Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, May 23, 2012

****ဖတ်ပြီး....နည်းနည်းလေး.ပြုံးပါ**

(1) ***တစ်မူးသာတဲ့ အရူး***
စိတ်ကျန်းမာေ၇းဆေးရုံတစ်ရုံမှာ အရူးသူငယ်ချင်းသုံးယောက် ၇ှိပါတယ်...သူတို့ ဟာ ဆေးရုံထဲမှာ နေလာတဲ့ နှစ်တွေလဲ ကြာလာလို့  အခြေအနေတွေ အတော်အသင့် ကောင်းလာတော့ ဆရာဝန်က သူတို့ သုံးယောက်ကို ခေါ်ပြီးတော့ ပြောပါတယ်..
ဆရာဝန်...မင်းတို့ သုံးယောက်ကိုအခုငါတစ်ယောက်ကို မေးခွန်းတစ်ခုစီမေးမယ်...တစ်ကယ်လို့ မှန်အောင်ဖြေနိုင်ရင် မင်းတို့ ကို ဒီဆေးရုံကနေ ဆင်းခွင့်ပေးမယ်..ကဲ အခုငါနဲ့ အခန်းထဲ လိုက်ခဲ့ဆိုတော့...
ပထမဦးဆုံး ရောဂါသည်ကိုစမေးပါတယ်..
ဆရာဝန်......***၁ နဲ့ ၂ ပေါင်းရင်..ဘယ်လောက်ရလဲ..***
ပထမလူနာ......***၈ ပါဆရာ..***
ဆရာဝန် ခေါင်းခါပြီး မင်းဖြေတာ မှားနေတယ်..ကဲ မင်းဒီဆေးရုံမှာဆေးဆက်ကုရဦးမယ်...
 ဆရာဝန်.........***၁ နဲ့ ၂ ပေါင်းဘယ်လောက်၇လဲ..***
ဒုတိယလူနာ...... ***၅ ပါဆရာ....***
ဆရာဝန်ခေါင်းခါပြီး မင်းဖြေတာ မှားနေတယ် ကဲမင်းလည်းဒီဆေးရုံမှာ ဆက်နေရဦးမယ်..
ဆရာဝန်...***၁ နဲ့  ၂ ပေါင်း ဘယ်လောက်ရလဲ..***
တတိယလူနာ....***၃ ပါဆရာ...***
***ဟာ..မင်းတယ်တော်ပါလား ကဲမင်းဆေးရုံကနေဆင်းဖို့ ငါလက်မှတ်ထိုးပေးမယ်***....ဆိုပြီး ဆေးရုံကဆင်းခွင့်လက်မှတ်ကိုပေးလိုက်
ပါတယ် တတိယလူနာ အခန်းပြင်ရောက်တော့ ကျန်တဲ့လူနာရူးနှစ်ယောက်က မေးတာပေါ့..
***မင်းမှန်အောင် ဘယ်လိုဖြေလိုက်လဲ...****ဆိုတော့
တတိယလူနာကက ***မင်းတို့ နှစ်ယောက်ဖြေထားတာ ကိုကြည့်ပြီးလိုက်ဖြေတာကွ..***
 ***၈ ထဲမှာ ၅ နှုတ် ၃ ကျန်တယ်ထင်လို့ ၃ လို့ ဖြေလိုက်တာ...လေ***

အရူးတွေအတွက် ညဏ်ကောင်းဖို့ မလိုဘူး..ကံကောင်းဖို့ ပဲလိုတယ်ဟုတ်..:D
..........................
(၂) ***အညာသားက..တစ်ခါပဲ၇မယ်...****
တစ်ခါတုန်းက အညာက ကုန်သည်တစ်ယောက် ရန်ကုန်ကိုရောက်တော့ သူငယ်ချင်းတွေက နေ့ လည်ဘက် မှာ အအေးသောက်ဖို့ 
 သူငယ်ချင်းတွေက အအေးဆိုင်မှာ ရွှေရင်အေးဖာလူဒါ  ၀ယ်တိုက်တာပေါ့..အဲ့ဒီခေတ်တုန်းက အညာမှာ ရွှေရင်အေး ဖာလူဒါမရောင်းသေးပါဘူး....
ကုန်သည်ကြီးလည်း မသောက်ဖူးတော့ တော်တော်လေး ကြိုက်သွားပါတယ်..
အဲ့ဒီနောက် အညာကို ပြန်ရောတော့ အိမ်က လူတွေကိုရန်ကုန်အတွေ့ အကြုံ ပြောပြတာပေါ့..ရန်ကုန်က သူငယ်ချင်းတွေက ဖာလူဒါရွှေရင်အေးဝယ်တိုက်တဲ့အကြောင်း ..ရန်ကုန်မှာက ပွဲစားလူလိမ်တွေများတဲ့အကြောင်း တစ်ချို့ ဆိုင်တွေဆို တောသားလို ရိုးရိုးအအတွေ့ ရင် ဈေးတင်တဲ့အကြောင်း ဒါ့ကြောင့် ရန်ကုန်ရောက်ရင် အ၀တ်အစားအပြောအဆိုကအစ သတိထားသင့်ကြောင်းပြောပြတာပေါ့..
နောက်တစ်လအကြာ ကုန်သည်ကြီးနေမကောင်းလို့  ၇န်ကုန်ကို သားမက်ဖြစ်တဲ့သူကို လွှတ်လိုက်ပါတယ်..
 ရန်ကုန်ရောက်ရင် နေရာတကာလည်လည်ဝယ်ဝယ်ရှိဖို့ သေချာမှာတာပေါ့..
အဲ..ပြီးတော့ ရန်ကုန်က ရွှေရင်အေးဖာလူဒါ  ကိုလည်း သောက်ဖူးတယ် ရှိအောင် ၀ယ်သောက်လာခဲ့ဖို့ မှာလိုက်ပါတယ်.
အဲ့ဒါနဲ့ သားမက်လေး ရန်ကုန်ရောက်လို့ အလုပ်တွေပြီးတော့ ယောက္ခမကြီး ပြောသလို သိပ်ကောင်းတဲ့ ရန်ကုန်က ဖာလူဒါရွှေရင်အေးသောက်ဦးမှ ဆိုပြီး  ဆိုင်တစ်ဆိုင်ထဲ ၀င်သွားပါတယ်..နေ လည်ထမင်းစားချိန်ဆိုတော့ ဆိုင်က
လူကျနေတာပေါ့..
အဲ့ဒါနဲ့ အညာသားလည်း ခုံအလွတ်တစ်လုံးမှာဝင်ထိုင်ပြီး ဟန်ပါပါနဲ့ 
စားပွဲထိုးကောင်လေးကို ...
***ညီလေးရေ...ရွှေရင်အေးဖာလူဒါ တစ်ခွက်****
ခဏလေးနေတော့ စားပွဲထိုးက လာချပေးပါတယ်..
အညာသားလည်း စားပွဲးထိုးလေးချပေးတဲ့ ခွက်ကို သေချာ ကြည့်ပြီး အံ့သြနေတယ်..
ပြီးတော့ ဖြေးဖြေးချင်း သောက်ကြည့်လိုက်တယ်..

ပြီးမှ...***အင်း အဘပြောတဲ့ ရန်ကုန်မြို့ က ရွှေရင်အေးဖာလူဒါဆိုတာ ငါတို့ အညာက ရေလိုပါပဲလား..နည်းနည်းလေး အေးနေတာတစ်ခုပဲ ပိုပါတယ်..ဘာမှလည်း မထူးဆန်းပါဘူး..***
နောက်တော့ ကုန်အောင်မော့သောက်ပြီး ဆိုင်းဘုတ်မှာတင်ထားတဲ့ ရွှေရင်အေးဖာလူဒါဈေးနှုန်းအတိုင်းပိုက်ဆံကိုစားပွဲပေါ်ချပြီး
ဆိုင်ကနေထွက်လာတော့ ဆိုင်ပေါက်ဝ ရောက်ခါနီးမှာ စားပွဲထိုးလေးက

***အစ်ကို အစ်ကိုမှာတဲ့ ရွှေရင်အေးဖါလူဒါ ရပါပြီခင်ဗျ***
***အညာသားက အောင်မာ ဒီရန်ကုန်ကစားပွဲထိုးတွေ ငါ့ကိုတောသားငတုံးထင်လို့ နှစ်ခါရောင်းဖို့ ထင်တယ်..***
ဆိုပြီး ဆိုင်ဘက်မျက်နှာပြန်လှည့်ပြီး
****ဟေ့ မင်းတို့ က ငါ့ကို အညာသားဆိုပြီး နှစ်ခါစားဖို့ ထပ်ခေါ်တာလားကွ  ငါက အညာသား လူပါးကွ နှစ်ခါတော့မရဘူး တစ်ခါပဲရမယ်
မင်းလာချပေးတဲ့ ဖာလူဒါက ငါတို့ အညာက ရေလိုပဲ နည်းနည်းနည်းအေးတာပဲကွာတယ်..ဘာမှမဆန်းဘူး..မင်းတို့ ရန်ကုန်က ရွှေရင်အေး ဖာလူဒါဆိုတာလည်းနောက်ဘယ်တော့မှ ၀ယ်မသောက်တော့ဘူးကွ ***
ဆိုပြီး မျက်နှာထားတင်းတင်းနဲ့ ထွက်သွားပါလေရော..
ဆိုင်ထဲက လူတွေနဲ့ ဖာလူဒါလာချပေးနေတဲ့ စားပွဲထိုးလည်း ကြောင်တောင်တောင်နဲ့ အညာသားထိုင်သွားတဲ့စားပွဲကိုကြည့်လိုက်တော့ ခုနတုန်းက စားပွဲထိုးလေး လာချပေးတဲ့ ရေခွက်အောက်မှာ ဖာလူဒါဖိုးပိုက်ဆံရှင်းထားပါတယ်...
အော်....လက်စသတ်တော့ အညာသားက ရွှေရင်အေးဖာလူဒါလာမချခင် ရွှေရင်အေးဖာလူဒါမရောက်ခင်စားပွဲထိုးလေးက အမောပြေသောက်ဖို့  ရိုးရိုးေ၇အေးလေးတစ်ခွက် အရင်လာချတာကို 
အညာသားကမမြင်ဖူးတဲ့ ရွှေရင်အေးဖာလူဒါလာချတယ်ထင်လို့ သောက်ပြီး
***အညာသား နှစ်ခါတော့မရဘူး တစ်ခါပဲရမယ် ****ဆိုပြီး ရမ်းသွားကိုး....:D

  အညာက အဘဦးညိုတုတ် ပြောပြတဲ့ ဟာသလေးပါ..ကြာတော့လည်းကြာနေပါပြီ..
တစ်ချက်ပြုံးရင် တစ်ရက်အသက်ရှည်တယ်တဲ့..ဖတ်ပြီးနည်းနည်းလေးပြုံးလိုက်နော့်....
 
Written..By... ရွာသူလေးချမ်းချမ်း (ရင်တွင်းဖြစ်) http://www.haymonchan.blogspot.com

Wednesday, July 20, 2011

တိုးတိုး လေးရယ်ဖို့ 

ု(၁) ***အပုန်းကောင်း***

ဖခင်......“သား..ဘာဖြစ်လို့ မိုးရေထဲ ထွက်နေရတာလဲ...
မင်းအမေရော..”

သားငယ်.......“မေမေအိမ်ထဲမှာရှိတယ်.သားကို ရေချိုးပေးဖို့ လိုက်ဖမ်းနေလို့ 
ဒီမှာလာပုန်းနေတာပါ...ဖေဖေ”

............................................................................................................
(၂) ***ပိပိ..ရိရိ***

ကောင်လေး......“ချစ်..မင်းကို မောင်ဘယ်လောက်ချစ်ပြီး အလိုလိုက်တာ သိတယ်နော်
ဒါပေမယ့် ဘယ်လောက်ပဲချစ်ချစ် မင်းသစ္စာဖောက်တယ်လို့ အသံကြားရင်တော့အပြတ်ပဲ.....”

ကောင်မလေး.....“စိတ်ချမောင်...မောင်ဘာမှမသိစေရဘူး”

..........................................................
(၃) ***သူ့ ထက်ကဲ***

ပထမလူ......“ကျွန်တော် ညဘက် အိမ်ပြန်နောက်ကျရင် ကျွန်တော့် မိန်းမ က နာရီကိုပဲ စိုက်ကြည့်နေတာဗျ..ဘာမှပြောလို့ မရဘူး.စိတ်ကောက်တယ်ပေါ့ဗျာ.”

ဒုတိယလူ.....“ ခင်ဗျားကဘာဟုတ်သေးလို့ လဲ...ကျွန်တော်ပြန်လာရင် ကျွန်တော့်မိန်းမက ပြက္ခဒိန် ကိုပဲ လှမ်းလှမ်းကြည့်နေတာဗျ”

.............................................
(၄) ***သွားရာလမ်း***

အရက်သောက်ပြီး ပြန်လာတိုင်း အိမ်က လူတွေကိုပြဿနာ၇ှာတဲ့ ခင်ပွန်းကို..မိန်းမဖြစ်တဲ့သူက သီးမခံနိုင်တဲ့အဆုံး

မိန်းမ....“.ရှင်အရမ်းလွန်နေပြီနော်...ကျွန်မ အမေခမျာလဲ အဲ့ဒီလိုနဲ့ စိတ်ဆင်းရဲလို့ သေရတာရှင့်”

ယောက်ျား....“မင်းလဲ အဲ့ဒီလမ်း လိုက်ချင်သပ ဆိုလည်းလိုက်သွား...မတားဘူး”

..............................................................................................................................
(၅) ***သူ့ တာဝန်***

ပထမလူ......“ဘယ်က ပြန်လာတာလဲဗျ”

ဒုတိယလူ.....“သွားကိုက်လို့ ဗျာ..ဆေးခန်းသွားပြတာ”

ပထမလူ....“ခုကော..သွားက ဘယ်လိုနေသေးလဲ..”

ဒုတိယလူ....“မသိဘူးဗျ..ဆရာဝန်ဖြုတ်လိုက်လို့  သွားက ဆေးခန်းမှာကျန်ခဲ့ပြီ”

................................................................................

(၆) ***သတိရမိတယ်..***
သူကြီး........“ကိုဆမူဆာ..ခင်ဗျားကိုမြင်တော့ ကိုသူရိန်ကို သတိရလိုက်တာဗျာ..”

ရွှေတြိဂံ...“ခင်ဗျားကလဲ ဘာဆိုင်လဲဗျ....သူရိန်က ပုပုလုံးလုံး ကျွန်တော်က ဖြူဖြူ မြင့်မြင့်”

သူကြီး..“မဟုတ်ပါဘူး..သူလည်းကျွန်တော့်ဆီက ခင်ဗျားလို ငွေတစ်သောင်းယူထားလို့ ပါ”

..............................................................................................

(၇) ***ဘာသဘောလဲ..***

မိန်းမဖြစ်တဲ့သူက..
မရခင်တုန်းက မင်းအတွက် အသက်စွန့် ရဲပါတယ်လို့ ပြောပြီး အခုကျတော့ ရှင့်အသက် အာမခံထားမယ့်ကိစ္စကို ဘာလို့  နောက်တွန့် နေရတာလဲ”

....................................................................................

ကိုရင်သြဘာ
၂၀၀၈၊ဇူလိုင်လထုတ်.ရွှေအမြုတေ မှ မျှဝေပါသည်.. .

Post...By........ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com

Tuesday, April 26, 2011

ရှေ့ နေ ဟာသ

(၁).......အလျှောက်ကောင်းတော့..

ရှေ့ နေ..“အခု မင်းအမှုက ကွင်းလုံးကျွတ် လွတ်သွားပြီ ငါ့ကိုအမှန်အတိုင်းပြောပြပါ။မင်းကားခိုးခဲ့တယ်မဟုတ်လား”
တရားခံ...“ဒီမနက် တရားရုံးတော်မှာ ဆရာ့ရဲ့ အံ့အားသင့်စရာ လျှောက်လဲချက်ကို ကြားပြီးတဲ့နောက် ကျွန်တော် မခိုးခဲ့ဘူးလို့ ထင်သွားပြီ”

............................................................

(၂)......ကောင်းကင်ဘုံသို့ သွားရာလမ်း

မကြာခင်က ကျောင်းဆရာ၊အမှိုက်သိမ်းသမား နှင့်ေ၇ှ့ နေ တို့ ဟာကောင်းကင် ဘုံဝ မုခ်ဝကိုရောက်လာကြပါတယ်၊
စိန့် ပီတာက ကောင်းကင်ဘုံကို ၀င်ရောက်ဖို့ တစ်ယောက်ကို မေးခွန်းတစ်ခုစီမေးပါတယ်။
ဖြေနိုင်တဲ့သူကိုသာ ကောင်းကင်ဘုံထဲဝင်ခွင့်ရမှာဖြစ်ပါတယ်။

ပထမဦးဆုံး စိန့် ပီတာက ကျောင်းဆရာကို မေးတဲ့မေးခွန်းလေးက

“ရေခဲတောင်နဲ့ တိုက်မိတဲ့ သဘောင်္ရဲ့ အမည်က ဘာလဲ” ဒါနဲ့ ပက်သက်ပြီးရုပ်၇ှင်ရိုက်ထားတယ်လေ.ကမ္ဘာတောင် ကျော်သွားတယ်”
ကျောင်းဆရာက.“တိုက်တန်းနစ်” သဘောင်္ပါလို့ ဖြေတော့
စိန့် ပီတာက.“မှန်တယ်..မင်း ၀င်လို့ ရပြီ ဆိုပြီးဝင်ခွင့်ပြုလိုက်ပါတယ်”

ပြီးတော့ စိန့် ပီတာက အမှိုက်သိမ်းသမားကို ကောင်းကင် ဘုံမှာ သူနှင့်အတူသယ်ဆောင်လာမည့်
အနံ့အသက်များတကယ်ပင်မလိုကြောင်းတွက်ချက်တော့
ကျောင်းဆရာထက်ပိုခက်တဲ့ မေးခွန်းမေးမယ်လို့ ဆုံးဖြတ်ပြီး မေးလိုက်ပါတယ်..

“သဘောင်္ပေါ်မှာ လူဘယ်နှစ်ယောက် သေဆုံးခဲ့ပါသလဲ” လို့ အမှိုက်သိမ်းသမားကိုမေးတော့..
အမှိုက်သိမ်းသမားကလဲ ကံကောင်းချင်တော့..မကြာခင်ကမှ ပူပူနွေးနွေးကြည့်ထားလို့ 
“၁၂၂၈ ယောက်” ပါလို့  ဖြေလိုက်ပါတယ်၊
စိန့် ပီတာက“မှန်တယ် ..မင်းဝင်လို့ ရပြီ” ဆိုပြီး အမှိုက်သိမ်းသမားကို ၀င်ခွင့်ပြုလိုက်ပါတယ်။

နောက်ဆုံးကျန်တဲ့ေ၇ှ့  နေကိုတော့..
ေ၇ှ့ နေဆိုတာ...စကားအရာမှာ အလွန်လိမ္မာပါးနပ်တယ်ဂျပိုးကို လိပ်ဖြစ်အောင်ပြောနိုင်တဲ့.ဖြတ်ထိုးညဏ်လဲကောင်းကြတော့..
အခက်ဆုံးမေးခွန်းကို မေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်..
စိန့် ပီတာ..“သေဆုံးသွားကြတဲ့ ၁၂၂၈ယေက်တို့ ရဲ့ နာမည်တွေကို ပြောပြပါတဲ့”
ဘယ်ကနေဘယ်လို..စဖြေရမလဲဆိုတာ ရှေ့ နေ မသိတော့ပါဘူး..

ကဲ..ဥပဒေဘွဲ့ ယူထားတဲ့သူများသေဆုံးသွားကြတဲ့၁၂၂၈ ယောက်တို့ ရဲ့ နာမည်လေးများသိရင်ရှေ့ နေကိုကူဖြေလိုက်ကြပါဦး..

ချမ်းချမ်းလဲ မသိဘူး..ဟီး..

ဖတ်ခဲ့ဖူးတဲ့ The Light Magazine က နိုင်ငံခြားဟာသ လေးကို ပြန်လည်ဝေမျှတာပါ..

Post..By...ချမ်းချမ်း(ရွာသူလေး)http://www.haymonchan.blogspot.com

Sunday, April 24, 2011

ရိုးလွန်းတော့လဲ

တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်ရိုးဆိုတဲ့ လူငယ်လေးတစ်ယောက်၇ှိပါတယ်။
မောင်ရိုး က နာမည်လိုက်အောင် ရိုးသားဖြူစင်ပါတယ်။အတန်းပညာမတတ်ပေမယ့်မိဘစကားနားထောင်ပြီးအလုပ်ကြိုးစားတယ်။
မိဘစကားဆိုလဲ မြေ၀ယ်မကျနားထောင်တဲ့သူမို့ သားလိမ္မာလေး လို့ တစ်ရွာလုံးက ချီးမွန်းကြပါတယ်.
မောင်ရိုးတို့ အဖေက အင်္ဂလိပ်ခေတ်တုန်းက ရွာမှာသြဇာ တော်တော်ရှိတဲ့ ကုန်သည်သူဌေးကြီးပါ..
နောက်တော့စီးပွါးပျက်လို့ အကြွေးတွေထူနေတဲ့ ဘ၀ရောက်သွားတာပေါ့.

မောင်ရိုးအဖေမှာက အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်း သူကြီးတစ်ယောက်ရှိပါတယ်.
သူကြီးက ၇ွာအေ၇ှ့ ဘက်မှာနေပါတယ်.မောင်ရိုးတို့ က ရွာအနောက်ဘက် ဘက်မှာဆိုတော့..ဥပုဒ်နေ့ တိုင်း
မောင်ရိုးတို့ အိမ်ကို လာလည်နေကြ။လာလည်တိုင်း. သူကြီးက မောင်ရိုးတို့ အဖေ ချေးထားတဲ့အကြွေးတွေတောင်းပါတယ်။
““သူငယ်ချင်းမင်း ငါ့ဆီက ယူထားတဲ့အကြွေးတွေ များနေပြီကွ..နည်းနည်းပါးပါးလေးဖဲ့ဆပ်ဦး””
မောင်ရိုးတို့ အဖေကလဲ ““အေးပါကွာ ဒီနှစ်နွေရောက်ရင်ပေးမယ်”“ပေးမယ်ဆိုပြီး .တစ်ခါမှ အကြွေးမဆပ်ဘူး။
အဲ့ဒါနဲ့ သူကြီးလဲ..အကြွေးပြန်ရအောင်အကြံထုတ်ပါတယ်..ဒီကောင့်သား မောင်ရိုးက အရမ်းအေးတယ်.
ငါ့သမီးနဲ့ပေးစားလိုက်ရင် ..ငါ့အကြွေးတွေ တောင်းရလွယ်သွားမှာပဲ..ဆိုပြီး .မောင်ရိုးနဲ့ သူ့ သမီးနဲ့ပေးစားဖို့ စကားကမ်းပါတယ်.
မောင်ရိုးတို့ အဖေကလဲ..အကြံနဲ့ ..ဘာအကြံလဲဆိုတော့..ငါ့သားနဲ့  သူ့ သမီး နဲ့ ပေးစားလိုက်ရင်
သူနဲ့ ငါ ခမည်းခမက် တော်သွားပြီ ဒါဆို ငါ့သားမျက်နှာနဲ့ အကြွေး တောင်းရဲမှာ မဟုတ်ဘူးဆိုပြီး
သဘောတူလိုက်ပါတယ်..
မင်္ဂလာပွဲပြီးတော့.လျှောင် နောက် ဆံထုံးပါ ထုံးစံအတိုင်း သူကြီးသမီးက မောင်ရိုးတို့ အိမ် လိုက်နေရပါတယ်.
ဒီလိုနဲ့ ဥပုဒ်နေ့ ရောက်တော့..သူကြီးက သမီးအခြေအနေကို လာကြည့်ရင်း
အကြွေးထပ်တောင်းတယ်..
အမြဲတမ်းလာတောင်းနေတော့..မောင်ရိုးတို့ အဖေလဲ ချွေးမ ကို ရှက်လာလို့ .ဥပုဒ်နေ့တိုင်း သူကြီးကို အတွေ့ မခံပဲ
ေ၇ှာင်နေတော့မယ်လို့  ဆုံးဖြတ်ပြီး .
သားလိမ္မာ လေး မောင်ရိုးကို သေချာမှာပါတယ်.
““သားရေ မနက်ဖြန် မင်းယောက္ခထီး သူကြီးက အကြွေးလာတောင်းရင်လေသူမေးနေကြစကား ကို အဖေ မင်းကို သင်ထားပေးမယ်သိလားအဖေသင်ထားသလိုပဲမင်းပြန်ဖြေလိုက် နောက်အကြွေး လာတောင်းတော့မှာ မဟုတ်ဘူးကွ””
“ဟုတ်ကဲ့ အဖေ.”.
ပထမဦးဆုံးမင်းယောကက္ခထီးမေးမယ့်မေးခွန်းက

မေးခွန်း (၁) ““မောင်ရိုးရေ မင်းအဖေဘယ်သွားလဲ.:?.””
အဖြေ...“ဘုန်းကြီးကျောင်း..သွားပါတယ်ခင်ဗျ”

မေးခွန်း (၂) “မင်းအဖေဘယ်တော့ပြန်လာမလဲ.?”
အဖြေ.... မသိဘူး တစ်ခါတစ်လေ.ကပ္ပိယ နဲ့ အတူ ကျောင်းမှာ အိပ်တယ်.

မေးခွန်း. (၃)“.ငါ့အကြွေး ဘယ်တော့ ပြန်ဆပ်မလဲ?”
အဖြေ....“အဲ့ဒါ အဖေ့ကိစ္စ အဖေ့ဘာသာအဖေရှင်းမယ်”

ကဲ သေချာမှတ်ထားနော် သား အဖြေမမှားစေနဲ့ .ကြားလား
မောင်ရိုးလေးခမျာ အတန်းပညာလဲ မတတ်ရှာ..ရိုးကလဲရိုးတော့ အဖေ ဖြေပြတဲ့ အဖြေကို သေချာ မမေ့ အောင်
အလွတ်ကျက်တာ..
မေးခွန် ““မောင်ရိုးရေ မင်းအဖေဘယ်သွားလဲ.:?.””
“ဘုန်းကြီးကျောင်း..သွားပါတယ်ခင်ဗျ”

မေးခွန်း (၂) “မင်းအဖေဘယ်တော့ပြန်လာမလဲ.?”
မသိဘူး တစ်ခါတစ်လေ.ကပ္ပိယ နဲ့ အတူ ကျောင်းမှာ အိပ်တယ်.

မေးခွန်း. (၃)“.ငါ့အကြွေး ဘယ်တော့ ပြန်ဆပ်မလဲ?”
“အဲ့ဒါ အဖေ့ကိစ္စ အဖေ့ဘာသာအဖေရှင်းမယ်”
လို့ မမေ့အောင် ထပ်ခါထပ်ခါရွတ်နေတာပေါ့.

နောက်နေ့ မနက်စောစောရောက်တော့ မောင်ရိုးတို့ အဖေနဲ့ အမေ အိမ်ကနေ ရှောင်ထွက်သွားပါတယ်။
မောင်ရိုးတို့ လင်မယားနှစ်ယောက်ပဲ အိမ်မှာကျန်ခဲ့ပါတယ်..
မောင်ရိုးယောက္ခထီး သူကြီး ရောက်လာတော့..

(၁) သူကြီး.....“ဟေ့ မောင်ရိုးရေ..မင်းအဖေဘယ်သွားလဲ.”.
မောင်ရိုးကလဲ အဖေသင်ထားတဲ့ အတိုင်း မမှားအောင် သေချာဖြေပါတယ်.
မောင်ရိုး.....“.ဘုန်းကြီးကျောင်းသွားပါတယ်ခင်ဗျ.”

(၂) သူကြီး..........“.အော်..ဒါနဲ့ မင်းအမေရော..”
မောင်ရိုး.......“.မသိဘူးခင်ဗျ.တစ်ခါတစ်လေ ကပ္ပိယ နဲ့ အတူသွားအိပ်တယ်”

(၃) သူကြီး......“ငါ့သမီးဘယ်တော့ မွေးမလဲကွ”
မောင်ရိုး........“အဲ့ဒါ အဖေ့ကိစ္စ အဖေ့ဘာသာအဖေ ပြန်လာရင် ရှင်းမယ်..”တဲ့ 
ကဲ..အဖေ့စကားမြေ၀ယ်မကျနားထောင်တဲ့ သားလိမ္မာလေးမောင်ရိုး ခုတော့...
အဖြေမတတ်လို့ ..အမေလဲကပ္ပိယနဲ့ ..ညားရတဲ့ ဘ၀ရောက်ရော..
..........................................
၈ တန်းတုန်းက ဆရာပြောပြတဲ့ ဟာသ လေးပါ။

ချမ်းချမ်း(ရွာသူလေး)http://www.haymonchan.blogspot.com

Sunday, April 10, 2011

ခေါင်မိုး နဲ့ အမိုး တူပါသလား

တကယ့်အဖြစ်အပျက် လေးပါ။ ချမ်းချမ်း တို့ သူငယ်ချင်း သုံးယောက် အနီးကပ်စာမေးပွဲသွားတက်တဲ့အချိန်တုန်းကပေါ့။
ချမ်းချမ်းတို့  မြို့ လေးကနေ မော်လမြိုင်တက္ကသိုလ် ကိုရောက်ဖို့ တစ်နာ၇ီကျော်လောက်ကားစီးရပါတယ်။
ကားက ဟိုင်းလက်စ် အမိုးနဲ့ ကားတွေပါ။ယောင်္ကျားလေးတွေက ကားခေါင်မိုးပေါ်မှာထိုင်ရပါတယ်။ အမျိုးသမီးတွေက
ကားဝမ်းထဲမှာ အယောက် ၂၀ ကျော်လောက်ထိုင်ရပါတယ်။နယ်မြို့ လေးဆိုတော့ ကားရပ်ဖို့ သီးသန့် ဂိတ်တွေ မရှိဘူး။
လမ်းမှာရှိတဲ့ ခရီးသည်ကတွေ့ တဲ့နေရာမှာတက်စီးလို့ ရတယ်။ လမ်းတစ်လျှောက်မှာတော့ မုကျိ နတ်ကြီးချောင် ကျုံက
၇ွာလေးတွေတော့အများကြီးပေါ့။


နတ်ကြီးချောင်ဆိုတဲ့၇ွာလမ်းဝကနေ တောင်ပေါ်လမ်းကိုသွားရင်
တောထဲမှာတကယ့်ကရင်အစစ်တွေနေတဲ့ ကရင်ရွာလေးတွေတော့အများကြီးပဲ။နတ်ကြီးချောင်ဂိတ်ရောက်ရင်တော့
မြို့ ကိုတက်မယ့် ကရင်၇ွာ လေးက ခ၇ီးသည်ကိုစောင့်ဖို့  ကားကခဏ ရပ်ပါတယ်။ အဲ့ဒီအချိန်မှာ ကားပေါ်ကို
အသက် ၆၀ နီးပါး ကရင်လင်မယား ၂ယောက်တက်လာပါတယ်။ နေ့ လည် ၁၁ နာ၇ီဆိုတော့ နေ လည်းပူနေပြီမို့ 
အသက်ကြီးတဲ့ ကရင်ကြီးကို စပယ်ယာလေးက သနားပြီး ကားခေါင်မိုးပေါ်မတက်ထိုင်ခိုင်းပဲနဲ့ ကားဝမ်းထဲမှာပဲ သူ့ မိန်းမနဲ့ အတူထိုင်ခိုင်းပါတယ်။

ကျုံက ဆိုတဲ့ရွာလေးကိုရောက်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ မိန်းကလေး ၅ ယောက်လောက် ကားပေါ်တက်တော့
စပယ်ယာ မွန်လေးက ကရင်အဖိုးကြီးကို

“ဖထီး..ဖထီး အမျိုးသမီးတွေကားပေါ်တက်လာပြီဗျ ဖထီး အမိုး ပေါ်တက်ထိုင်ပေးလိုက်ပါ”

ကရင်အဖိုးကြီးက..

“ဘာကွ.မင်းဘာစကားပြောတာလဲ စပယ်ယာလေး.ငါ လူကြီးခ ပေးထားတယ်လေ မထိုင်နိုင်ဘူးဝေ့
.မင်းတို့ စပယ်ယာတွေအကြောင်းမသိရင်ခက်မယ်ဝေ့.ခ၇ီးသည်တွေကို ငါးချဉ်လို သဘောထားပြီးတင်ချင်သလိုတင်နေတာဝေ့
ဒီမှာ ငါတို့ အသက်ရှုပေါက်တောင် ပိတ်နေပြီဝေ့”

လို့ စိတ်တိုတိုနဲ့ ပြောထည့်လိုက်တော့
စပယ်ယာမွန်လေးကလဲ ကတိုးကော့နှပ်၇ွာ က မွန်စစ်စစ်..ကရင်အဘ ကလဲ တောင်ေ၇ှ့ ၇ွာက ကရင်စစ်စစ်..
သူစစ် ကိုယ်စစ်ဆိုတော့ ဗမာလို ပြောတာတော်တော်ဝဲပါတယ်..ဘေးကလူတွေတောင် သေချာနားထောင်မှ နားလည်တာပါ။
ချမ်းချမ်းလဲ ဗမာလို မပီပါဘူးမွန်သံဝဲပါတယ်. တချို့ မွန် တွေက သ နဲ့ တ နဲ့ မပီလို့ ဝဲတာ ချမ်းချမ်းက စ နဲ့  ရ နဲ့ မပီတာ

ချမ်းချမ်းကို ““ရှိလားလို့ မေးရင် ရှိတယ်ဆိုရင်တော့ စိတယ်.မရှိဘူးဆိုရင်တော့ မစိ ဘူး””
လို့ ပဲပြန်ဖြေပါတယ်။စ နဲ့  ရ နဲ့ မပီတာလေ .ဟီး..

အခုစပယ်ယာ ကိုမွန်လေး ကလဲ ကရင်အဘိုးကြီးနားလည်အောင်ဗမာလိုနောက်တစ်ခေါက် ကြိုးစားပြောရှာပါတယ်။

““ဖထီး ဖထီးက ယောင်္ကျားလေးပဲ အမိုးပေါ်တက်ထိုင်ပေးလိုက်ပါဗျာ .အမျိုးသမီးခရီးသည်တွေအားနာစရာဗျ””

ကရင်အဘ(ဖထီး)ကလဲ..

““ဟ.စပယ်ယာလေးရ .နင့်အမိုးကိုယ်လုံးက သေးသေးလေးဝေ့ ငါသူ့ အပေါ်တက်ထိုင်ရင် သူခံနိုင်မှာမဟုတ်ဝေ့
ငါက မင်းအဘ (မင်းအဖေ) အ၇ွယ်ရှိတယ်ဝေ့””

အမ်..ကရင်အဘ ပြောတော့မှ ချမ်းချမ်းတို့ အားလုံးပြုံးချင်သွားတယ် မွန် နဲ့ ကရင်ပြောနေကြတာတော့ တစ်ခုခုလွဲနေပြီ..

““အာ..ဖထီး ကျွန်တော်ပြောတာက ဖထီးမိန်းမ အမိုးကိုပြောတာမဟုတ်ဘူးဗျ.ကားခေါင်မိုး. (အမိုး)ပေါ်ကိုပြောတာဗျ””

ကရင်လို အဖေကို (ဖထီး) အမေကို (အမိုး) လို့ ချမ်းချမ်းတို့ ဘက်မှာခေါ်ပါတယ်.
အသက်ကြီးတဲ့ ကိုယ့်အဖေအရွယ် ကရင်တွေကိုတွေ့ ရင် ဖထီး နဲ့ အမိုး လို့ ပဲတော်တော်များများကခေါ်ပါတယ်။
်အခု ကိုမွန်လေးပြောလိုက်တဲ့ စကားကို ကရင်အဘ(ဖထီး)ကြီး ထင်လိုက်တာက

““ဖထီး ဖထီး အမိုးပေါ်တက်ထိုင် အမိုးပေါ်တက်ထိုင်”” ပြောတာကို

““ အဖေ အဖေ အမေ့ပေါ်တက်ထိုင် အမေ့ ပေါ်တက်ထိုင်””

သူ့ မိန်းမ ကရင်အဖွားကြီး ပေါ်တက်ထိုင်ခိုင်းတယ်လို့ ထင်လိုက်တာပါ။
ကားခေါင်မိုး အိမ်ခေါင်မိုးတွေကို အမိုး လို့ ပဲ လွယ်လွယ်နဲ့  ခေါ်နေကြတာလေ။
အခု အမိုး ချင်းမှားသွားတော့ ရှုပ်ကုန်တာပေါ့။

ခေါင်မိုး လို့ ခေါ်တာမှန်လား အမိုးလို့  ခေါ်တာမှန်လား။သူငယ်ချင်းတို့ ကရောဘယ်လိုခေါ်ကြလဲ.အားလုံး ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘ၀လေး ကိုယ်စီ ကိုယ်ငှ ရကြပါစေလို့ ဆန္ဒပြုလျှက်

Written...By....ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com

Sunday, March 27, 2011

လိုင်းမကောင်းလို့ ပါ



ဒီအဖြစ်အပျက်လေးက တကယ့်အဖြစ်အပျက်ပါ..နိုင်ငံခြားမှာနေတဲ့သူတွေ..ကြုံလေ့ရှိတဲ့အဖြစ်အပျက်လေးပေါ.့.
ကောင်းလေးတစ်ယောက်က ပျင်းလို့ ဆိုပြီးအသိတစ်ယောက်ဆီက ကောင်မလေးတစ်ယောက်ရဲ့ Phone နံပါတ်လေးရှိရင် ပေးပါလား Talking လေးပွားချင်လို့ ပါဆြိုပီး.တောင်းပါတယ်..အသိကလည်း Phone နံပါတ် ပေးလိုက်ပါရော..

.အဲ့ဒီလိုနဲ့ Phoneထဲမှာ..ခင်သွားကြတာပေါ့..နောက်တော့သံယောဇဉ်တွယ်ပြီး.
.နှစ်ဦးသဘောတူ..ယူလိုက်ကြပါတယ် နောက်သုံးလေးလအကြာမှာ..ကောင်မလေးရဲ့ ပထမယောင်္ကျား..ရောက်ချလာပါလေရော..ကောင်မလေးကိုလာတောင်းပန်တာပါ.
.နောက်ဆိုကောင်မလေးမကြိုက်တာတွေမလုပ်တော့ပါဘူး..လိမ်မာပါ့မယ် ကြင်နာပါ့မယ်.သူ့ ကို ပြန်လက်ခံပါ...ဆိုပြီးတောင်းပန်နေတဲ့ အချိန်မှာကောင်လေးကလဲအလုပ်ကပြန်အလာပထမယောင်္ကျားနဲတန်းတိုးတာပဲပေါ့..
ကောင်မလေးရဲ့ပထမယောင်္ကျားမှန်းလဲသိရောဒေါသတွေထွက်ပြီးပေါက်ကွဲတော့တာပဲ..

ခင်ဗျား ကျွန်တော့ကိုလိမ်တယ်..ကျွန်တော့ အချစ်ကိုညာယူတယ်..ကျွန်တော့ရဲ့ သိက္ခာကိုစော်ကားတယ်.ခင်ဗျားကိုရည်းစားစကားမပြောခင် ကျွန်တော်က ““မမကအပျိုလားဟင်””လို့ မေးတုန်းကအင်းပေါ့ဆိုပြီးပြန်ဖြေခဲ့တာလေ အခုခင်ဗျားမှာယောက်ျားကြီးနဲ့ ကျွန်တော်သိပ်ရှက်တာပဲ.ခင်ဗျားအရမ်းရက်စက်တယ်.ဆိုပြီး ကလေးလို ငိုရှာတာပေါ့
အဲ့ဒါနဲ့ ကောင်မလေးကနေပြီးကောင်လေးကို ပြန်ဖြေပါတယ်..
“ ကောင်လေးရယ်...အဲ့ဒီတုန်းက ငါပြန်ဖြေခဲ့တာ
အင်း...ပေါ့..ဆိုပြီးခေါင်းညိတ် တဲ့အဖြေမဟုတ်ပါဘူး
အင်...ပေါ့...မောင်လေးရယ်ပါကွယ်...phone လိုင်းမကောင်းလို့ အင်....ကို..အင်းဆိုပြီးအသံတွေထပ်သွားတာ ဖြစ်ပါလိမ့်မယ်ကွယ်..
ငါမင်းကိုမညာခဲ့ပါဘူးကောင်လေးရယ်..”တဲ့ 

ကဲ..သူငယ်ချင်းတို့ ရေ..
Telephone ချစ်သူ..Online ချစ်သူ ရှာမယ်ဆိုရင် သတိတော့ထားရမယ်နော်..
Internet ထဲမှာက လူပေါင်းစုံ စရိုက်ပေါင်းစုံ..မို့ ..ပြောတိုင်းလည်း..အရမ်းမယုံသင့်ဘူး..ကိုယ်ဘာသာ စဉ်းစားပြီးမှ ချင့်ယုံပါနော်..
(လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ)



Written..By....ချမ်းချမ်း(ရွာသူလေး)