Friday, December 21, 2012

♫♥✿မြန်မာပြည်ကို ချစ်ပါလျှင် ♫♥✿


မှုခင်းသတင်းလေးတစ်ခုကြားပြီးကတည်းက ရင်ထဲတော်တော်လေးမကောင်းတာနဲ့ သူငယ်ချင်းတို့ ကို ရင်ဖွင့်တာပါ...
မြန်မာလူမျိုး နှစ်ယောက် တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောကျာ်းလေး.. မိန်းကလေး
နာမည်က နန်းဝင်း လို့ သူတို့ ခေါ်ကြပါတယ်..သူတို့ နှစ်ယောက်လုံးက ဈေးထဲမှာ လှည့်ပြီး ပစ္စည်းတွေ
ငွေတွေဖုန်းတွေ လစ်ရင်လစ်သလို ခိုးနေတာ..တစ်နေ့ တော့ သူတို့ လုပ်ရပ်တွေကို ပတ်ဝန်းကျင်မြန်မာတစ်ယောက်က ရိပ်မိပြီး ရဲကို အကြောင်းကြား
ပါတယ်..တိုင်တဲ့သူက ဘာလို့ တိုင်ရလည်းဆိုတော့ ကိုယ့်မြန်မာနိုင်ငံ ကိုယ့်မြန်မာလူမျိုး သိက္ခာကျမှာ မလိုလားလို့ ပါတဲ့..သူတို့ လိုအကျင့်ပျက်မြန်မာ
တွေကြောင့် တစ်ကယ်ရိုးသား ကြိုးစားတဲ့ မြန်မာတွေလည်း သိက္ခာကျပါတယ်.နိုင်ငံလည်း သိက္ခာကျပါတယ် လို့ သတင်းပေးတဲ့ အစ်မကြီးက
ပြန်ပြောပါတယ်...

..လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကလည်း..ဈေးထဲမှာဈေးရောင်းနေတဲ့ ကရင်မလေးတစ်ယောက်
အသက်က ၁၈ နှစ်တောင်မပြည့်သေးပါဘူး..သူ့ ဆိုင်ရှင်ရဲ့ အတွင်းပစ္စည်း ရွှေတွေ၁၀ ကျပ်သားလောက် ခိုးပြီးထွက်ပြေးသွားပါတယ်.
.ပြန်ဖမ်းမိတဲ့ အချိန်မှာ ကရင်မလေးက သူ ခိုးထားတဲ့ ပစ္စည်းတွေ ကုန်သွားပြီ.လို့ ပြန်ပြောတော့ သူ့ သူဌေးက
 ဒီသူခိုးမကို မြန်မာပြည် ပြန်ပို့ လိုက်လို့ ပဲ စိတ်တိုတိုနဲ့ ပြောပါတယ်.ထောင်လဲမချလိုက်ပါဘူး..မြန်မာပြည်ပဲ ပြန်ပို့ လိုက်ပါတယ်.
နောက်တစ်မှုကတော့ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးတစ်ယောက် သူ့ ချစ်သူ နဲ့ ပေါင်းပြီး အိမ်ရှင်အပျိုကြီး.ဖြစ်တဲ့ ရဲမေကို သတ်ပြီး ပစ္စည်းတွေခိုး
ပြီးထွက်ပြေးတာ ရဲတွေလိုက်ဖမ်းတဲ့အခါမှာ ယောကျာ်းလေးက လွတ်ပြီး မိန်းကလေးက မိသွားပါတယ်..

နောက်အမှူကတော့ ကရင်ဘုန်းကြီးတစ်ပါး အသက်က ၃၅ လောက်၇ှိပါပြီ..ထိုင်းမှာအနေကြာတော့ ထိုင်းမှတ်ပုံတင်တောင် ရထားပါပြီ..မြန်မာမှတ်ပုံတင်လည်း
၇ှိပါတယ်..ကိုယ်တော်က နေ့ လည်ဘက် ကျောင်းထဲမှာနေပြီး ညဘက်မှာ သင်္ကန်းချွတ် အကျီ င်္ဝတ်အပြင်ထွက်ပြီး မိန်းမပျက်တွေနဲ့ ပျော်ပါတယ်..
အဲ့ဒီလိုနေတာကြာတော့ မိန်းမပျက်တွေနဲ့ ရင်းနှီးသွားလို့  သင်္ကန်းတောင်မချွတ်တော့ပါဘူး..ညဘက် တောင် ထွက်ပြီး အပျော်ရှာပါတယ်..ပတ်ဝန်းကျင်က
သတိထားမိတော့ ရဲကို အကြောင်းကြားပါတယ်..ရဲက မိန်းမပျက်ကိုအရင်မေးပါတယ်..ညဘက်ဘုန်းကြီး လာတာ တစ်ကယ်ဟုတ်မဟုတ်
မိန်းမပျက်ကလည်း ၀န်ခံပါတယ်။။ အဲ့ဒီနောက် ရဲက မိန်းမပျက်ကိုအကူအညီတောင်းပါတယ်.အကျင့်ပျက် အယောင်ဆောင် အချောင်ဘုန်းကြီးကို ဖမ်းတာ ကူညီ
ပေးဖို့ ပေါ့၊၊ မိန်းမပျက် နေတဲ့ အိမ်မှာ ရဲတွေက လျှို့ ဝှက်ကင်မရာ တပ်ထားပါတယ်..ညဘက် ဘုန်းကြီးရောက်ပြီး အိမ်ထဲကို ၀င် ပြီး မိန်းမပျက်နဲ့ ဈေးညှိနေတဲ့
အချိန်မှာ အပြင်က အသင့်စောင့်နေတဲ့ ၇ဲတွေက ၀င်ပြီး ဖမ်းလိုက်ပါတယ်။
အဲ့ဒီလို အကျင့်ပျက် အချောင်နေအချောင်စားတဲ့ ဘုန်းကြီးတွေကြောင့် တစ်ကယ် ကိုယ်ကျင့်တရားထိန်းသိမ်းနိုင်တဲ့ တခြား သံဃာတော်တွေ
ဂုဏ်ညှိုးပါတယ်..သာသနာ ညှိုးပါတယ်.။အဲ့ဒီလို အကျင့်ပျက် ဘုန်းကြီးတွေများလာလေ..လူတွေက င်္သဃာတော်တွေကို အရိုအသေ နည်းလာလေပါပဲ..
.ကိုယ့်ကြောင့်
သံဃာ့ဂုဏ်ညှိးတာ မတွေးမိကြဘူးလား မသိဘူးနော် ကိုယ့်အတွက်လဲ အကျိုးမ၇ှိ ..သာသနာအတွက်လဲ အကျိုးမရှိ.ပါဘူး..

နောက်သတင်းတွေကတော့..မြန်မာအမျိုးသမီးတွေ ထိုင်းနဲ့ တရုတ်မှာ ပြည့်တန်ဆာအဖြစ်ရောင်းစားခံရတာ..ကလေးတွေ ရောင်းစားခံရတာ
တော်တော်များတယ်..
သေချာတွေးကြည့်ရင် မြန်မာပြည်က လူတွေ နိုင်ငံခြားမှာ ရောင်းစားခံရတယ်ဆိုတာ နိုင်ငံခြားသားတွေက လာဝယ်တာမဟုတ်ဘူးပါဘူး..
ကိုယ့်နိုင်ငံသားတွေကပဲ သွားရောင်းတာပါ..ကိုယ့်ထမင်းတစ်ဝမ်းဝဖို့  ကိုယ့်လူမျိုး
..ပြန်ရောင်းရဲတဲ့ လူတွေကို ကျွန်မတော်တော် အံ့သြတယ်..

.ဒီသတင်းကို ကျွန်မ ဘာလို့ ပြောပြနေရလဲဆိုတော့ ကျွန်မတို့ မြန်မာလူမျိုးတွေ ရေမြေခြားမှာနေရတဲ့အခါ..
ကျွန်မတို့ ရဲ့ အပြုအမူအကောင်းအဆိုးမှန်သမျှ ကျွန်မတို့ ချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီး နဲ့ 
အမျိုး ဘာသာ သာသနာလဲ ထပ်တူထပ်မှ ကောင်းကျိုး ဆိုးကျိုးခံစားနေရပါတယ်.
.ကျွန်မတို့ မကောင်းတာ လုပ်ရင် ကျွန်မတို့ ကို သူများနိုင်ငံကလူတွေက အမေပေးတဲ့နာမည်မတပ်ပါဘူး..
မြန်မာပြည်မှာမွေးခဲ့လို့ မြန်မာလူမျိုးဆိုတဲ့ နာမည်ပဲတပ်ပါတယ်..မြန်မာပြည်မှာ လူမျိုး ၈ မျိုးရှိတာလဲ သူတို့ မသိဘူး..
သူတို့ သိတာ မြန်မာပြည်က လာရင် မြန်မာပါပဲ..စဉ်းစားကြည့်လေ တော်တော် ၀မ်းနည်းရလေပဲ..
..
အခုလဲ ကျွန်မတို့  မြန်မာနိုင်ငံသားတွေ ကမ္ဘာအနှံ့ မှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်ရတဲ့ခါ..အထူးသတိထားရမှာက
 ကိုယ့် အမိနိုင်ငံတော် ဂုဏ်မညှိုးအေင် ကိုယ်ကျင့်တရားနဲ့ သိက္ခာကို အပျက်မခံပါနဲ့ လား..မြန်မာလူမျိုးတွေဟာ သူခိုးမျိုး..၊  _ါသည်မျိုးမဟုတ်ပါဘူး..
ကိုယ့်ကြောင့် မြန်မာနိုင်ငံ မြန်မာလူမျိုး သူများအထင်သေးတာမဖြစ်ပါစေနဲ့ ..ကိုယ့်အမျိုး ဘာသာ သာသနာကို စည်းစိမ်တွေပုံပြီး ပေးကမ်းမှ စောင့်ရှောက်
ကာကွယ်တာမဟုတ်ပါဘူး...ကိုယ့်၇ဲ့ ကိုယ့်ကျင့်တရားနဲ့ အသိစိတ်ဓါတ်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုး၇ှိအောင်နေရင်ပဲ..လုံလောက်ပါပြီ..
ကျွန်မတို့ ဘိုးဘွားတွေ တစ်ချိန်တုန်းက ကြွေးကြော်ခဲ့တာ *** သခင်မျိုးဟေ့ တို့ ဗမာ.*** .ဆိုတဲ့ စကားပါ..
***သူခိုးမျိုးဟေ့...တို့ ဗမာ.***...***လူလိမ်မျိုးဟေ့ တို့ ဗမာ***...  *** _ါသည်မျိုးဟေ့ တို့ ဗမာ *** မဟုတ်ပါဘူးနော်...
***ငါးခုတ်မတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ***တယ် ဆိုတဲ့ စကားဟာ လူတွေရဲ့ ဝါးလုံးရှည်နဲ့ ရမ်းတဲ့ အတွေးကြောင့်လား..မသန့် ရှင်းတဲ့ ငါးခုတ်မက
ကိုယ့်တစ်ကောင်ကြောင့် အများပါ ပုတ်မယ်ဆိုတာ မတွေးမိလို့ လားဟင်..:(   :( 
http://www.youtube.com/watch?v=anxEV6z2NH4
Written..By ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်) http://www.haymonchan.blogspot.com

1 comment:

http://wwwtrueornot.blogspot.com/ said...

ပြောရမယ်ဆိုရင်တော့ ပြောပြစရာတွေ တပုံကြီးပဲ