Wednesday, July 20, 2011

နံ့ သာပမာ ဖမေတ္တာ

“နံ့ သာပမာ ဖမေတ္တာ”

“နံ့ သာတုံး တို့ မည်သည် မီးရှို့ သူကိုပင်လျှင် မီးကျွမ်းသည်အထိ အနံ့ ဖြင့်မွှေးစေသကဲ့သို့ ၊မိဘတို့ ဟူသည် ကျေးဇူးကန်း
သောသားသမီးများကိုပင်လျှင် သေသည့်အထိကောင်းကျိုးကိုဆောင်တတ်သည်။

ကြက်သားဟင်းပန်ကန်ကိုမြင်လိုက်သည်နှင့် ဦးလှရွှေတစ်ယောက် “ဟင်”ခနဲအာမေဋိတ်သံထွက်သွားပြီးဝုန်းခနဲနေအောင် ထရပ်မိသည်။မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်ချွေးမကြီး ရှိရာဝရံတာကိုစူးစိုက်၍
ကြည့်လိုက်သည်၊ဦးလှရွှေ အသက် (၇၀)ကျော်နေပေမယ့် ဒေါသအရှိန်ကြောင့် ကျားတစ်ကောင်မာန်ဖီသကဲ့သို့ ၇ှိသည်။

“ဒါဟာ..ငါ့သားကို ငါပေးထားတဲ့အမွေတွေကိုထိုင်စားပြီး ငါ့ကိုကျေးဇူးဆပ်တာလား၊ ကျေးဇူးကန်းတဲ့ချွေးမ၊ သွားစမ်းအခုအိမ်ပေါ်က ဆင်းသွားစမ်း” ထိုကဲ့သို့ ပြောလိုက်ချင်သောစကားက ရင်ထဲမှာသာမြည်ဟိန်းသွားပြီး လည်ချောင်းဝမှာပင် တစ်ဆို့ ပျောက်ကွယ်သွားသည်။
“ငါ့အိမ်မဟုတ်တော့ပါလား..ငါရှာထားတဲ့ ထမင်းဟင်းမဟုတ်တော့ပါလား ” ဟူသောအတွေးက ပြောချင်သောစကားကိုအပြင်သို့ ထွက်မလာအောင် ပိတ်ဆို့ ထားသည့်နှယ်။
ဦးလှရွှေတစ်ယောက် အမျက်ဒေါသကို မျိုသိပ်ရင်းဖြင့် ချွေးမကြီးချထားပေးတဲ့ ကြက်သားဟင်းပန်ကန်လေးကိုငုံ့ ကြည့်မိသည်။ဟင်းရည် သုံးဇွန်းစာလောက်နှင့် ကြက်ခြေထောက်ရိုးလေးတစ်ချောင်းက မေတ္တာတစ်ခုသာပိုင်ဆိုင်မှု၇ှိတော့သော ဦးလှရွှေ ကိုပန်ကန်သေးသေးလေးထဲမှာသရော်နေသယောင်ယောင်
ရှိသည်။ကြက်တစ်ကောင်လုံးဝယ်လာတာတွေ့ ပါလျှက်နှင့် ဖခင်အရာ၌ ၇ှိသောယောက္ခမအား ကြက်ခြေထောက်တစ်ချောင်းသာထည့်ကျွေးခြင်းသည် ပရိယာယ်ဖြင့်သူတို့ အိမ်မှာမနေစေချင် မှန်း ရိပ်မိပါပြီ။
ဒေါသအပူကြောင့် အစာအိမ်ပင်လောင်ကျွမ်းသွားလေသလားမသိ၊ ထမင်းစားချင်စိတ်မ၇ှိဘဲ အိပ်ခန်းထဲဝင်လာပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေမိသည်။
“အဆိုးဆုံးကို မျှော်လင့်ထားမှ ဘ၀ဟာ နေပျော်မှု၇ှိတယ်” ဟူသောဆရာတော်၏စကားကိုအရင်ပြောကာစက သဘောမပေါက်မိ၊အခုလက်တွေ့ ကြုံမှ သဘောပေါက်လာသည်။

သြော်...ဆရာတော်ပြောတဲ့စကားဟာ မှန်လိုက်တာ၊ငါဟာ..ဇနီးသည် ဆုံးပြီးကတည်းက နောက်အိမ်ထောင်မပြုပဲ သားသုံးယောက်ကို လူလားမြောက်အောင် ကျွေးမွေးပြုစုထားတာဆိုတော့ သားတွေဆီက
အကောင်းဆုံးရမယ်လို့ ပဲမျှော်လင့်ထားခဲ့တယ်။ သားသမီးတွေကို သေခါနီးမှ အမွေခွဲပေးပါဆိုတဲ့ မိတ်ဆွေတွေရဲ့ စကားကို
အမွေခွဲမပေးမီ ကျွန်တော်အရင်သေသွားရင် သားသုံးယောက်ကို ရန်တိုက်ပေးသလို ဖြစ်နေမှာပေါ့။ဆိုတဲ့စကားနဲ့ ချေဖျက်ပြီး အိမ်ခြံအတွင်းပစ္စည်းအားလုံးကိုပါ မကျန်ခွဲပေးခဲ့မိသည်။
အဖေ့အတွက်တော့ သားကြီး ကတာဝန်ယူကွာ လို့ ပြောခဲ့တဲ့အချိန်တုန်းကတော့
“ဒါဆို ကျွန်တော်က သူတို့ နှစ်ယောက်ထက်ကုသိုလ် ပိုရတာပေါ့..အဖေ” လို့ ပြောခဲ့တဲ့သားကြီး ရဲ့ စကားဟာ နှစ်ဝက်တောင်မခံပါလား၊ ဘာအကြောင်းကြီးငယ်မှမ၇ှိဘဲ သားကြီးစကားမပြောတာ တစ်လတောင်ကျော်သွားပြီပဲ။ သားကြီးကိုယ်တိုင် က စကားမပြောတော့ ချွေးမလဲစေတနာဘယ်၇ှိတော့မလဲ။
ငါကလဲ ငါပဲ..ဆရာတော်က အဆိုးဆုံးကိုမျှော်လင့်ထားရမယ်လို့ ပြောထားတာကို ၊ငါကိုယ်တိုင်က အကောင်းဆုံးကိုပဲမျှော်လင့်မိတာကိုး။
ဦး လှရွှေ ဆက်မတွေးချင်တော့ အိပ်ယာလိပ်လေးထမ်းပြီး ပခုံးပေါ်တင်လိုက်သည်။သားကြီး..ငါ့ဆီလိုက်လာမှပဲ သူ့မိန်းမအကြောင်းပြောလိုက်မည်ဟူသောအတွေးနှင့်သားလတ်အိမ်ဆီသို့ ထွက်လာခဲ့မိသည်။

ဦးလှရွှေ မှာ သားသုံးယောက်၇ှိပါတယ်။သားသုံးယောက်မှာ နာမည်သီးသန့် ရှိပေမယ့် ကိုကြီး ၊ကိုလတ် ၊ကိုငယ်လို့ ပဲခေါ်ပါတယ်။
သားသုံးယောက်လုံးအိမ်ထောင်ကျပြီးကတည်းက ညီအစ်ကိုသုံးယောက် စောင့်ရှောက်ပြီးနီးနီးနားနားနေနိုင်ရန်
ရပ်ကွက်ထဲက တစ်လမ်းထဲက ခြံများကို ဦးလှရွှေ ၀ယ်ထားပေးတော့ တစ်အိမ်နဲ့ တစ်အိမ် တစ်ခေါ်ထက်ပင် ပိုနီးပါသည်။
ခြံဝင်းထဲဝင်လိုက်သည်နှင့် မုန်ညင်းစိုက်ရန် မြေဆွနေသော သားလတ် ကိုတွေ့ လိုက်ရသည်။
“သား..ကိုလတ်”
ဦးလှရွှေ ခေါ်သံကြားလိုက်သည်နှင့် ကိုလတ် က ပေါက်ပြားကို အသာချကာ အနားသို့ လျှောက်လာပြီး..

“အဖေ..ကိုကြီး တို့ နဲ့ ဘာဖြစ်လို့ လဲ“

“ဘာမှမဖြစ်ပါဘူးကွာ”ကိုလတ်ကိုသတိရလို့ တစ်လှည့်လာနေချင်းသေးလို့ ပါ”

“ဟာ..၀မ်းသာလိုက်တာအဖေရာ..ကျွန်တော်ကလည်းအဖေစိတ်ပြေလက်ပြောက် အပြောင်းအလဲလေးဖြစ်အောင်
လာခေါ်ပြီးနေခိုင်းဦးမယ်လို့ စိတ်ကူးထားတာ အခုအဖေကိုယ်တိုင်လာတော့ ပိုအဆင်ပြေသွားပေါ့”

ဤကား ဦးလှရွှေ ကြားချင်သောစကား၊သို့ သော်..ကိုလတ် ပြောလိုက်တာက..

“တစ်လမ်းထဲနေကြတာပဲ အဖေရာ ဘယ်အိမ်နေနေပေါ့..ဘာကွာမှာလဲလို့ ၊ အလကား အဖေ ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ”

ကိုလတ် ပြောသောစကားသည် မှန်တော့လည်းမှန်ပါသည်။
သို့ သော်..ဦးလျရွှေ ကြားချင်သောစကားမဟုတ်၊အဖေ့ကို ဥစ္စာပစ္စည်း အစားအစာနှင့်မနှစ်သိမ့်ချင်လည်းနေပါ။
အရင်းအနှီးမစိုက်လိုက်ရပဲနဲ့ စကားလေးနဲ့ တော့ နှစ်သိမ့်ပေးစေချင်ပါတယ်သားရယ် ဟူသော စကားက ဦးလှရွှေ ရင်ထဲမှာသာ ပြောရင်းဝေ့တက်လာတဲ့မျက်ရည်စကို ကိုလတ် မမြင်အောင် မျက်တောက်ဖြင့်ကပြာကယာပုတ်ခတ်ကာ မျက်နှာကိုတစ်ဖက်သို့ လွှဲနေလိုက်သည်။
အိမ်ပေါ်ရောက်တော့ ၀တ္ထုထိုင်ဖတ်နေသော ချွေးမအလတ် ကိုတွေ့ လိုက်ရသည်။ဦးလျရွှေ ကို ၀မ်းပန်တသာကြိုဆိုဖို့ နေနေသာသာ ထိုင်နေရာကတောင် ထမလာခဲ့ပါ။ကိုလတ်က ဘုရားခန်းေ၇ှ့ ဖျာခင်းပြီး အိပ်ယာလိပ်ကိုချကာ နေရာပြင်ပေးသည်။နေရာပြင်ပေးသောအခါမှပင် ချွေးမက ၀တ္ထုစာအုပ်မှ မျက်နှာခွာပြီး

“သြော်....အဖေလား..”ဟု ဆိုပြီးဝတ္ထု ဆက်ဖတ်နေသည်၊
အဖေနေရာမှာ၇ှိတဲ့ယောက္ခမကို သက်မဲ့ဝတ္ထုလောက်ပင် အလေးထားမခံရသောအခါ ကိုယ့်ကိုယ်ကို သိမ်ငယ်သောစိတ်က ဦးလှရွှေ တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။ သားကြီး နှင့်ပက်သက်သောခံစားချက်တို့ ကို အားရပါးရ ရင်ဖွင့်လိုက်မည်ဟူသည့်ရည်ရွယ်ချက်မှာလည်း ဘယ်ကိုရောက်သွားမှန်းမသိတော့။

”“ကဲ..အဖေ.လဲစိတ်ချမ်းချမ်းသာသာနဲ့ နေပေါ့ ၊ကျွန်တော်အလုပ်ဆက်လုပ်လိုက်ဦးမယ်။”

ဘာဥစ္စာပစ္စည်းမှမရှိတော့သော ဖခင်သည် သူစိုက်နေသော မုန်ညင်းခင်းလောက်ပင် တန်ဖိုးမရှိဟူသော အဓိပ္ပါယ်
ကို သားလတ်က အမူအယာဖြင့်ပြောသွားကြောင်း ဦးလှရွှေ သဘောပေါက်ပါသည်။

“အို..ငါ့ကိုစကားလုံးလုံးမပြောတာထက်စာရင် တော်သေးတာပေါ့”ဟုဆိုကာ ကိုယ့်ကိုယ်ကိုယ် အားပေးကာ သိမ်ငယ်စိတ်ကို ကြံဖန်ပြေဖျောက်လိုက်သည်။
ကိုလတ်တို့ အိမ်မှာ ဦးလှရွှေ ရောက်နေတာ သုံးလခန့် ပင်ရှိနေပါပြီ။
“မိဘဟူက ရှုမ၀ ဆိုတာမရှိ..ရင်သွေးဟူက ရှုမ၀ ” ဟုသာရှိသောကြောင့်ဦးလှရွှေကို ကိုကြီးက
တွေ့ ချင်စိတ်မရှိပေမယ့် ဦး လှရွှေက ကိုကြီးကို တွေ့ ချင်၊ရှာချင်နေမိသည်။
သူ့ ကိုလာခေါ်မည်ထင်သော ကိုကြီး ကား တစ်ခေါက်မှရောက်မလာခဲ့ပါ၊အော်..သူ့ အလုပ်ကိစ္စတွေနဲ့ ရှုတ်နေလို့ မလာနိုင်တာနေမှာပေါ့လေ ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်သည်။
ကိုလတ်တို့ အိမ်မှာနေသားတကျဖြစ်နေစဉ်မှာပင် ..တစ်နေ့ တော့...

“အဖေ...သားတို့ မိသားစုအားလုံး ဘုရားဖူးသွားကြမလို့ ၊ဆယ်ရက်လောက်ကြာမယ်၊ခရီးကဝေးတော့အဖေလဲလိုက်နိုင်မှာမဟုတ်ဘူး၊အိမ်မှာနေခဲ့လည်းစားရေးသောက်ရေးက ခက်လိမ့်မယ်၊ဒါ့ကြောင့် ကိုငယ် တို့ အိမ်မှာ ခဏပြောင်းနေလိုက်ပါဦး”
သူတို့ အိမ်မှာနေပြီး သူတို့ လုပ်စာ စားနေရသော ဦးလှရွှေ တစ်ယောက်ဘာများပြောနိုင်မည်နည်း၊အသာခေါင်းညိတ်ကာ အိပ်ယာလိပ်လေးမပြီးသားငယ်တို့ အိမ် ထွက်လာခဲ့မိသည်။

သားငယ် ရော သူ့ ဇနီး ပါ လိုလိုလားလား ကြိုဆိုကြတော့ ဦးလှရွှေယောက် ကြည်နူးမိပါသည်။သားငယ်လေးနဲ့ ဇနီးက စိတ်သဘောထား ကောင်းတော့ သားငယ် တို့ အိမ်မှာပဲ တစ်သက်လုံးနေတော့မယ်လို့ ဆုံးဖြတ်လိုက်မိသည်၊သို့ သော်..ထိုဆုံးဖြတ်ချက် သည် ဆယ့်ငါးရက်ခန့် သာခံသည်။
အကြောင်းကာ...ကိုလတ်တို့ ဘုရားဖူးမှပြန်လာသည်အထိ လာမခေါ်သောတော့သောကြောင့်ပါတည်း။အစက ကိုလတ် တို့ ဇနီးမောင်နှံ ဘုရားဖူးပြန်မလာခင် ဆယ်ရက်သာ ဦးလှရွှေ ကိုကျွေးထားရမည် ဟုထင်သောကြောင့်ဝမ်းပန်းတသာ ရှိနေကြခြင်းဖြစ်သည်။

ကိုငယ်ဖြစ်သူမှာ ဦးလှရွှေ ကို စကားပြောဆိုသောအခါ အရင်လို ဟက်ဟက်ပက်ပက် ပင်မ၇ှိတော့သောကြောင့် ချွေးမက ဦးလှရွှေကို ဆူဆူဆောင့်ဆောင့် လုပ်လာသည်။ချွေးမကြီးနှင့်ချွေးမလတ်တို့ ၏ဒဏ်ကို ခံလာဖူးတော့ ဦးလှရွှေ တစ်ယောက် အရေထူနေပြီဖြစ်၍ ခါတိုင်းလောက်တော့မခံစားရတော့ပါ။
ငါ့ကိုနှင်ထုတ်သည့်အထိတော့ မဆိုးကြပါဘူးဟု နှလုံးသွင်းကာ မသိမသာပင်နေလိုက်သည်။ကိုငယ်အိမ်မှာ နေတာ သုံးလကျော်လောက် ကြာသောအချိန်မှပင် နှင်ထုတ်သည်ထက် ပိုမိုထိရောက်သော စကားကိုကြားသွားခဲ့သည်။

ထိုညက ဦးလှရွှေ ခေါင်းကိုက်နေသဖြင့် ကောင်းကောင်းအိပ်မပျော် ဆယ့်နှစ်နာ၇ီခွဲခန့် တွင် အပေါ့သွားရန်ရေအိမ်သို့ အသွား ကိုငယ် တို့ အခန်းမှာ ငြင်းခုန်ပြောဆိုနေသောစကားသံများကို ကြားရသဖြင့်.ခဏရပ်၍ နားစွင့်မိသည်။

“မြင့်က စေတနာ မ၇ှိလို့ ပြောမဟုတ်ဘူး ၊မတရားဘူးထင်လို့ ပြောတာ၊၇ှင်တို့ ညီအစ်ကို သုံးယောက် ကိုအမွေခွဲဝေပေးတုန်းက သားအငယ်ဆုံးလေးဆိုပြီး တစ်ပြားတစ်ချပ်မှ ပိုပေးတာမဟုတ်ဘူး၊တန်းတူပဲခွဲပေးတာပဲ၊စားစရာ ရှိတော့ ရှင့်ဆီမှာဘဲ အမြဲတမ်းစားမယ်ဆိုရင် ဘယ်တရားပါ့မလဲ...”
ဦးလှရွှေတစ်ယောက်ဆက် လက်နားထောင်နိုင်စွမ်းမရှိတော့ ရေအိမ်ဆီသို့ ပင်ခပ်သွက်သွက်ပင်လျှောက် လှမ်းသွားမိသည်။
...........................................................................................................................................
့ရပ်ကွက်အတွင်းဦးသိန်းတို့ အိမ်မှာ အာရုံဆွမ်းကပ်ဖိတ်ထားသည်။ကိုငယ်က ကွမ်းယာဆိုင်ထွက်နောက်ကျမှာစိုး၍ ဦးလှေ၇ွှသွားရန်တာဝန်လွှဲပေးလိုက်သည်။မိုးလင်းမှ အေးအေး ဆေးဆေးထွက်လာခြင်းဖြစ်၍ တရာနာမမှီတော့ စားသောက်နေကြသော ဧည့်သည်များကိုသာတွေ့ ရသည်။ဦးလှရွှေကိုတွေ့ သည်နှင့် ဦးသိန်းက ၀မ်းသာအားရကြိုဆိုကာ
စားပွဲဝိုင်းတစ်ခုတွင်နေရာချပေးသည်။မုန့် ဟင်းခါးဖြင့် ဧည့်ခံနေသည်ကိုတွေ့ ရသည်။
စားပွဲ၌ ရပ်ကွက်တွင်းမှ ဦးထွန်းရီ၊ ဒေါ်သိန်းရင် နှင့် ဦးမောင်ကို တို့ ကိုတွေ့ ရသည်။
စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေဆွေးနွေးရင်းနဲ့ သားသမီးတွေအကြောင်းပြောမိတော့..

ဒေါ်သိန်းရင်က..“ ကျွန်မသား မောင်စိုးတင့် ကတော့အရမ်းလိမ္မာတဲ့သား .အားကိုးရတဲ့သားရှင့်..မွေးရကျိုးနပ်တဲ့သားပေါ့”
ဟုပြောလိုက်ရာ..ဦးမောင်ကို က “ဘယ်လိုကြောင့်လဲဗျဒေါ်သိန်းရင်ရ ဆိုစမ်းပါဦး ”

“ကြည့်လေ..အသက်သုံးဆယ်အရွယ်ထိလည်း မအေကိုလုပ်ကျွေးတယ်။ တစ်ခါအိမ်ထောင်ကျသွားပြန်တော့လည်း ကျွန်မကိုလိုလေသေးမ၇ှိအောင်ထောက်ပံ့တုန်း သူ့ မိန်းမကိုလည်းအပြီးပြောထားသတဲ့၊ငါ့အမေကိုထောက်ပံ့လို့ မကျေနပ်ရင်
မင်းကိုချက်ချင်းကွာမယ်တဲ့၊မိန်းမဆိုတာအစားထိုးလို့ ရတယ်၊အမေဆိုတာအစားထိုးလို့ မရဘူးတဲ့။”

ထိုစကားကိုဦးထွန်းရီ ကလည်းထောက်ခံသည်။
“ဟုတ်တာပေါ့ဗျ၊မိဘဆိုတာဘယ်မှာအစားထိုးလို့ ရပါ့မလဲ၊ဂျပန်ရောက်နေတဲ့ကျွန်တော့်သား အငယ်ကောင် အေးမင်းလည်းအိမ်ထောင်ကျလို့ အိမ်ခွဲသွားပေမယ့် ရတဲ့လစာလေးကို တစ်ဝက်ခွဲပေးနေကြပါ.
လစဉ်ပို့ ပေးနေကျဗျ”

ဦးထွန်းရီနဲ့ ဒေါ်သိန်းရင်တို့ နှစ်ယောက်ရဲ့ သားသမီးအတွက်ဂုဏ်ယူဝင့်ကြွားစွာပြောနေတာကို ကြေကွဲစွာနဲ့ နားထောင်နေရတဲ့သူက ဦးလှရွှေပေါ့၊ ဟုတ်တာပေါ့ သူတို့ သားသမီးတွေကိုအမွေမှမခွဲပေးရသေးတာကိုး၊

ဦးထွန်းရီက“ ဦးလှရွှေက ကျွန်တေယ်တို့ ထက်ပိုကံကောင်းမှာဗျ။သူ့ မှာ အားကိုးရတဲ့သားချည်းသုံးယောက်တောင် ရှိတယ်ဗျ၊အကုန်လုံးကိုယ်ပိုင်အလုပ်တွေနဲ့ ၊ပိုပြီးအားကိုးရမှာပေါ့..ဟုတ်တယ်မဟုတ်လားဦးလှရွှေ”။

သည်လိုဆိုပြန်တော့လည်း ဦးလှရွှေ သူ့ သားတွေကိုမျက်နှာမပျက်စေချင် ၊ဂုဏ်တက်စေချင်သည်၊

ထို့ ကြောင့်..“ဟာ..အားကိုးရတာပေါ့ဗျ၊ညီအစ်ကိုသုံးယောက်က သူကျွေးထားမယ်၊ငါကျွေးထားမယ်နဲ့  ငြင်းခုန်နေကြလို့ 
အခုတစ်လှည့်စီလိုက်နေပေးရတာလေ”
နောက်နေ့ မှစပြီးအလျှုအိမ်မှာ ဦးလှရွှေပြောထားသေားစကားအတိုင်းဖြစ်လာခဲ့ပါသည်။ကိုကြီးတို့ လင်မယား အကျအနပင်လာခေါ်သွားသည်။နေ့ စဉ်ကျွေးမွေးလိုက်သည်မှာလည်း ရွာဦးကျောင်းက ဘုန်းကြီးဝိုင်းပင်ရှုံးလောက်သည်။ပြုစုယုယလိုက်သည်မှာလည်း ရကာစလင်မယားပင်ရှုံးလောက်သည်။တစ်လလောက်ကြာတော့ ကိုလတ်က လည်း ဦးလှရွှေကိုလာခေါ်ပြန်သည်။သားများကိုတစ်လှည့်စီကုသိုလ်ရစေချင်သော ဦးလှရွှေ မှာကိုလတ် နဲ့ သွားနေချင်ပေမယ့် ကိုကြီးက မထည့်၊ညီအစ်ကိုနှစ်ယောက် အချင်းချင်းစကားများမှာစိုးရိမ်လို့ ရပ်ကွက်ကြီးကပဲတစ်ယောက်တစ်လစီ ပြုစုကြဖို့ အကြံပေးလိုက်ပါသည်။
ကိုလတ်တို့ အိမ်မှာ နေပြီး တစ်လအကြာ ကိုငယ်က ဦးလှရွှေကို လာခေါ်ပြန်ပါသည်။ကိုလတ် က လုံးလုံးပြန်မထည့်၊ကိုငယ်က သားတစ်ယောက်ဖြစ်သော သူ့ ကိုလည်း ပြုစုခွင့် ပေးသင့်ကြောင်းတောင်းခံသည်။ ကိုလတ်က ခွင့်မပြု၊ထိုအခါ ကိုငယ်က ရပ်ကွက်လူကြီးအား တိုင်စာတင်လိုက်သည်၊ရယူလိုမှုကြောင့်တင်သော တိုင်စာများတွင် ဖခင်အားပေးဆပ်ကျွေးမွေးလိုမှုကြောင့် တိုင်သော ကိုငယ် ၏စာက ရပ်ကွက်ထဲတွင်မက တစ်၇ွာလုံး
သို့ ပါနာမည်ကြီးသွားခဲ့သည်။ ကုငယ်၏တိုင်စာမှ စာပိုဒ်တစ်ခုမှာ ဆရာတော်တစ်ပါးရေးထားပေးဟန်တူသည်။ အတွေးအခေါ်အနှစ်သာရ အလွန်ပြည့်ဝနေသည်။
ထို့ ကြောင့် ထိုစာပိုဒ်လေးကို မိဘတော်တော်များများ က ကူးယူ၍ သားသမီးမျုးကိုသြ၀ါဒပေးကြောင်းသိရသည်။

ထိုစာပိုဒ်လေးမှာ ..
၁။ မိဘများအသက်ထင်၇ှားရှိနေသေးခြင်း
၂။ မိမိကိုမှီခိုနေချိန်လည်းဖြစ်ခြင်း
၃။မိမိက မိဘကိုကျွေးမွေးပြုစုလိုသောသဒ္ဓွါတရားရှိခြင်း
၎။ ပြုစုကျွေးမွေးနိုင်သောပစ္စည်းဥစ္စာ၇ှိခြင်း

ဤ အချက်လေးချက်နှင့်ပြည့်စုံမှသာ သားသမီးက မိဘကိုပြုစုကျွေးမွေးခွင့်ရပါသည်။
ကျွန်တော့် မှာ နံပါတ် ၂ အချက်မှလွဲ၍ ကျန်အချက်များပြည့်စုံနေပါသဖြင့် ဖခင်ဦးလှရွှေ မသေမီ ပြုစုလုပ်ကျွေးခွင့်ရရန် ဖခင်ဦးလှရွှေ အား ကျွန်တော်၏နေအိမ်သို့ ခေါ်ခွင့်ပြုရန် လျှောက်ထားအပ်ပါသည် ရပ်ကွက်လူကြီးမင်းခင်ဗျာ။
ထို့ ကြောင့် ရပ်ကွက်လူကြီးက ညီအစ်ကိုသုံးယောက်လုံးတစ်ယောက်တစ်လစီပြုစုလုပ်ကျွေးကြရန် ဖြန်ဖြေပေးလိုက်သဖြင့် ဦးလှရွှေ တစ်ယောက် ကိုငယ်အိမ်သို့ ရောက်သွားသည်။မိဘကိုအလုအယက်လုပ်ကျွေးချင်နေကြသော သူတို့ ညီအစ်ကို သုံးယောက်၏သတင်းမှာ သမိုင်းဝင်သွားသည်။

အရင်ကသူ့ အပေါ်စေတနာမ၇ှိကြသော သားများယခုအခါကျမှဘာ့ကြောင့် စေတနာ မေတ္တာ ထားလာကြလဲဆိုတာ ဦးလှရွှေ မှ တစ်ပါးမည်သူမှမသိပါ။အလှုမှပြန်လာတော့ ပထမဦးဆုံး ကိုကြီးနှင့် နှစ်ယောက်ချင်းတွေ့ ဆုံပြီး...
“ကိုကြီးကိုသားသုံးယောက်ထဲမှာ အကြီးဆုံးမို့ အားအကိုးဆုံးအချစ်ဆုံးပါ။အဖေ့ကိုပြုစုတဲ့နေရာမှာလည်း စေတနာအ၇ှိဆုံးမို့ အဖေကွယ်လွန်ခဲ့ရင်
အဖေအုံးအိပ်တဲ့ ဒီခေါင်းအုံးကိုအရယူပါ...”လို့ အတွင်းစကားကို တစ်ခါသာပြောလိုက်ရသည်။ ကိုကြီးက ကိုငယ်အိမ်မှ ချက်ခြင်းလာခေါ်သွားသည်မဟုတ်ပါလား။
ထိုအချိန်ကတည်းက ဦးလှရွှေမှာ...သွေးတိုးနှင့် နှလုံးရောဂါ ၇ှိနေပြီဖြစ်သောကြောင့် ကိုယ့်ကိုယ် ကိုသိပ်မကြာ တော့ဘူးဆိုတာသိထားသည်။ထို့ ကြောင့် ကိုကြီး နဲ့ တစ်လနေပြီး သားလတ်သူရိန်ကို ကိုကြီးကိုပြောထားတဲ့အတိုင်းနှစ်ယောက်တည်းတီးတိုးပြောလိုက်သောအခါ ကိုလတ်က မရမက လာခေါ်ပြန်သည်၊နောက်မကြာခင် ကိုငယ်ကို လည်းထိုစကားကိုပင်ပြောလိုက်ရာ ယခုကိုငယ်တို့ အိမ်ကို ရောက်ခဲ့ပြန်ပါသည်။“ဆင်ဖြူတော်ကို မှီပြီးကြံစုပ်တဲ့ စကားပုံ” ကိုဦးလှရွှေ အတွက်တစ်မျိုးပြောင်းရလျှင် “ခေါင်းအုံးတစ်လုံးကိုမှီပြီး ထမင်းစားရသည်”လို့ ။
သားငယ် အိမ်တွင်နေပြီးတစ်လအကြာ ကိုကြီး တို့ အိမ် ပြန်ရောက်ကာစမှာပင် ဦးလှရွှေ တစ်ယောက် ရောဂါဖောက်လာခဲ့သည်။ထိုအချိန်ကို စောင့်နေကြချင်း တူသောကြောင့် ညီအစ်ကိုသုံးယောက်မှာ ဦးလှရွှေအနားက တစ်ဖ၀ါးမှမခွာကြတော့။
သူတို့ ညီအစ်ကို၏ မျက်လုံးတွေက အမှတ်တမဲ့ကြည့်လျှင် အသက်ထွက်ခါနီး ဆန့် ငင်ဆန့် ငင် ဖြစ်နေသောဦးလှရွှေ မျက်နှာကိုကြည့်နေသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းကြတော့ ဦးလှရွှေထားသော ခေါင်းအုံး ကိုသာစိုက်ကြည့်နေကြခြင်းဖြစ်သည်။
ချောင်းတဟွတ်ဟွတ်ဆိုးပြီး သလိပ်များတဝေါဝေါနှင့် သုံးချက်ခန့် ထွက်ပြီး နောက်တစ်ချက်တွန့် ခနဲ ဖြစ်သွားကာ ဦးလှရွှေ အသက်ထွက်သွားလေပြီ။ဦးလှရွှေ အသက်ထွက်ပြီး ငြိမ်ကျသွားသည်နှင့် ကိုကြီး မှာ အသင့်ထား ထားသော ခေါင်းအုံးအသစ်ကလေးနှင့် ဦးလှရွှေ အုံးထားသော ခေါင်းဦး နှင့်လဲယူလိုက်ရာ သားလတ်က...

“ကိုကြီး အဲ့လိုမလုပ်ပါနဲ့ ။ဒီခေါင်းဦးကို အဖေသေရင် ယူဖို့ ကျွန်တော့်ကိုသေချာမှာခဲ့တယ်” ဟုပြောရာ
ကိုကြီးက...“ဟ..ငါ့ကိုလည်း သေချာမှာထားတယ် သူသေရင် ဒီခေါင်းဦးကိုအရယူပါလို့ မှာထားတယ်” ဟု ပြန်ပြောလိုက် စဉ် ကိုငယ် က
“ကျွန်တော့်ကိုလည်းအဖေက မှာထားတယ်၊သူသေသွားရင်ခေါင်းအုံးကို ယူလိုက်ပါတဲ့။ဒါ့ကြောင့် ကျွန်တော်နဲ့ လည်းဆိုင်တယ်။
ဟု အငြင်းအခုန် ဖြစ်နေကြသောကြောင့် ရပ်ကွက်လူကြီးပါခေါ်ပြီးရှင်းရသည်။ရပ်ကွက်လူကြီးက ဦးလှရွှေမသေခင် ညီအစ်ကို သုံးယောက်အညီအမျှ တစ်ယောက်တစ်လစီ ပြုစုခဲ့ကြသလို ယခုဦးလှရွှေ ချန်ထားခဲ့သော ခေါင်းအုံးအား သုံးယောက်အညီအမျှခွဲဝေကြပါဟုဖြန်ဖြေပြီး ခေါင်းဦးအားဓါးဖြင့်ခွဲလိုက်ရာ အခန်းထဲတွင်လဲမှို့ များဖွလန်ကြဲသွားသည်။ ခေါင်းဦးအတွင်းနှံ့ စပ်အောင် ရှာဖွေသော်လည်းစိန်၊ရွှေ၊ငွေ၊၇တနာ တစ်ခုမှမတွေ့ ပါ။အတန်ကြာမှ စာရွက်အဟောင်းလေးတစ်ရွက်တွေ့ ကြသည်။
အားတက်သွားပြီးစာရွက်လေး အားအမြန်ဖြန့် လိုက်ကြသည်။မြှုပ်ထားသောရတနာများရှိရာ ညွှန်ပြသည့်မြေပုံစာရွက်ဟူသောအထင်ဖြင့် ရပ်ကွက်လူကြီးက အသံကျယ်ကျယ်ဖြင့်ဖတ်လိုက်သည်မှာ..

“သားတို့  အဖေ့လိုမခံစားကြလေအောင် ကိုယ့်သားသမီးကို မသေခင် အဝေးကြီးကတည်းက အမွေခွဲမပေးကြပါနှင့်”
စာပိုဒ်တိုလေးအဆုံးတွင် ရပ်ကွက်လူကြီးများ မှာ ဘာမှ နားမလည်နိုင်ကြသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။အကြောင်းသိဖြစ်ကြသော ကိုကြီးတို့ ညီအစ်ကိုသုံးယောက်မှာသာ ရင်ထဲတွင်လှိုက်ခနဲဖြစ်သွားပြီး မျက်ရည်များတတွေတွေစီးကျလာသည်။
ရွာသူကြီးက ..
ကိုကြီးတို့ ဒီစာပိုဒ်လေးဟာ ဦးလှရွှေ ဘ၀ နဲ့ ရင်းပြီး မှ ရခဲ့တဲ့ အတွေးအမြင် သြ၀ါဒ အသိပညာအမွေတစ်ခုပဲ။မင်းတို့ ကို နောက်ဆုံးပေးခဲ့တဲ့ တန်ဖိုးဖြတ်မရတဲ့အမွေပေါ့ကွာ။ဒါပေမယ့်ဒီအဆုံးအမရဲ့ ဆိုလိုရင်းအပြည့်အစုံကို ကျန်ခဲ့တဲ့မင်းတို့ ပဲသိမယ်။
ကြားက တို့ တွေပါသိအောင် မင်းတို့ နည်းနည်းရှင်းမပြနိုင်ဘူးလား။ဟုမေးလိုက်ရာ..ညီအစ်ကိုသုံးယောက်ထဲက မည်သည့်ဖြေရှင်းချက်မှ ထွက်မလာခဲ့ပါ။နောင်လည်းဘယ်တော့မှ ဖြေ၇ှင်းပြလိမ့်မည်မဟုတ်ပါ။

မေတ္တာရှင်...ရွှေပြည်သာ(ဘ၀နှင့်ရင်းရသောအတွေးအမြင်များ)

Post....By....ချမ်းချမ်း(ရွာသူလေး).http://www.haymonchan.blogspot.com

1 comment:

မဒမ်ကိုး said...

ငရဲအကုန်သွားမယ့်သားတွေပါလားနော်..

ကောင်းလိုက်တဲ့ပိုစ့်လေးပါ
ညီမလေးရေ
အားပေးသွားပါတယ်
ခင်မင်လျှက်
မဒမ်ကိုး