..



ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်လည်း  အခုဆို အဆိုတော်တောင် တစ်ယောက် ၇ှိခဲ့ပါပြီ...
 အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ဖို့  အရည်အချင်းနဲ့ ပရိတ်သတ်ရဲ့ အားပေးမှုက အရေးကြီးပါတယ်..
ကျွန်မတို့ ပတ်ဝန်းကျင်မှာ မြင်တွေ့ နေရတဲ့ ဒုက္ခိတ တွေဆို၇င် တစ်ချို့ လူတွေက သိပ်ပြီး အပေါင်းအသင်းမလုပ်ချင်ကြသလို
သိပ်ပြီး လူရာမသွင်းကြဘူး...ခြေပြတ် လက်ပြတ်ဆိုရင် အနူ လိုပဲ သတ်မှတ်ကြပါတယ်..
သူတစ်ပါးရဲ့ အားနည်းချက်ကို လှောင်ချင် ပြောင်ချင် အထင်သေးကြပါတယ်...
မတူသလို မတန်သလို ထင်ကြပါတယ်..တစ်ကယ်တော့ သူတို့ တွေဟာ သာမန်လူတွေထက်ကို စိတ်သဘောထား
ပိုကောင်းကြပါတယ်..
တစ်ကယ်လို့ သူ တို့ နေ၇ာမှာ ငါရဲ့ ခြေတွေ လက်တွေ ပြတ်သွားခဲ့ရင် ရော ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ 
လက်၇ှိ ကောင်းနေတဲ့ ခြေတွေက ကောင်းတဲ့ လမ်းကို များများလျှောက်သင့်တယ်လို့  ကိုယ့်ကိုယ့်ကိုယ်
အသိပေးပြီး  သင့်လက်တွေ ကို ကောင်းတဲ့ အလုပ်တွေမှာ အသုံးပြုဖို့ ကိုယ့်ကိုယ် အားပေးရင်း...မိမိသူတစ်ပါးအကျိုး
ဆထက်တန်ဖိုး ကြိုးစားလိုက်ပါ...
ဒါဆိုရင် သင့်ရဲ့ လိုချင်တဲ့ ဆန္ဒတွေ ရည်မှန်းချက်တွေကို သင်နဲ့ တန်သလောက်ပဲ မှန်းပြီး စိတ်ရှည်ရှည်နဲ့ ကြိုးစားမယ်ဆိုရင်
တော့ သင်လိုချင်တဲ့ ပန်းတိုင်တစ်ခု သင့်ကြိုး မှုအတိုင်းအတာတစ်ခုထိ အောင်မြင်မှုတစ်ခု ရမှာတော့ သေချာပါတယ်...

(၃)နောက်တစ်ယောက်က အသက် ၃ နှစ်ပဲ၇ှိသေးတဲ့ ကလေးလေးရဲ့  ကြိုးစားမှုပါ..
သူလေးက  Thailand's Got Talent  2012 June လမှာ ပြိုင်ပွဲ ၀င်သွားတဲ့ ကလေးလေးပါ...

အခုခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရပြီး အပြစ်မဲ့တဲ့ ကလေးလေးတွေကို လူ့ လောကထဲ ရဲရဲဝံ့ဝံ့ လက်တွဲမခေါ်ဝံ့ပဲ..ရက်ရက်စက်စက် ဖျက်ချပြစ်ရဲတဲ့ သူတွေ သင်တို့ သာ သူတို့ လေးတွေကို သတ္တရှိရှိတဲ့ လက်တွဲခေါ်ခဲ့ရင် တစ်နေ့ မှာသူတို့ လေးတွေဟာ ပရိတ်သတ်က အားပေးတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နိုင်သလို လူတွေကြည်ညိုရတဲ့ ရဟန်းတစ်ပါးလဲ ဖြစ်နိုင်သလို နိုင်ငံတော်အတွက် အားထားရတဲ့ သူရဲကောင်းလဲ ဖြစ်နိုင်ပါတယ်.. သင်သာ သူတို့ လေးတွေအတွက် စံပြုထိုက်တဲ့ မိခင် ဖခင်ကောင်းဖြစ်အောင်ကြိုးစားပြီး သူတို့ လေးတွေကို နည်းမှန်လမ်းမှန်နဲ့  ပြုပြင်ဆုံးမဖို့ တော့ လိုတာပေါ့....ပန်းကလေးလှဖို့ မြေဆီသြဇာကောင်းကောင်း နဲ့ ရေမှန်မှန်လောင်းဖို့ လိုသလိုပေါ့...
လောကကြီးမှာ မဖြစ်နိုင်တာ မရှိဘူး  မဖြစ်သေးတာပဲ ၇ှိတယ်ဆိုတာ သေချာသွားပြီ..
Written..By ရွာသူလေး ချမ်းချမ်း(ရင်တွင်းဖြစ်)   01:32 AM ....5:7:2012
http://www.haymonchan.blogspot.com
https://www.facebook.com/yourthulay

2 comments:

http://wwwtrueornot.blogspot.com/ said...

ဟိုးတုန်းက..... တရုတ်ကြီးတစ်ယောက်မှာ မြင်းလေးတစ်ကောင် ရှိတယ်တဲ့။တနေ့တော့ သူမြင်းလေးက ပျောက်သွားတယ်။အဲဒီအခါမှာ လူတွေက တရုတ်ကြီးကို ဝိုင်းပြီးတော့ သနားတဲ့ အကြောင်းပြောကြတယ်။ဒီအခါမှာ တရုတ်ကြီးက ဘာလို့ သနားတာလဲ ။သနားတယ်ဆိုတာ ဘာလဲ။ဘုတောလွှတ်လိုက်တယ်။နောက်တစ်ပတ်လောက်ကြာတော့ သူ့မြင်းမလေးက မြင်းထီးလေးတစ်ကောင်နဲ့ အတူ တရုတ်ကြီးဆီကို ပြန်ရောက်လာတယ်။ဒီအခါမှာ လူတွေက တရုတ်ကြီးကို ကံကောင်းလိုက်တာ ဆိုပြီးတော့ လာပြောကြပြန်တယ်။မြင်းထီးလေးရလို့လေ။တရုတ်ကြီးက ပြန်ပြောတယ်တဲ့ ။ကံကောင်းတယ်ဆိုတာ ဘာလဲ။အရင်လိုပဲ ဘုတောလွှတ်လိုက်တာပေါ့။နောက်ရက်ကျတော့ တရုတ်ကြီးရဲ့သားက နောက်မှ ရောက်လာတဲ့ မြင်းထီးလေးကို အစီးကျင့်တာပေါ့။ဟိုမြင်းထီးလေးက အရိုင်းဆိုတော့ ကောင်လေးက မြင်းပ်ါက လိမ့်ကျပြီးတော့ လက်ကျိုးသွားပြန်ရော။လူတွေက အရင်လိုပဲ လာပြီးတော့ တရုတ်ကြီးကို သနားတဲ့ အကြောင်း တရုတ်ကြီး ကံမကောင်းတဲ့ အကြောင်းလာပြောကြပြန်တယ်။တရုတ်ကြီးကလည်း အရင်လိုပဲ ပြန်ပြီးတော့ ဘုတောလိုက်ပြန်တယ်။နောက်
သိပ်မကြာပါဘူး တရုတ်ပြည်ကြီးမှာ စစ်ဖြစ်တော့ ခြေကောင်းလက်ကောင်းပြီးတော့ သန်စွမ်းတဲ့ ယောက်ျားလေးတွေ အကုန်စစ်မှုထမ်းရတဲ့ အထဲပါသွားတယ်။တရုတ်ကြီးရဲ့ သားကတော့လက်ကျိုးနေလို့ အိမ်မှာပဲ ကျန်နေခဲ့ပါသတဲ့ ကွယ်....(ဖွားဖွားရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ် ဟီးးးး)ကျွန်တော်လည်း ခုလို အာချောင်ခွင့်ရလို့ ကံကောင်းပါတယ်။ ။ ကျွန်တော်အထင်ပြောရရင်တော့ ကံကောင်းတယ် မကောင်းဘူးဆိုတာ လူရဲ့ စိတ်ပေါ်မှာပဲ မူတည်မယ်ထင်တယ်။ဆိုပါတော့ ...ကိုယ်တိုင်ဘယ်လို ဘယ်လို အနေအထားဖြစ်ဖြစ်ပေါ့ ငါဟာ သူများတွေထက် ကံကောင်းနေသေးတယ် ဆိုပြီးတော့ စိတ်လေးကို မွေးမြူထားပြီး ကြိုးစားမယ်ဆိုရင် တနေ့ အောင်မြင်လာမှာပါ။ မိမိကိုယ်တိုင်က စိတ်နှလုံးကို ဒုံးဒုံးချပြီးတော့ ငါဟာ တော်တော်ကံဆိုးပါလားလို့ တွေးနေမယ်ဆိုရင် ဘယ်အရာကို ဘယ်လိုလုပ်လုပ် မအောင်မြင်နိုင်ပါဘူး။ ။ အထင်ပြောတာပါ

Unknown said...
This comment has been removed by a blog administrator.